ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော့Start>Programs>Accessories>System Tools>Disk Defragmenter ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲDefragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့် ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။ နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။ Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ် ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။
Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာအလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။
ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊ bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။
Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now နဲ့စစ်လည်းဖြစ်ပါတယ်။
Hard disk drivesကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့ ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။ Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက် Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။ Disk Defragmenter Windows ထွက်လာတဲ့နေရာဆီ ပြန်သွားကြည့်ရအောင်။
ပုံမှာ ကွန်ပျူတာအတွင်းတပ်ဆင်ထားတဲ့ Hard drive partation များကိုတွေ့ပါလိမ့်မယ်။အခုနမူနာပြထားတဲ့ပုံမှာ Partation နှစ်ခုခွဲထားပါတယ်။Analyze buttom နဲ့ Hard drive ပေါ်ကဖိုင်တွေ Fragement ဖြစ်မဖြစ်စစ်ဆေးနိုင်ပါတယ်။Analyze လုပ်ပြီးတဲ့အခါ Defragement လုပ်ဖို့လိုမလိုဆိုတဲ့ Result ထွက်လာပါလိမ့်မယ်။တစ်ခါတည်း Defragement လုပ်မယ်ဆိုရင်တော့ Defragement buttom ကိုနှိပ်လိုက်တာနဲ့Analyze ရော၊ Defragement ပါတစ်ခါတည်းလုပ်သွားပါလိမ့်မယ်။ Defragement လုပ်ဖို့ရာHard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။ Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့် Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်Start>Programs>Accessories>System Tools>Scan Disk သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။
Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။
System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့်မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး
0 comments:
Post a Comment