အခန်း ၂ (Trojan Horse (လျှို့ဝှက်ဝင်လာသော ရန်သူ့လက်ပါးစေ)
ကျွှန်တော် Trojan Horse ရဲ့ ကွန်ပျုတာနှင့်မသက်ဆိုင်သော သမိုင်းဇာတ်လမ်းလေးကို အစကမပြောမလို့ပဲ။ လူတိုင်းသိတယ်ထင်လို့ပါ။ ဒါပေမဲ့ မသိတဲ့လူတွေရှိရင် ဒါလေးသိရင် ပိုပြီးနားလည်မယ်ထင်လို့ ထည့်ရေးလိုက်တာပါ။
ဒါက Trojan War လို့ခေါ်တဲ့ Greek နှင့် Troy ၁၀ နှစ်ကြာ စစ်ပွဲမှာ Troy တွေရဲ့ ၁၀ နှစ်ကြာအဝိုင်းခံနေရတဲ့ Greek ကသူ့မြို့ကို စွန့်ခွါသွားတဲ့ ပုံစံနှင့် ဟန်ဆောင်ပြီး ဂရိစစ်သည်အချို့ကို ကြီးမားတဲ့ မြင်းရုပ်ကြီးထဲထည့်ပြီး ထားခဲ့ပါတယ်။ Troy တွေက စစ်အောင်တဲ့ အထိမ်းအမှတ်နဲ့ မြင်းရုပ်ကြီး သူတို့မြို့ကြီးထဲ သွင်းခဲ့တယ်။ ညကျတော့မှ စစ်သည်တွေဟာ ထွက်လာပြီး ဂရိမြို့တံခါးကိုဖွင့်ပြီး တိတ်တဆိတ်ပြန်လာတဲ့ ဂရိစစ်တပ်အတွက် တံခါးဖွင့်ပေးခဲ့ပါတယ်။ ထို့နောက် Troy တွေရဲ့ ဝိုင်းခံထားရတဲ့ ဂရိတွေဟာ စစ်ပွဲကို ပြီးဆုံးယုံတာမက Troy တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီမှာ လှည့်စားမှုက မြင်းရုပ်ပါ။ ဒီ Trojan Horse ရုပ်ထုကိုတာ Troy တွေသူတို့မြို့ထဲ မသွင်းခဲ့ရင် Troy တွေအနိုင်ရနိုင်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့ အားနည်းမှုကို သူတို့ဘာသာဖွင့်ပေးအောင် ထောင်ချောက်ဆင်ခဲ့နိုင်ပါတယ်။ ဘယ်လောက်လှပတဲ့ လုံခြုံရေးအားနည်းချက်ကို မိမိကိုယ်တိုင်ဝင်ခွင့်ပေးအောင်လုပ်တဲ့ လှည့်စားမှုဆိုတာ လူတိုင်းခံစားမိမှာပါ။
ဒီလိုပါပဲ။ ကွန်ပျုတာစနစ်တော်တော်များများကို ချိုးဖောက်ပေးဖို့ကူညီတာက ဒီ Trojan Horse Program လေးတွေပါ။ Trojans တွေဟာ တစ်ပတ်မှာရာနဲ့ချီပြီး ထွက်ရှိနေတာပါ။ ထက်ထွက်လာတဲ့ program တွေကလဲ အရင်ထက် ပိုပြီးကောင်းအောင် ဖန်တီးထားနိုင်ပါတယ်။ Trojans တော်တော်များက Windows based PCs တွေကို တိုက်ခိုက်ဖို့ ဦးစားပေးရေးထားကြတာပါ။
Showing posts with label Trojan. Show all posts
Showing posts with label Trojan. Show all posts
Wednesday, 3 April 2013
Subscribe to:
Posts (Atom)
