Monday, 8 April 2013

8. Software




ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း ကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှစနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကို ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ် Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။
Registry ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။ Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင် အသစ်တင်လိုက်တဲ့အခါမှာထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး ဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။ Registry Mechanics, System Mechanics, One click
maintenance
, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

0 comments:

Post a Comment