ကျွှန်တော် Trojan Horse ရဲ့ ကွန်ပျုတာနှင့်မသက်ဆိုင်သော သမိုင်းဇာတ်လမ်းလေးကို အစကမပြောမလို့ပဲ။ လူတိုင်းသိတယ်ထင်လို့ပါ။ ဒါပေမဲ့ မသိတဲ့လူတွေရှိရင် ဒါလေးသိရင် ပိုပြီးနားလည်မယ်ထင်လို့ ထည့်ရေးလိုက်တာပါ။
ဒါက Trojan War လို့ခေါ်တဲ့ Greek နှင့် Troy ၁၀ နှစ်ကြာ စစ်ပွဲမှာ Troy တွေရဲ့ ၁၀ နှစ်ကြာအဝိုင်းခံနေရတဲ့ Greek ကသူ့မြို့ကို စွန့်ခွါသွားတဲ့ ပုံစံနှင့် ဟန်ဆောင်ပြီး ဂရိစစ်သည်အချို့ကို ကြီးမားတဲ့ မြင်းရုပ်ကြီးထဲထည့်ပြီး ထားခဲ့ပါတယ်။ Troy တွေက စစ်အောင်တဲ့ အထိမ်းအမှတ်နဲ့ မြင်းရုပ်ကြီး သူတို့မြို့ကြီးထဲ သွင်းခဲ့တယ်။ ညကျတော့မှ စစ်သည်တွေဟာ ထွက်လာပြီး ဂရိမြို့တံခါးကိုဖွင့်ပြီး တိတ်တဆိတ်ပြန်လာတဲ့ ဂရိစစ်တပ်အတွက် တံခါးဖွင့်ပေးခဲ့ပါတယ်။ ထို့နောက် Troy တွေရဲ့ ဝိုင်းခံထားရတဲ့ ဂရိတွေဟာ စစ်ပွဲကို ပြီးဆုံးယုံတာမက Troy တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီမှာ လှည့်စားမှုက မြင်းရုပ်ပါ။ ဒီ Trojan Horse ရုပ်ထုကိုတာ Troy တွေသူတို့မြို့ထဲ မသွင်းခဲ့ရင် Troy တွေအနိုင်ရနိုင်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့ အားနည်းမှုကို သူတို့ဘာသာဖွင့်ပေးအောင် ထောင်ချောက်ဆင်ခဲ့နိုင်ပါတယ်။ ဘယ်လောက်လှပတဲ့ လုံခြုံရေးအားနည်းချက်ကို မိမိကိုယ်တိုင်ဝင်ခွင့်ပေးအောင်လုပ်တဲ့ လှည့်စားမှုဆိုတာ လူတိုင်းခံစားမိမှာပါ။
ဒီလိုပါပဲ။ ကွန်ပျုတာစနစ်တော်တော်များများကို ချိုးဖောက်ပေးဖို့ကူညီတာက ဒီ Trojan Horse Program လေးတွေပါ။ Trojans တွေဟာ တစ်ပတ်မှာရာနဲ့ချီပြီး ထွက်ရှိနေတာပါ။ ထက်ထွက်လာတဲ့ program တွေကလဲ အရင်ထက် ပိုပြီးကောင်းအောင် ဖန်တီးထားနိုင်ပါတယ်။ Trojans တော်တော်များက Windows based PCs တွေကို တိုက်ခိုက်ဖို့ ဦးစားပေးရေးထားကြတာပါ။
Trojan ဆိုတာ ဟက်ကာတွေကို စာဖတ်သူဧ။် ကွန်ပျုတာကို လုံးဝထိန်းချုပ်နိုင်ခွင့်ပေးတဲ့ Program သေးသေးလေးတစ်ခုပါပဲ။ Trojan ဆိုတာ တစ်ကယ်တမ်းတော့ သူ့ဘာသာသူ နေရင် အန္တရာယ်မပေးနိုင်တဲ့ Program ပါ။ ဒါပေမဲ့ ပျက်ဆီးဖို့အတွက် အများကြီးကူညီပေးပါတယ်။
Trojans တွေလုပ်ဆောင်ပေးနိုင်တဲ့ အဓိကထင်ရှားတဲ့ လုပ်ငန်း ၆ ရပ်က
[list=1]
- Remote Accessing (မိမိဧ။်ကွန်ပျုတာကို တစ်ခြားအသုံးပြုသူအတွက် အဝေးတစ်နေရာမှ အသုံးချနိုင်အောင်ပြုလုပ်ပေးခြင်း)
- Data Destruction (အချက်အလက်များ ဖျက်ဆီးပစ်ခြင်း)
- Downloader (မိမိဧ။် ကွန်ပျုတာပေါ်မှ အချက်အလက်များကို တစ်ခြားတစ်နေရာသို့ ပေးပို့နိုင်ရင် ကူညီပေးခြင်း) မှတ်ချက် - သားကောင်ဖက်ဆိုရင် Uploader သဘောဖြစ်ပြီး၊ ဟက်ကာဖက်က Downloader သဘောပါ။
- Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
- Security Software Disabler (မိမိဧ။် ကွန်ပျုတာပေါ်မှာ လုံခြုံရေးအတိုင်းအတာများကို အလုပ်မလုပ်ရန်ပြုလုပ်ခြင်း)
- Denial of Service attack (DoS) (မိမိဧ။် ကွန်ပျုတာမှ တစ်ခြား ကွန်ရက်ပေါ်မှ ကွန်ပျုတာများကို DoS attack ဖြင့်တိုက်ခိုက်ခြင်း) မှတ်ချက် - ဟက်ကာတစ်ယောက်ဟာ သူဧ။် ထိန်းချုပ်မှုအောက်မှ သားကောင်များကိုအသုံးပြု၍ တစ်ခြားကွန်ရက်ကို တိုက်ခိုက်ရာတွင် အသုံးပြုပါသည်။ BotNet Attack ခေါ်တဲ့ နေရာမှာ အသုံးချပါတယ်။ Grid Computing ဆိုတဲ့ နည်းပညာကလာတဲ့ အတွေးအခေါ်လေးတစ်ခုပါ။ Grid Computing ဆိုတာ ကွန်ရက်နှင့် ချိတ်ဆက်ထားသော ကွန်ပျုတာများဧ။် စွမ်းရည်ကို ဝေငှသုံးစွဲ၍ လုပ်ငန်းများကို စွမ်းအင်မြင့်မြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ကျွှန်တော့်ဆီမှာ Distribute Password ဖေါ်တဲ့ Software ဟာ ဒီလိုမျိုးလုပ်ပေးပါတယ်။
[list=1]
- ကွန်ပျုတာပေါ်က ဒေတာတွေကို ဖျက်ပစ်ခြင်း၊ အပေါ်ကနေ ထပ်ရေးခြင်း
- အသုံးပြုတူက သိရှိ၍ Trojan ဖျက်ပစ်ပါက ထပ်ပြီး Trojan ကို ပြန်သွင်းခြင်း
- ဖိုင်တွေကို cryptoviral extortion attack လို့ခေါ်တဲ့ နည်းပညာဖြင့် (Encrypt) ဝှက်စာပြုလုပ်ခြင်း။ ဒါကဘာလဲဆိုတော့ Trojan ရေးတဲ့ ကိုယ်တိုင်လူမှ ဒါမှမဟုတ် ဒီ Attack ကိုလုပ်တဲ့ လူကသာပြန် Decrypt လုပ်နိုင်ခြင်းပါ။ နောက်ပိုင်း Backdoor ပြုလုပ်တဲ့နည်းလမ်းကို ဒီနည်းပညာနဲ့အဆင့်မြှင့် ထားပါတယ်။ ဘာထူးခြားလဲဆိုတော့ Trojan ကနေ Backdoor ကိုဖွင့်ပေးထားတဲ့ Port ကို တိုက်ခိုက်တဲ့လူကလွဲရင် သုံးလို့မရပါဘူး တစ်ယောက်ကတွေ့ရှိခဲ့ရင်တောင် ဘယ်လိုမှကာကွယ်၊ ဖယ်ရှား၊ စစ်ဆေးလို့မရပါဘူး။
- နောက်ထပ် Adware, Spyware, and Viruses များကို အလွယ်တကူသွင်းလို့ရအောင် ကူညီပါတယ်။
- Keylogger အနေဖြင့် အသုံးချခြင်း (keylogger ဆိုသည်မှာ စာဖတ်သူရိုက်လိုက်တဲ့ keystrokes တွေကို Hacker ဆီပို့ပေးခြင်း) အထင်မသေးပါနဲ့ ဒီနည်းနဲ့ စာဖတ်သူဧ။် Bank Info၊ Personal Life တွေပါသွားနိုင်ပါသည်။
- Phising ပြုလုပ်ခြင်း (စာဖတ်သူကိုလည်းကောင်း၊ စာဖတ်သူ IP ကိုအသုံးပြု၍ တစ်ခြားသားကောင်များကို လှည့်ဖြားရာတွင် အကာအကွယ်ပြုလုပ်ခြင်း)
- DDoS attack တွင် စာဖတ်သူဧ။် စက်ကို Zombie အနေနှင့်အသုံးခြခြင်း
- Fake Email Accounts များ၊ Email Servers များ စာဖတ်သူဧ။် စက်ပေါ်တွင် တည်ဆောက်ခြင်း (သို့) စာဖတ်သူဧ။် Email Account ကိုအသုံးပြု၍ Spam များပို့ဆောင်ခြင်းတို့ ဖြစ်ပါသည်။
အထင်ရှားဆုံးထဲက Trojans တွေထဲက နှစ်ခုကတော့ Netbus နှင့် Sub7 တို့ဖြစ်ပါတယ်။ Trojans တိုင်းကဲ့သို့ Netbus မှာ နှစ်ပိုင်းပါဝင်ပါတယ်။ Client နှင့် Server အပိုင်းပဲဖြစ်ပါတယ်။ Server အပိုင်းကတော့ စာဖတ်သူရဲ့ စက်ကို သုံးစွဲရန် ဟက်ကာက စာဖက်သူစက်ပေါ်မှာ သွင်းပေးရတဲ့ Program ပါ။ ထိုသို့ပြုလုပ်ရန် ဟက်ကာတစ်ယောက်က ဘယ်လိုချိုးဖောက်မလဲဆိုတော့
ချိုးဖောက်ခြင်း
ရည်မှန်းချက် : အလားအလာရှိတဲ့ သားကောင်ကို ရွေးချယ်၍ Server ကို သားကောင်ကိုယ်တိုင် သားကောင်ဧ။်စက်ပေါ်တွင် သွင်းစေရန်ကြိုးစားခြင်း
နည်းလမ်း ၁
Server file (ဥပမာ အားဖြင့် netbuserver.exe ဟုကျွှန်တော် ဒီမှာ ခေါ်ဆိုပါမည်) ကို စာဖတ်သူဧ။် email သို့ပေးပို့ခြင်း။ ဒီနည်းဟာ ရှေးအကျဆုံးနည်းပါ။ ဒါပေမဲ့ ဒါကို သတိမမူလို့ ထောင်ချက်ထဲကျလာတဲ့ သားကောင်တွေ ခုထက်ထိ မနည်းပါဘူး။ ဒီလိုလေး လွယ်လွယ်လေးလုပ်နိုင်ပါသည်။ ဟက်ကာသည် အထက်ပါ file ကို Game File ဟုဆို၍လည်းကောင်း၊ ပျော်စရာ File တစ်ခုဟု ပြောဆိုကာ ပေးပို့လိုက်ပါမယ်။ ဒါပေမဲ့ ဘာမှမပေါ်လာပါဘူး စာရေးသူ ဖွင့်ကြည့်သောအခါ။ (သံသရ ဖြစ်စရာပါပဲ )
စာရေးသူ ဒီလိုမျိုး ကိုယ်မသိတဲ့ File ကိုမသိပဲနဲ့ Double Click လုပ်ပြီး ဖွင့်ကြည့်ပြီးတော့ ဘာမှမမြင်ရတာ ဘယ်နှစ်ကြိမ်ရှိလဲ စဉ်းစားကြည့်ပါ။
ဒီအချိန်မှာ ဘာဖြစ်ခဲ့လဲဆိုတော့ Server ဆိုတဲ့ File ကို စာဖတ်သူဧ။် စနစ်ပေါ်မှာ သွင်းပြီးသွားပြီ ဖြစ်ပါတယ်။ နောက်ထပ် လုပ်စရာလိုတာကတော့ Client ဆိုတဲ့ File ကို ဟက်ကာကနေ Run လိုက်ပြီး စာဖတ်သူဧ။် စနစ်ကို ဆက်သွယ်ရုံပါပဲ။ ဒီအချိန်ကစပြီး စာဖတ်သူဧ။် စနစ်ကို စာဖတ်သူဧ။် ကွန်ပျုတာရှေ့မှာ ထိုင်သုံးကဲ့သို့ပါပဲ။
ဒီလိုမျိုး လုပ်တာများလာလို့ လူတွေသတိထားမိလာသောအခါ အရမ်းကို ညဏ်စူးရှတဲ့ ဟက်ကာတွေက ဒုတိယနည်းလမ်းကို ပြောင်းသုံးကြပါတယ်။
နည်းလမ်း ၂
စာဖတ်သူဟာ စာဖတ်သူရဲ့ သူငယ်ချင်းဆီက ဆိုပြီး Flash Games တွေဘာတွေ ဘယ်နှစ်ခါရဘူးပါလဲ။ Saddam ကို ဗုံးကြဲတာတို့ Osama Bin Ladin ကို သေနတ်နဲ့ပစ်တာတို့ ဘာတို့ပါ။ Script တွေပါတဲ့ Power Point File တို့ပေါ့။ ဒီလိုမျိုးဟာတွေ ကိုသုံးပြီး စာဖတ်သူဧ။် စက်ကိုထိန်းချုပ်ခွင့်ရရန် ကြိုးစားနိုင်ပါသည်။
Server ဆိုတဲ့ Trojan နှင့် အမှန်အကန် File တစ်ခုကို ပေါင်းစပ်ပြီး Output File တစ်ခုအနေနှင့် ပြုလုပ်ပေးနိုင်တဲ့ Programs တွေရှိပါတယ်။ ထို Software တွေက File တစ်ခုအနေနှင့်ထုတ်ပေးပါတယ်။ ဥပမာအနေနဲ့ တင်စားရရင် ဖျော်ရည်ထဲကို ဆေးခပ်သလိုပေါ့ဗျာ။ ဥပမာ Coke နှင့် ခေါင်းခါဆေး ရောထားတာကို ကြိုက်တဲ့အမည်တပ်လို့ရသလို ပေါ့ ဟက်ကာကလဲ ဒီလိုလုပ်ပါလိမ့်မယ်
Chess.exe + netbuserver.exe = <insert whatever file name you want here.exe> or <chess.exe> အနေနှင့်ထပ်ပေးလို့ရပါတယ်။ ဒါက Chess.exe အစစ်တော့မဟုတ်ဘူး ဒါပေမဲ့ Chess.exe ပါပဲ။ ကွဲပြားပုံကို အသိသာဆုံးက File Size နဲ့ ဆုံးဖြတ်လို့ရပါတယ်။
The original file: chess.exe size: 50,000 bytes
The new file (with Trojan): chess.exe size: 65,000 bytes
ဒါကို ဟက်ကာ တစ်ယောက်ဟာ တစ်ယောက်ယောက်ဆီပို့လို့ရအောင် ၁၀ စက္ကန့်အတွင်း လုပ်ယူလို့ရပါတယ်။ ဒါဆိုရင် netbuserver.exe ပါနေတဲ့ chess.exe ကို နှိပ်လိုက်ရင် စာဖတ်သူကွန်ပျုတာ ပေါ်မှာဖွင့်လိုက်ရင် ဘာဖြစ်မလဲ။
အဖြေကတော့ chess game က ပုံမှန်အတိုင်းပဲ ပွင့်လာပါလိမ့်မယ်။ ဒီအကြိမ်မှာတော့ စာဖတ်သူက သံသယဖြစ်မှာ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူထင်တဲ့အတိုင်း ပေါ်လာလို့ပါ။ ဒါပေမဲ့ စာဖတ်သူ မသိလိုက်တာကတော့ chess game ပွင့်လိုက်တဲ့ အချိန်မှာပဲ netbuserver.exe ကိုတစ်ခါတည်း သွင်းပြီးသားဖြစ်ပါတယ်။
Trojan ဖြင့် ထိခိုက်ခံရတဲ့ ကွန်ပျုတာဟာ ဒီ အချက်အလက်တွေကို ဟက်ကာဆီပြန်ပို့ပါလိမ့်မယ်။
Username : ဟက်ကာတွေက စာဖတ်သူကို ခေါ်တဲ့ Nickname ပါ။
IP Add : စာဖတ်သူ ကွန်ရက်ကို ဆက်သွယ်ရင်ရတဲ့ လိပ်စာပါ။
Status : စာဖတ်သူ Online လား Offline လား ကို ဟက်ကာကို အသိပေးနိုင်ပါတယ်။
ဒါကြောင့် Dial Up ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကွန်ရက်နှင့် ချိတ်ဆက်မှုရှိတာနဲ့ Program က သူ့ဘာသာသူ အသိပေးမှာပါ။ စာဖတ်သူက ဒါတွေဘယ်လိုဖြစ်နိုင်မလဲ မေးခွန်းရှိပါလိမ့်မယ်။ အပေါ်မှာ ဖေါ်ပြထားတာက ဘယ်လိုထိန်းချုပ်နိုင်လဲထဲက နည်းလမ်းတစ်ချို့ပါ။
ခုဆက်လက်ရေးမှာကတော့ ဟက်ကာတွေက စာဖတ်သူဆီ trojans တွေဘယ်လိုပို့နိုင်လဲ ဆိုတာပါ။
