Monday, 8 April 2013

1. Hardware conflict



Windows crashes ဖြစ်နိုင်တဲ့အကြောင်းအရာအများကြီးထဲမှာမှ အဖြစ်နိုင်ဆုံး အကြောင်းရင်းတစ်ခုက ဟာ့ဒ်ဝဲအချင်းချင်းအဆင်မပြေဖြစ်တာပါပဲ။
ဟာ့ဒ်ဝဲတစ်ခုစီအတွက်ကွန်ပျူတာကို ချိတ်ဆက်တဲ့အခါမှာ ဘယ်လမ်းကြောင်းကနေချိတ်ဆက်မလဲဆိုတဲ့Interrupt Request Channel (IRQ) တွေ သတ်မှတ် ထားတာရှိပါတယ်။



ပစ္စည်းတစ်ခုချင်းစီအတွက်သီးသန့်လမ်းကြောင်းတွေရှိပြီးသားပါ။
အများဆုံးအသုံးပြုတာတွေကတော့………..ဒီလိုဗျ။
IRQ 0

System Timer
IRQ 1

Keyboard
IRQ 2

Cascaded with IRQ 9
IRQ 3

Default COM2 and COM4IRQ 4


Default COM1 and COM3
IRQ 5

LPT2
IRQ 6

Floppy Drive Controller
IRQ 7

LPT1
IRQ 8

Real Time Clock
IRQ 9

SEE 2
IRQ 10

Open
IRQ 11

Open
IRQ 12

PS/2 mouse or Open
IRQ 13

Math Coprocessor
IRQ 14

Primary Hard Drive controller
IRQ 15

Secondary Hard Drive controller

Devices တွေအများကြီးတပ်လိုက်တဲ့အခါမှာ၊ ဒါမဟုတ် ဟာ့ဒ်ဝဲအတွက် Driver ကိုမှန်မှန်ကန်ကန်မတင်ခဲ့တဲ့အခါမျိုးမှာအဲဒီ Devices တွေထဲကနှစ်ခုက IRQ လမ်းကြောင်းတစ်ခုတည်းကို အတူတူ request လုပ်တာ မျိုးဖြစ်တတ်ပါတယ်။

       အဲဒီ Devices တွေကို တစ်ခုချင်းသုံးနေတဲ့အချိန်မှာ ပြဿနာမရှိပေမယ့်နှစ်ခုလုံးကိုပြိုင်တူသုံးတဲ့အခါမျိုးမှာတော့ conflict ဖြစ်ပြီး ကွန်ပျူတာ crash ဖြစ်တော့တာပါပဲ။ ဒီတော့ သုံးနေတဲ့ ကွန်ပျူတာမှာ Hardware conflict ဖြစ်မဖြစ်ကို စစ်ဆေးကြည့်ရအောင်ဗျာ။

            Computer Management အောက်မှာရှိတဲ့ Device Manager မှာသွားကြည့်နိုင်ပါတယ်။Device Manager ကိုရောက်ဖို့အတွက်ကMy Computer မှာ Right Click နှိပ်၊ထွက်လာတဲ့ Menu Box ထဲက Manage ကိုရွေးလိုက်ရင်Computer Management Windows ထွက်လာပါလိမ့်မယ်။

       ဘယ်ဘက်အခြမ်း System Tools အောက်က Device Manager ကိုနှိပ်လိုက်တဲ့အခါညာဘက်အခြမ်းက အကွက်မှာ ကွန်ပျူတာထဲမှာ တပ်ထားတဲ့ Device တွေကိုပြပါလိမ့်မယ်။တကယ်လို့ တပ်ဆင်ထားတဲ့ Hardware မှာ ပြဿနာတစ်ခုခုရှိမယ်ဆိုရင်အ၀ါရောင် ! ပုံလေးဖြစ်နေပါလိမ့်မယ်။ဒီသင်္ကေတကဘာကိုဆိုလိုလဲဆိုတော့…အဲဒီ Device ကိုဝင်းဒိုးကသိတော့သိတယ်…..ဒါပေမယ့်အသေအချာမသိဘူးတဲ့။စက်မှာ လာတပ်ထားလို့ ရှိမှန်းတော့သိတယ်၊ ဒါပေမယ့် ဘယ်လိုသုံးရမှန်းမသိဘူးပေါ့ဗျာ။အသုံးပြုဖို့ရာ တစ်ခုခုလိုအပ်နေလို့ပေါ့၊ အများအားဖြင့် Driver မှားနေတာမျိုး၊ Driver မစုံတာမျိုးကြောင့်ဖြစ်တတ်ပါတယ်။လုံးဝကိုမသိဘူးဆိုရင်တော့ အ၀ါရောင် မေးခွန်းအမှတ်အသားလေးဖြစ်နေပါလိမ့်မယ်။

