Friday, 12 April 2013
ဘယ် Antivirus သုံးသင့်သလဲ ?
ခု မြန်မာပြည်မှာ နေရာတော်တော်များများ အင်တာနက်သုံးနေကြပါပြီ. . . အဲ့မှာ တချို့ မြန်မာလူမျိုးတွေက အင်တာနက်လုံခြုံေ၇းကို ဂရုမစိုက်ကျဘူး ... ကျွန်တော် ရန်ကုန်ပြန်ရောက်တုန်းက အင်တာနက်ဆိုင်တွေရော ကျွန်တော်ခင်နေတဲ့ သူငယ်ချင်း laptop တွေမှာ Internet Security တွေ အားကြီး အားနည်းနေကျတယ်.. Window က ပါပြီးသား Window Defender ကိုဘဲ အားကိုးနေကျတယ်.. :D Window ကပါပြီးသား Defender နဲ့  Firewall ကလဲကောင်းပါတယ်.. 100% သိပ်မစိတ်ချဘူးပေါ့ .. ပြီးတော့ မြန်မာနိုင်ငံမှာ Speed နှေးတာကြောင့် တချို့ က သွင်းပြီး လိုအပ်တဲ့ Update file တွေမလုပ်ပေးကျဘူး .. ဘယ်လောက်ပဲနှေးပါစေ Update လုပ်ဖို့ အတွက်လိုအပ်တဲ့ File လောက်တော့ ယူလို့ ရပါတယ် ... ကျွန်တော် အရင် CPU တုန်းက Norton သုံးဘူးတယ်.. ဒါမဲ့ အရမ်းလေးလွန်းပါတယ်.. Norton လဲ သူ့ ဟာသူကောင်းပါတယ်.. ၂၀၀၈ တုန်းက Norton လဲ နာမည်ကြီးဘူးပါတယ်.. ကျွန်တော် Antivirus ကိုတော့အစုံသုံးဘူးပါတယ်..
AVG , Kaspersky တွေ Avira တော်တော်များများ (နာမည်ကြီးတဲ့) ဟာတွေ သုံးဘူးပါတယ်... ဒီထဲက Avira ကိုတော့ခုထိသုံးနေစဲပါ ... နောက်ပြီး တခြားကောင်းတဲ့ Antivirus အကြောင်းပြောပေါ့မယ်.. Mcfee enterprise 8.0 နဲ့  Nod32 ပါ ။ Mcfee ကတော့နေ့တိုင်း update လုပ်စရာမလိုပေမယ့်Nod32ကတော့ နေ့တိုင်း update လုပ်ဖို့လိုပါတယ်.. (လိုင်းနှေးတဲ့ နေ၇ာတွေမှာတော့ ဒုက္ခရောက်ပါလိမ့်မယ်) ကျွန်တော် laptop ၀ယ်တုန်းက Security အနေနဲ့  MCFee enterprise ပါဘူးတယ်.. တော်တော်လေးကောင်းပါတယ်.. တခြား Anti တွေနဲ့ လဲ တွဲသုံးလို့ ရပါတယ်. ။ Nod32 ကတော့ ကိုယ့် ပီစီထဲကို virus ၀င်လာပြီဆိုတာနဲ့ ချက်ချင်းတားပြီး alart တတ်လာပါတယ်.. အဲလို တတ်တာနဲ့ Nod32က internet connection ကို ခဏဖြတ်တောက်ပစ်ပါတယ်.. ၀င်လာတဲ့ virus ကိုသတ်ပြီးမှသာ internet connection ကိုဆက်လက်ခွင့်ပေးပါတယ်... ကျွန်တော် ကွန်ပြူတာ စထိတွေ့ တုန်းက အဖေက Norton ထည့်ထားတာ.. အရမ်းကိုလေးလွန်းပါတယ်.. ..သူက CD ၀ယ်ပြီးထည့်ထားတာဆိုတော့ မဖျက်ရဲဘူးလေ.. ဟီးး xD နောက်မှာ ဂိုဂယ်လင်း လုပ်ပြီး နောက်ဆုံးပေါ် Antivirus တွေကိုသုံးဘူးတာပါ ။ နောက်တမျိုးက Bit Defender ပေါ့ ။ Bit Defender ကို ကျွန်တော် Version 8 ထိတော့သုံးဘူးတယ်ဗျာ .. အရင်နှစ်တွေက ပေါ်ဘူးတဲ့ Virusတမျိုးဖြစ်တဲ့ Fun.exe နဲ့  Dc.exe တို့ ကိုသူက နိုင်တယ်ဗျ ။ ကျွန်တော့်အရင်က စက်မှာသုံးဘူးတဲ့ နည်းလေးတခုပြောပြပေါ့မယ်.. Kaspersky Internet Security နဲ့  Flash-Disinfector ဆိုတဲ့USB Disk Security သုံးထားပါတယ်။ Virus အများစုဟာ Memory Stick တွေက တဆင့်ပျံ့တာ ဖြစ်လို့ Memory Stick တခုကို ကျနော့်စက်မှာ ထိုးလိုက်တာနဲ့ အရင်ဆုံး USB Disk Security က စစ်ပါတယ်။ သူက ဒေတာဘေ့စ် အပ်ဒိတ် လုပ်စရာ မလိုပါဘူး။ ဘယ်လိုဗိုင်းရပ်စ်မှ သူ့ကိုကျော်မ၀င်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ဗိုင်းရပ်စ်တွေ အလုပ်လုပ်ပုံကို ကောင်းကောင်းသိထားပြီး အဲဒီ့အပေါ်မှာ အခြေခံပြီး ရေးထားတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် တခု စက်တလုံးမှာ အလုပ်စလုပ်ဖို့ အတွက် ဗိုင်းရပ်ဖိုင်ကို ဖွင့်ခြင်း ၊ ဗိုင်းရပ်စ်ပွင့်စေသော ကလစ်လုပ်ခြင်း ၊ ဖိုဒါဆောက်ခြင်း တွေကို သုံးစွဲသူ တဦးက စတင်စေတဲ့ ပရိုဂရမ်ကို အလိုလျောက် ရေးထည့်ပြီးသားပါ ။ အဲဒီ့ပရိုဂရမ်ကို အစမပျိုးစေဘူးဆိုရင်တော့ ဘယ်ဗိုင်းရပ်စ်မှ အလုပ်မလုပ်ပါဘူး။ အများအားဖြင့်က စက်တွေမှာ Autorun ကို ဖွင့်ထားတတ်ကြပါတယ်။ Autorun လုပ်ပြီဆိုတာနဲ့ အပေါ်က ကျနော်ပြောခဲ့တဲ့ ပရိုဂရမ်ကို ကျားမီးသွားဆွဲပေးလိုက်တာပါပဲ ။ ဒီတော့ အလိုအလျောက် ဗိုင်းရပ်စ်ကို Welc0me Welcome လို့  ဖိတ်ခေါ်သလိုပေါ့ .. ဟီးး :D ။ USB Disk Security က ဒီ Autorun ကို ပိတ်ပစ်လိုက်ပါတယ်။ ပြီးတာနဲ့ သူက ဗိုင်းရပ်စ် Coding တွေပါတဲ့ဖိုင်ကို ရှာပါတယ်။ ဒါကြောင့် ဒေတာဘေ့စ် မလိုပါဘူး။ နိုင်ပါတယ်။ အဲဒါကိုမှ ကျော်ဝင်လာတယ်ဆိုရင်တော့ စိတ်ချရအောင် Kaspersky တွေ့ ပေးလိုက်တယ်။ Blacklist လုပ်ပစ်တဲ့ မှတ်ဥာဏ်ကို ဖျက်ဆီးပစ်လိုက်တယ်။ ဒေတာဘေ့စ် အပ်ဒိတ်လုပ်ချင်တိုင်းလုပ်ပဲ။ မကျေနပ်ရင် Memory Stick တွေကိုပါ စကန် စစ်ပစ်လိုက်တယ်။ ဒါကြောင့် ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကျနော့်မှာ ပျက်စီးတာ မကြုံရဘူး ... ခုနောက်ပိုင်း ဟက် ပိုင်းဝင်တော့မှ ရေရေလည်လည်ကို ခံရတာ xD . ဗိုင်းရစ် အများစုက hack tool တွေမှာ ပါကိုပါ ပါတယ်.. ၉၀% လောက်တော့ပါတယ်ဗျာ ။ ကျွန်တော်တို့  Tool သုံးရင် Antivirus ကို ပိတ်ပိတ်ထားရတယ်.. အဲ့ဒီတော့ ခံရောပေါ့ xD . နောက်ပြီး ဗိုင်းရပ် အများစု ဟာ Removeable Drive တွေ ဖြစ်တဲ့ Flashတွေ ,Pen Drive တွေကနေ အများဆုံး ကူးစက်တတ်ပါတယ် ။ ကျွန်တော်တို့ Pen Drive မှာ ဗိုင်းရပ် ရှိနေရင်တော့ ကွန်ပြူတာနဲ့ ချိတ်ဆက် လိုက်တာနဲ့ ကူးစက်ဖို့ လွယ်ကူ သွားမှာပါ ။ တစ်ခါ တစ်လေ ကျရင် My Computer က ကိုယ့် Pen Drive ရဲ့ ပေါ်မှာ Right Click နှိပ်လိုက်တာနဲ့ Explore , Open တို့ ဖြစ်ရမယ့်အစား Autorun , Play တို့ ဖြစ်နေ တတ်တာ ကို သတိပြုမိမှာပေါ့။ ဒါဆိုရင်တော့ ကျွန်တော်တို့  ရဲ့  Pen Drive မှာ ဗိုင်းရပ် ကပ်တယ် ဆိုတာ သေချာပါတယ်။ ဗိုင်းရပ်က Autorun.inf ဆိုတာလေးကို ဖန်တီးထားပြီး စက်မှာ တပ်လိုက် တာနဲ့ အလုပ်လုပ်စေတာပါ။ Flash-Disinfector ဆိုတဲ့ Freeware လေးက ဗိုင်းရပ်က Create လုပ်မယ့် Autorun.inf ဖိုင်ကို သူက ကြိုဖန်တီး ပြီး ဗိုင်းရပ် ထပ် မလုပ် နိုင်အောင် တားပေးတာပါ ။ Flash-Disinfector ကို ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?anogluxwfzw မှာ Download သွားဆွဲလိုက်ပါ ။ ပြီးရင် Download လုပ်ပြီးသာနဲ့  မိမိ Pen Drive ကိုစက်မှာတက်ပြီး Run ပေးလိုက်ပါ ။ Dialog Box လေးကျလာရင် Ok နှိပ်လိုက်ပါ။ Monitor မှာ ခဏ Blank ဖြစ်ပြီး Ok လို့ပေါ်လာပါ လိမ့်မယ်။ အဲဒါ ဆို ရင် ကျွန်တော်တို့  ရဲ့ Pen Drive ကနေ ဗိုင်းရပ် ကူးဖို့ဆိုတာ 100 % မဟုတ်ရင်တောင် ကာကွယ်ပြီး သား ဖြစ်သွား ပါလိမ့် မယ် ...
နောက်ပြီး အကိုတယောက်ရေးထားတဲ့ Virus Cleaner ဆော့ဝဲအကြောင်းပါ ထပ်ထည့်ပေးထားပါတယ် ...
Virus Cleaner ဆော့ဖ်ဝဲလ်မှာ လုပ်ဆောင်ချက် ၃ခု ပါရှိပါတယ် -
(၁) Show Files & Folders function ကို Virus အချို့ကြောင့် folder တွေပျောက်ကုန်ပြီး ပြန်ဖော်လို့မရနိုင်တဲ့ folder
တွေကို ပြန်ဖော်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် folder တိုင်းကို ပြန်ဖော်မှာတော့ မဟုတ်ပါဘူး။ C:\ (သို့) D:\ စတဲ့
drive အောက်က folder တွေကိုပဲ ပြန်ဖော်မှာဖြစ်ပါတယ်။ အားနည်းချက်တစ်ခုကတော့ c:\System Volume
Information တို့လို security နဲ့တားထားတဲ့ folder တေကွို ပြန်ဖော်မှာ မဟုတ်ပါဘူး။
(၂) Remove Virus Files ကတော့ Folder Name နဲ့ တူညီတဲ့ exe ဖိုင်ကို ဖန်တီးတတ်တဲ့ virus ဖိုင်တွေကို ဖယ်ရှားဖို့
ဖြစ်ပါတယ်။ သတိပေးလိုတာကတော့ ဒီလို virus ဖိုင်တွေမရှိခ့ဘဲူးဆိုရင် ဒီ function ကိုမသုံးဖို့ပါ။ ဘာကြောင့်လဲ
ဆိုတော့ folder အမည်နဲ့တူတ့ဖဲိုင်တွေကို ဖျက်ပစ်မှာမို့လို့ပါ။ ဒါပေမယ့် သင့်အနေနဲ့ စိုးရိမ်စရာတော့မရှိပါဘူး။ Backup
လုပ်ထားပါတယ်။ နမူနာပြရရင် C:\Program Files\Program Files.exe ကိုဖျက်ပစ်လိုက်ပေမယ့် C:\Virus folder
အောက်မှာ Program Files.exe ကို Program Files.exe_Virus ဆိုတ့အဲ မည်နဲ့ သိမ်းထားပေးပါတယ်။ တကယ်လို့
ဒီဖိုင်ဟာ virus ဖိုင်မဟုတ်ခ့ဘဲူးဆိုရင်တော့ သင့်အနေနဲ့ _Virus စာသားကို ဖယ်ရှားပြီး မူလနေရာမှာ ပြန်ထားနိုင်ပါတယ်။
D:\??\ အောက်ကဖိုင်တွေကိုတော့ D:\Virus အောက်မှာ ထားမှာဖြစ်ပါတယ်။
(၃) Repair Registry Setting ကတော့ virus တွေပြင်သွားတဲ့ registry setting တွေကို မူလအတိုင်း ပြန်ပြင်ပေး
မှာဖြစ်ပါတယ်။ ဒီ function က ပျောက်နေတဲ့ Folder Option၊ Task Manager နဲ့ အခြားသော registry setting တေကွို
ပြန်ပြင်ပေးမှာဖြစ်ပြီး သင့်အနေနဲ့ Safe Mode ကနေ Windows ကို ၀င်လို့ရအောင် ပြန်ပြင်ပေးမှာ ဖြစ်ပါတယ်။
* ဒီဆော့ဖ်ဝဲလ်လေးရဲ့ အားသာချက်ကတော့ virus ဖိုင်ကို delete လုပ်ရာမှာ Antivirus ဆော့ဖ်ဝဲလ်တွေထက် အဆ
၁၀၀လောက်မြန်ပြီး ကွန်ပျူတာကို restart ပေးစရာမလိုပါဘူး။
** အကြံပေးလိုတာကတော့ ဒီဆော့ဖ်ဝဲလ်ကို မ run ခင်မှာ anti-virus အားလုံးကို ပိတ်ထားပါ။ Task Manager မှာ run
နေတဲ့ Virus တွေကို သတ်ထားပေးပါ။
*** နောက်ပိုင်း version တေမွှာတော့ Task manager မှာ run နေတဲ့ virus တွေကိုတော့ပိတ်ပြီး delete လုပ်တဲ့ function
တွေကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
Virus Cleaner က Download လုပ်ချင်ရင်တော့
Virus-Cleaner-1.0
(or)
http://www.megaupload.com/?d=QX3A9970
သွားပြီးဒေါင်းလုပ်လုပ်ယူနိုင်ပါတယ် ။
ဒီလောက်ဆို Virus အကြောင်းတော့ သိလောက်ပါပြီ. . . ကျွန်တော်ဒီထဲမှာ Antivirus အကြောင်း ၇ ခုပါ ပါတယ် ။
AVG
Norton
Avira
Mcfee
Nod32
Kaspersky
Bit Defender
ဒီ ၇ ခုထဲက ကြိုက်နှစ်သက်ရာ တခုလောက်ထည့်ထားသင့်ပါတယ်... ကျွန်တော်ခုသုံးနေတဲ့ Antivirus က ပေါ့ပေါ့ပါးပါးနဲ့  Avira ကိုဘဲသုံးပါတယ်.. .. Update ကို၁ပတ်တခါ - backup ကို ၂ လ တခါ နဲ့  Full Scan ကိုတော့ 10 ၇က်တခါလောက် ပုံမှန် Run ပေးယုံနဲ့ စိတ်ချရပါတယ်..Avira ရဲ့  Internet Security မှာ Avira Firewall ပါ ပါပြီးသားပါ ။ ဒါမှ စိတ်မချရင်တော့ Public Firewall မှာ တခုတာထည့်ထားလိုက်ပါ ။ သင့်ကွန်ပြူတာ ၁၀၀% လုံခြုံသွားတာသေချာပါပြီ ။ ။ ။ :) ကဲ့ .. ဒီလောက်ပါဘဲဗျာ ကျွန်တော်စာရေးတာအပြင်းဆုံးဆိုတာသိမှာပါ .. ဟီးး :D ခု နဲနဲ ရှည်သွားအောင် ထိုင်ရေးနေတာ ည၂နာ၇ီထိုးနေပြီ.. အိပ်ပြီဗျို့  ... .... ... :)
#have Fun :)
P.S > Virus Cleaner ကိုတော့ MMCyber က ညီကိုတယောက်ဆွေးနွေးထားတာလေးကို Copy Right ထားတာပါ ။။ ။။ ။။
Subscribe to:
Post Comments (Atom)
ဝါးးးးးးးးးးးးး လစ်တယ်ယေး အကောင်းဆုံးနဲ့  အပေါ့ဆုံး အဆင်ပြေဆုံး က Microsoft security essential ဟီး အာ့လောက် ကောင်းတာ မမြင်ဖူးသေးဘူး အေ့ တိယား နာ့နာမည်က တောဂော်လီ အားလုံးတက်ကြ ငါ့ထော်လာဂျီ ငါ့ကို မိန်းကလေးများ အော်ကျော်လန် သီ ရွာ မြောက်ဘက်ပိုင်းကတော့ သိပ်မကြည်
ReplyDeleteAvira ကို ညွှန်းပီး.. ဒေါင်းလင့်ကျတော့ ပေးဘူး.. ဘယ်က ရှာရမှာလဲလို့.. တားတား .. လိုချင်တယ်.. ဥတေးလေးရာ... :D
ReplyDeleteဟုတ်. တင်ပေးပေါ့မယ် ဗျာ :D
Delete