News Group
မြန်မာပြည်က လူတွေကတော့ အသုံးပြုတဲ့လူရှားမှာပါ။ Articles တွေကို Newsgroup မှာတင်ပြီး Attachment တွေကို ဖွင့်ကြည့်ရန် လိမ်လှည်ထားခြင်း
Forums
ဒါကတော့ အထူးတလည် ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ကျွှန်တော်တို့ မြန်မာဆိုင်ဘာမှာတော့ ဒါတွေမရှိပါဘူး။ ဒါပေမဲ့ တစ်ချို့ကျွှန်တော်သုံးတဲ့တစ်ခြား Forums တွေမှာ တစ်ချို့ user တွေက စကားလုံးတွေ Link တွေရဲ့ နောက်မှာ Injection Code တွေလက်တည့်စမ်းပြီး ထည့်ထားပါတယ်။
Chat Channels (IRCs) and Instand Messengers (IMs such as GTlak, MSN, Jabbers, and Yahoo)
တစ်ချို့ Chat Server တွေမှာ Join တာနှင့် File Name.exe၊ File Name.jpg.vbs ဆိုပြီး File တွေ မိမိကွန်ပျုတာကို ပို့ခံနိုင်ရပါတယ်။ သတိမထားမိတဲ့ အချိန်မှာ နှိပ်မိသွားနိုင်ပါတယ်။ IMs တွေကတော့ ခုချိန်မှာ အများဆုံးပို့တဲ့ နေရာတွေပါ။ ဝမ်းနည်းဖို့ကောင်းတာက စစ်တမ်းတစ်ချို့အရ 80% အသုံးပြုသူတွေဟာ သတိမထားမိပါဘူး။ ဥပမာ အနေနှင့် thayetmyo ဆိုပြီးလား Gtalk ကနေ ပြန့်တဲ့ Vrius လား၊ Worm လား၊ မသိခေတ်စားလိုက်ပါသေးတယ်။ ကျွှန်တော်ကတော့ တစ်ခါမှ မခံရတော့ ဘာအမျိုးအစားလဲ မသိလိုက်ပါဘူး။
ဒါကတော့ ကျွှန်တော် အထူးတလည် မပြောတော့ပါဘူး။
Unsafe Web Sites
တစ်ချို့ Official မဟုတ်တဲ့ site တွေမှာ အများဆုံးတွေ့ရပါတယ်။ အဲလိုမျိုး Site ကနေ Download လုပ်လိုက်တဲ့ file တွေကို ဂရုထားသင့်ပါတယ်။
[HIGHLIGHT=#000000]စကားချပ် - မပူပါနဲ့ ဒီမှာ Cracked Software တွေ ဒိုင်ခံတင်ပေးတဲ့ ကိုဖက်ဆီ၊ ကိုကောင်း၊ မြင်တဲ့အတိုင်း ဒါကဖြန့်ဝေလို့ရတဲ့ နည်းတွေထဲက တစ်ချို့ပါ။ အဲ နောက်ဆုံး ကျွှန်တော်စဉ်းစားမိတာကတော့ Social Networking Sites တွေကပါ။ ဥပမာ Friendster, Facebook, and My Space လိုမျိုးတွေကပါ။ ဟိုတစ်လောတုန်းကတောင် ဘော်ဘော်တစ်ယောက်ရဲ့ ကောင်မလေးစက် Friendster ကနေ တစ်ဆင့် Injected လုပ်ခံရတာကို မှတ်မှတ်ရရ Clean ပေးလိုက်ရပါသေးတယ်။
ဒီ ဒုတိယ အခန်းကို ဖတ်ပြီးတော့ စာဖတ်သူအရင်ကထက် ကွန်ရက်ပေါ်က အလားအလာရှိတဲ့ အန္တရာယ်တွေကို ပိုပြီးသတိထားမိလာမယ်လို့ မျော်လင့်ပါတယ်။ နောက်တစ်ခန်းမှာတော့ ဘယ်လို file အမျိုးအစားတွေကို လက်ခံနိုင်လဲရင် အန္တရာယ်နည်းလဲကို ပြောပြပါသွားမယ်။
Credit : đęЩюΉų№të® (MM Cyber)
0 comments:
Post a Comment