Monday, 8 April 2013
6. Viruses
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများစွာထဲမှ ဖြစ်နိုင်ခြေအရှိဆုံးအရာကတော့ဗိုင်းရပ်စ်ကြောင့်ပါ။ ဗိုင်းရပ်စ်ကာကွယ်တဲ့ဆော့ဖ်ဝဲသာတင်မထားခဲ့ဘူးဆိုရင်ကွန်ပျူတာကို ပထမဦးဆုံး ဗိုင်းရပ်စ်ကူးစက်တာနဲပ ချက်ချင်းမသိနိုင်ပါဘူး။ဗိုင်းရပ်စ်ဆိုတာမျိုးက တိတ်တဆိတ်ဝင်ရောက်လာတတ်တာမျိုးပါ။ဗိုင်းရပ်စ်အကြောင်းက ကျယ်ပြန့်လွန်းလို့ ဒီနေရာမှာတော့အကျဉ်းချုပ်ပဲရေးပါရစေ။
နောက်များမှခေါင်းစဉ်တစ်ခုနဲ့သီးသန့်ထပ်ရေးပါဦးမယ်။ဗိုင်းရပ်စ်တွေမှာဖျက်ဆီးတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ အဓိကအနေနဲ့ Operating Systemအလုပ်မလုပ်နိုင်အောင် OSကအသုံးပြုတဲ့ဖိုင်တွေကိုဖျက်ဆီးပြီးနှောက်ယှက်တာပါပဲ။အချို့ဗိုင်းရပ်စ်များက Hard drive ရဲ့ Boot sectorကိုဖျက်ပစ်လိုက်တဲ့အထိဆိုးရွားးပါတယ်။Boot sector ပျောက်ပြီဆိုမှတော့ OSကမတတ်နိုင်တော့ဘူးပေါ့။ အခြားဖျက်ဆီးနည်းတွေလည်းအများကြီးပါ။ဗိုင်းရပ်စ်ကိုကြောက်လို့ ကာကွယ်ဖို့ အကာအကွယ်
ဆော့ဖ်ဝဲတင်မယ်ဆိုရင်လည်းဒီကနေ့ခေတ်ကမ္ဘာကြီးမှာ့  Antivirus software တွေကပေါများလိုက်တာ။လုံးဝဥဿုံအပြည့်စုံဆုံး၊အကောင်းဆုံးဆိုတဲ့ ဗိုင်းရပ်စ်အကာအကွယ်ဆော့ဖ်ဝဲဆိုတာတော့ မရှိပါဘူး။သူဟာနဲ့သူ ကောင်းကွက်ဆိုးကွက်တွေနဲ့ချည်းပါပဲ။ ခေတ်အစားဆုံး Antivirussoftware များမှာ Norton, McAfee, Kaspersky, AVG, Bit defender, NOD32,Symantec တွေပါပဲ။ ဘယ် ဘယ်လောက်ကောင်းတဲ့ဗိုင်းရပ်စ်ကာကွယ်ရေးဆော့ဖ်ဝဲပဲဖြစ်ဖြစ် Virus signature ဟာ အမြဲတမ်းUpdate ဖြစ်နေဖို့လိုပါတယ်။ တကယ်တော့ Antivirus ဆိုတာကလည်း ဗိုင်းရပ်စ်Source code များကိုစုစည်းထားပြီး ဗိုင်းရပ်စ်ဟုတ်မဟုတ်ကိုအဲဒီကုဒ်များနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရတာဆိုတော့ဗိုင်းရပ်စ်အသစ်ထွက်လာတိုင်း အဲဒီဗိုင်းရပ်စ်ကုဒ်ကို ဆော့ဖ်ဝဲရဲ့ Virussignature database မှာထည့်ထားပါမှ သိနိုင်မှာပါ။ ဒါကြောင့် Antivirusကိုအမြဲတမ်း အပ်ဒိတ်လုပ်ထားဖို့လိုအပ်ပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment