Monday, 8 April 2013

10. Power supply problems



ကွန်ပျူတာကိုထိုးရပ်သွားစေတဲ့ နောက်ဆုံးအကြောင်းရင်းကတော့ ပါဝါဆပ်ပလိုင်းပြဿနာဖြစ်ပါတယ်။ လျှပ်စစ်မီးအား မတည်ငြိမ်ပဲအတက်အကျဖြစ်တာ ဒါမှမဟုတ်ရုတ်တရက်ပျက်တောက်သွားတာ များလာတဲ့အခါ ပါဝါဆပ်ပလိုင်းကိုထိခိုက်လာစေနိုင်ပါတယ်။
ပါဝါဆပ်ပလိုင်းလုပ်ဆောင်မှုမမှန်တော့ဘူးဆိုရင် ကွန်ပျူတာအတွင်းရှိ အခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်ပြီး ကွန်ပျူတာထိုးရပ်သွားနိုင်ပါတယ်။ ဒါကြောင့် UPSနဲ့တွဲဖက်အသုံးပြုတာ စိတ်အနှောက်အယှက်အကင်းဆုံးဖြစ်ပါလိမ့်မယ်။ UPSအသုံးပြုခြင်းဖြင့် ပါဝါဆပ်ပလိုင်း သက်တမ်းကြာရှည်စေတဲ့အပြင်မီးပျက်သွားတဲ့အခါမှာ ကိုယ်လုပ်ထားသမျှအလုပ်အားလုံးကို သိမ်းဆည်းချိန်နဲ့ကွန်ပျူတာကို စနစ်တကျပိတ်ချိန်ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် UPS ကိုတစ်ပါတည်းဝယ်ခြင်းဟာ အကောင်းဆုံးပါပဲ။

ကဲ့ ... ကွန်ပျူတာ Crash ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ၁၀ ချက် ကို Original Uploader from ကိုဖိုးယူ (လောကအလှ)  ဆီကပါ ။ :)  #Have fun :)

0 comments:

Post a Comment