        Computer မှာသုံးနေတဲ့ IRQ နံပါတ်တွေကိုသိချင်တယ်ဆိုရင်တော့ ပထမဦးဆုံးView menu မှာ Resources by type ကိုပြောင်းပေးဖို့လိုပါတယ်။


      ပြောင်းပြီးတဲ့အခါ Interrupt request (IRQ) ဘေးကအပေါင်းလက္ခဏာပေါ်မှာတစ်ချက်နှိပ်လိုက်တဲ့အခါ ကွန်ပျူတာမှာသုံးနေတဲ့ IRQနံပါတ်တွေစီတန်းထွက်လာပါပြီ။




အဲဒီမှာ IRQ နံပါတ်တစ်ခုဟာ နှစ်ခါထွက်နေမယ်ဆိုရင် Device နှစ်ခုက အဲဒီ IRQ ကို အသုံးပြုနေလို့ပါပဲ။ ဒီပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ပြဿနာဖြစ်နေတဲ့ Device ကိုဖယ်ထုတ်ပစ်ပြီး Reinstall ပြန်လုပ်ဖို့ပါပဲ။

     Reinstall လုပ်တဲ့နေရာမှာ Driver ကိုပါအသစ်ပြန်တင်ပေးဖို့လိုပါတယ်။Driver အတွက် အကောင်းဆုံးနေရာကတော့ www.driverguide.com ဖြစ်ပါတယ်။Register လုပ်ထားဖို့လိုအပ်ပေမယ့်……အခမဲ့ပါ။

       Driver အမျိုးအစားပေါင်းမြောက်များစွာရရှိနိုင်တဲ့နေရာတစ်ခုပါပဲ၊ တကယ်လို့ကိုယ်လိုချင်တဲ့ Driver က အဲဒီ Website ရဲ့ Database မှာမရှိဘူးဆိုရင်လည်းမှာခဲ့လို့ရပါတယ်။ Mother Board မှာSlot အပိုရှိခဲ့မယ်ဆိုရင် ပြဿနာဖြစ်နေတဲ့ Hardware ကို

အဲဒီအပိုSlot မှာပြောင်းစိုက်လိုက်တဲ့အခါမှာလည်းအဆင်ပြေသွားတတ်ပါတယ်။ Changing IRQ SettingsIRQ conflict ဖြစ်တဲ့ပြဿနာကိုဖြေရှင်းဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့IRQ setting ကို Manually ပြောင်းပေးခြင်းပဲဖြစ်ပါတယ်။တစ်ခုသတိထားရမှာက…ပြောင်းပေးလို့ရတယ်ဆိုပေမယ့်…အခါခပ်သိမ်းအဆင်ပြေချင်မှပြေမှာပါ။

ဒါပေမယ့်လည်း…စမ်းကြည့်ချင်တယ်ဆိုရင်တော့..ပြောင်းပုံပြောင်းနည်းကဒီလိုပါ။[list=1]ကိုယ်ပြောင်းချင်တဲ့ Device ပေါ်မှာ Right-click နှိပ်ပြီး Properties ကိုရွေးပါ။
Properties Box ထွက်လာပြီဆိုရင် Resources tab ကိုဆက်နှိပ်ပါ။
Use automatic settings ဘေးကအမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ။
Pull down box ထဲက non-conflicting configuration ကိုရွေးပါ။
နောက်ဆုံးအဆင့် OK ပေါ့ဗျာ။[/list]
     ဒီနေရာမှာ တစ်ခုခြွင်းချက်ရှိတာက Windows XP မှာ IRQ Setting ကို Manuallyပြောင်းမရတာမျိုးရှိတတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်နေရင်တော့…….အပေါ်မှာပြောခဲ့သလိုပဲ…….နေရာပြောင်းစိုက်ကြည့်ပေါ့ဗျာ……ဒါကိုမှ….အဆင်မပြေသေးဘူးဆိုရင်………နောက်ထပ်လုပ်စရာနည်းလမ်းတစ်ခုရှိပါသေးတယ်။
    ဖြုတ်……..လွင့်…….ပစ်……….လိုက်………..။

Credit - đęЩюΉų№të® 

0 comments:

Post a Comment