Monday, 8 April 2013
7. PrintersPrinter
Printers Printerကြောင့်လည်း ကွန်ပျူတာ Crash ဖြစ်နိုင်ပါတယ်။ Document တစ်ခုခုကိုပရင့်ထုတ်တဲ့ အခါမှာ မူရင်းဖိုင်ထက်ကြီးတဲ့ Postscriptဖိုင်တစ်ခုကိုဖန်တီးရလေ့ရှိပါတယ်။ တကယ်လို့ ပရင်တာမှာ Buffer လို့ခေါ်တဲ့ကိုယ်ပိုင် Memory နည်းနေမယ်ဆိုရင် Post script ဖိုင်ကပမာဏများနေမယ်ဆိုရင် Printer ကို Over Load ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပရင့်ထုတ်တဲ့အခါ CPU ကိုလည်းသိသိသာသာအသုံးပြုတဲ့အတွက် ကွန်ပျူတာကိုနှေးသွားစေနိုင်ပါတယ် ။
တကယ်လို့ပရင်ထုတ်လိုက်တဲ့အခါမှာ ထုတ်လိုက်တဲ့ စာသားတွေမဟုတ်ပဲပုံစံအမျိုးမျိုးနဲ့စာတွေ ထွက်လာပြီဆိုရင်တော့ အဲဒီပရင်တာကိုသုံးတဲ့အခါအခန့်မသင့်ရင် ကွန်ပျူတာကို Crash ဖြစ်စေနိုင်ပါတယ်။ Printer buffer မှာOver Load ဖြစ်တာများသွားခဲ့ရင် အလိုအလျောက်ရှင်းမ ပေးနိုင်တော့ပါဘူး။ဒီလိုဆိုရင်တော့ ပရင်တာကို စက္ကန့် 30 လောက် ပါဝါကြိုးဖြုတ်ထားပေးပြီးမှပြန်တပ်ပေးခြင်းအားဖြင့် နဂိုရှိပြီးသား Command များကိုရှင်းပေးနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ပရင်တာများမှာလည်း Built-in Memoryတွေတဖြည်းဖြည်းနဲ့များလာတဲ့အတွက် ပရင့်ထုတ်လိုက်လို့ကွန်ပျူတာထိုးရပ်သွားတာမျိုးက ရှားသွားပါပြီ။ ဟိုးအရင်က ပရင်တာတွေကိုသုံးမယ်ဆိုရင်တော့ အခန့်မသင့်ရင်ဖြစ်နိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment