Tuesday, 23 April 2013

NetworkHackingTesting (BT)


Network Hacking လို့ နာမည်ပေးထားပေမဲ့ အင်တာနက်ဆိုင်မှာ တခြား cpu ကိုထိန်းချုပ်ချင်လို့ ဘဲဖြစ်ဖြစ် ... ကိုယ့် Wifi ကွန်ယက်မှာ အခြားကွန်ပြူတာများကို (ဆာဗာအပါအ၀င်)ထိန်းချုပ်ချင်တာဘဲဖြစ်ဖြစ် Armitage ကိုအသုံးပြုပြီး ဟက်ပြသွားမှာပါ .. ..  Armitage ဆိုတာ Back Track ရဲ့  Built in Hacking Tool တခုကိုအခြေခံပြီး စမ်းသပ်ပြသသွားမှာပါ .. ရေးသားသူ bro 3thic0kiddi3 ပါ ။ back track ပေါ်မှာ အခြေခံပြီး Hack လုပ်ပြသွားမှာပါ .. ..

Sunday, 21 April 2013

Mozilla Add-ons ~! ( F0r Hacking And IT Security )

To set all here Mozilla Add-ons > Add-ons .
အသုံးဝင်နိုင်မယ်ထင်တဲ့ Add On (35) ခု တွေစုပေးထားတာပါ ။ :) F0r Hacking And IT Security ! :)

  1. FREE EBOOK SEARCH : to find the e-book.
  2. SPY SERVER : see the type of server.
  3. DOMAIN FINDER : search for a domain.
  4. WHO IS : see details of the site.
  5. ABOUT THIS SITE : see website details
  6. TIX NOW : turn off timer rapidshare.
  7. Firebug : edit html, css, javascript in virtual hacking.
  8. XSS-Me : xss trial to the target site.
  9. SQL Inject Me : SQL Injection experiments to the target site.
  10. Unhide Passwords : see our current password sniffing on the LAN itself.

Python



Code ပိုင်းတခုဖြစ်တဲ့ python နဲ့ မိတ်ဆက်ပေးပါမယ် .. .. အဲ့ Group လေးကိုသွားလိုက်ပါ
>> www.facebook.com/groups/361983457247340 << Python လို့ ခေါ်တဲ့ Code ပိုင်းကိုလေ့လာနေသူတွေ အတွက်အဆင်ပြေမှာပါ ။ ကျွန်တော်တို့ လို Beginner တွေအတွက်အဆင်ပြေမှာပါ . . .

What is Python ,
How To Use ,
Ebook ,
Tool ,
Tutorial နဲ့ 
Base တွေပါ လေ့လာလို့ ရပါတယ် . . .  :) နောက်ပိုင်းလဲ ကျွန်တော်သိတလောက် Python ကို ဒီ Group မှာဘဲ ဆက်ဆွေးနွေးဖြစ်မှာပါ .. .. Welc0me all :)

#Have Fun :)

Change your IP Address to other country by using Firefox Addon . . .


ကျွန်တော်တခုပြောချင်တာ တခြားတနေရာမှ Add On တခုကို download လုပ်ခိုင်းပြီး Firefox မှာ RUn ခိုင်းတဲ့ Add on တွေကိုမယုံပါနဲ့ . . ဘယ်လောက်ဘဲကောင်းပါစေ တရားဝင်ဖွင့်ထားတဲ့ Mozilla Addon မှသာ သွားဒေါင်းပါ ။ 
Mozilla addon များကို addons.mozilla.org တွေ ရယူနိုင်ပါတယ်.. ..  

Friday, 19 April 2013

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး

IT နဲ့ တော့မဆိုင်ပါဘူး .. ဒါမဲ့ ကိုယ့် မြန်မာပြည်မှာရှိတဲ့ ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ လေးတော့ သိထားသင့်ပါတယ်. . . :)

========================================================================

အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။

=================================================================================


၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား ... 
တို့ဖြစ်ကြသည်။


(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား (အံ့ဖွယ် ၁ -တနလာင်္ထောင့်)
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု ပြောသမှတ်ပြုကြပါသည်။

(၂) ၀ိဇ္ဖာဇော်ဂျီဘုရား (အံ့ဖွယ် ၂ -- နေလဘုရားအရှေ့ဘက်မှာရှိပါတယ်...ဒီဘုရားကပန်းမဦးဘူးလို.သိရပါတယ်... ဘယ်လောက်စောစောထပြီးပန်းလှူလှူ.. ပန်းလှူပြီးသားဖြစ်နေတာကိုပဲတွေ.ရလို.ပါတဲ့ )

ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား (အံ့ဖွယ် ၃ - ရှင်စောပုဘုရား ....၁၂ရာသီပတ်လုံးပန်းပွင့်ပါတယ်တဲ့)

ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။

(၄) ရှင်မထီးဘုရား (အံ့ဖွယ် ၇ --ပညာရေးကောင်း)

ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။

(၅) ရှင်အဇ္ဖဂေါဏဘုရား (အံ့ဖွယ် ၅ --- ရှင်အဇ္ဖဂေါဏ နဲ.ရှင်မထီးဆရာတော် ကိုတော်၂များများကတစ်ပါးထဲလို. မှားတတ်ကြ ပါတယ်... 


ရှင်အဇ္ဖဂေါဏက ပုဂံပြည်ကိုပထမဆုံးစတည်ထောင် တဲ့ သမုဒ္ဒရာဇ်မင်းလက်ထက်မှာပေါ် ခဲ့တဲ့ဆရာတော်ပါ.... ရှင်မထီး ဆရာတော်ကတော့ ပျူစောထီးမင်း လက်ထက်မှာပေါ်ပေါက် ခဲ့တဲ့ဆရာတော်ပါ.. အဂ္ဂိရိတ်သမားတွေအတွက်အလွန်အားထားရတဲ့ ရှင်မထီးကျမ်းကိုပြုစုခဲ့တဲ့သူပါ.)

ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ် သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့် (၀ါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။

(၆) ဆံတော်တွင်းရုပ်ပွားတော် (အံ့ဖွယ် ၄ -လပြည့်လကွယ်နေ.များတွင်ရေသံကြားရသည်ဟုဆိုကြပါသည်)

ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။

တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင်ဘုရား (အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဂူဘုရား)

ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနောက်ဘက်တွင် ကျောချင်းကပ်လျှက် ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။
(၈) လက်ပက်လက်ဘုရား (အံ့ဖွယ် ၈ - တနလာင်္ထောင့်မှာ ရှိပါတယ်.. .လာဘ မုနိ ဘုရားလို.လဲခေါ်ပါတယ်.. ကျန်းမာရေးညံ့ရင် ထိုဘုရားမှာ ဆုတောင်းပါတဲ့)

ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။

(၉) ပြဒါးရှင်ဘုရား (အံ့ဖွယ် -၉)

ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။

ထို အံ့ဖွယ် ၉ ပါးအပြင် နေလ ဘုရား၊ ပိတုန်း ၂ ကောင်ကို တစ်ဖက်စီ ကိုင်ပြီ ဆုတောင်းရသော ဘုရားများလည်း ရှိသေးသည်။ ရွှေတိဂုံရောက်သည့် အခါ စုံအောင် ဖူးနိုင်ပါစေ။


Credit :  Oppositeyes's 

Happy Birthday Our President, U Thein Sein ,.

မနက်ဖြန်ကျရောက်မဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီး မွေးနေ့ကို ကြိုဆိုလိုက်ရအောင်ဗျာ .. ..

             Happy Birthday Our President, U Thein Sein.
မွေးနေ့မှာပျော်ရွှင်ပါစေ သမ္မတကြီး :) :) :)


Ref : MMSD

Wednesday, 17 April 2013

Top 15 Security/Hacking Tools Utilities



Top 15 Security/Hacking Tools Utilities 


Tools က 15 ခုပါ ။ သုံးစွဲရတာ သူ့ နည်းနဲ့ သူပေါ့ .. တချို့ Tool ၇ဲ့ Info တွေေ၇းပေးထားပါတယ်.. Download လင့်တွေကတော့ မူရင်းဆိုဒ်ကဘဲဆိုတော့ link တွေအကောင်းကောင်းအလုပ်လုပ်ပါတယ် .. .. .. :)

1). Nmap (Nmap ၇ဲ့ Tuto ကို Ghostarea မှာသွားဖတ်လို့ ရပါတယ်)
 #:.Download.:#
http://nmap.org/download.html

2). Nessus Remote Security Scanner
Nessus ဆိုတာ က vulnerability scanner နာမည်ကြီးတခုပါ ။ 
#:.Download.:#
http://www.nessus.org/download/

What is LFI ?

What is LFI ? LFI ဆိုတာဘာလဲ ? LFI Attack လုပ်တယ်ဆိုတာကရော ဘာလဲ ? LFI ရဲ့ အရှည်က L0cal file Inclusion ပါ ။ L0cal file Inclusion  ဆိုတာ LFI vulnerable ရှိတဲ့ဆိုဒ် ရဲ့  file ကိုယူပြီး Temper Data Addon (or) User Agent Switcher တို့ ဘာတို့ သုံးပြီး deface လုပ်တာပါ.. .. .. Online မှာ LFI ပေါက်နေတဲ့ဆိုက်တွေ သန်းချီပီးရှိပါတယ် .. .. LFI အကြောင်းကြီးဘဲ ဆက်ဆွေးနွေးချင်တယ်ဆိုရင်တော့ http://mmhackforums.net/forum/search.php?searchid=2339

Tuesday, 16 April 2013

Metasploit The Penetration Tester's Guide



ဒီစာအုပ်က US $27 တန်ဖိုးပေးရပါတယ် ။
အလကားဒေါင်းခွင့်ရတယ်ဆိုပေမဲ့ မဖတ်ဖြစ်ရင်တောင် ဒေါင်းပြီးသိမ်းထားလိုက်ပါ ။
လိုတော့ဖတ်လို့ရတာပေါ့ ဟုတ်ဖူးလား :D
Amazon မှာက $ 27 ပါ ။

[#] Download [#] 
Metasploit The Penetration Tester's Guide

Credit => 1o1or1not1 
Copy => Tokekway.blogspot.com

How to find Admin Page ?

bro Mhu alarm ရေးထားတဲ့ Post လေးပါ .. တော်တော်လေးကောင်းလို့ ပြန် SHare လိုက်ပါတယ်... ... ...


Website တစ်ခုရဲ့ admin user / pass ရပြီဆိုပါစို့...admin page ကိုဘယ်လိုရှာမလဲ...ဒီအောက်က နည်းလေးတွေသုံးပြီးရှာမယ်နော်...80% တော့ အာမခံပါတယ်... 

နံပါတ်တစ် - url add ပါမယ်... www.site.com ဆိုပါစို့...တစ်ချို့ဆိုဒ်တွေက သူ့ index page မှာတင် login ၀င်ဖို့ပါတတ်တာကို မတွေ့ဘဲ စွတ်စပ်ရှာတတ်ကြပါတယ်....ဒါကြောင့်မို့ ပထမဆုံး index ကို သေချာပြန်စစ်ပါ...နောက် .com နောက်မှာ အောက်ကပုံစံအတိုင်းလိုက်စစ်ပါ....
www.site.com/admin
www.site.com/administrator
www.site.com/login
www.site.com/admin.php
www.site.com/admin.asp
www.site.com/wp-login.php 
ဒါနဲ့ပထမဆုံးစစ်ပါ...မတွေ့ဘူးဆိုပါစို့...နောက်တစ်မျိုးနဲ့ထပ်စစ်ပါမယ်...

Friday, 12 April 2013

ဘယ် VPN အကောင်းဆုံးလဲ ??


VPN က ဘာလဲ ? VPN ဆိုတာ virtual private network ပါ ။ MHU က bro 1or1or1not1 က VP အကြောင်းဆွေးနွေးထားလေး ပြန်တင်ပေးလိုက်ပါတယ် . . . ပထမဆုံး hack လုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ "LOGS" ဆိုတဲ့စကားလုံးကို သိထားရပါမယ်။ events, application, and system logs တွေအလုပ်၂တာကိုပါ။ ကျွန်တော်တို့ အသုံးပြုတဲ့ shell တွေက ကျွန်တော်တို့  ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြပါတယ်။ NEVER HACK FROM HOME! ဆိုတဲ့စကားအတိုင်း အိမ်ကနေပြီးတော့ အတက်နိုင်ဆုံးအသုံးမပြုသင့်ပါဘူး။ Internet cafe တွေမှာသုံးသင့်ပါတယ်။ အကယ်၍ တစ်စုံတစ်ခုကို hack လုပ်ခဲ့တယ် hack လုပ်ခြင်းခံရတဲ့ ကာယကံရှင်မှာ တစ်စုံတစ်ခု ကြီး၂မှား၂ ဆုံးရူံးသွားမယ် ပြီးတော့ သင့်ရဲ့ LOGS တွေလည်းကျန်ခဲ့မယ် သင်က VPN လည်းမသုံးဖူး အိမ်ကနေပီး hack လုပ်တယ်ဆိုရင် သူတို့ က သင့်ဆီကို အမဲလိုက်သလို လိုက်လာမှာပါ။

ဘယ် Antivirus သုံးသင့်သလဲ ?



ခု မြန်မာပြည်မှာ နေရာတော်တော်များများ အင်တာနက်သုံးနေကြပါပြီ. . . အဲ့မှာ တချို့ မြန်မာလူမျိုးတွေက အင်တာနက်လုံခြုံေ၇းကို ဂရုမစိုက်ကျဘူး ... ကျွန်တော် ရန်ကုန်ပြန်ရောက်တုန်းက အင်တာနက်ဆိုင်တွေရော ကျွန်တော်ခင်နေတဲ့ သူငယ်ချင်း laptop တွေမှာ Internet Security တွေ အားကြီး အားနည်းနေကျတယ်.. Window က ပါပြီးသား Window Defender ကိုဘဲ အားကိုးနေကျတယ်.. :D Window ကပါပြီးသား Defender နဲ့  Firewall ကလဲကောင်းပါတယ်.. 100% သိပ်မစိတ်ချဘူးပေါ့ .. ပြီးတော့ မြန်မာနိုင်ငံမှာ Speed နှေးတာကြောင့် တချို့ က သွင်းပြီး လိုအပ်တဲ့ Update file တွေမလုပ်ပေးကျဘူး .. ဘယ်လောက်ပဲနှေးပါစေ Update လုပ်ဖို့ အတွက်လိုအပ်တဲ့ File လောက်တော့ ယူလို့ ရပါတယ် ... ကျွန်တော် အရင် CPU တုန်းက Norton သုံးဘူးတယ်.. ဒါမဲ့ အရမ်းလေးလွန်းပါတယ်.. Norton လဲ သူ့ ဟာသူကောင်းပါတယ်.. ၂၀၀၈ တုန်းက Norton လဲ နာမည်ကြီးဘူးပါတယ်.. ကျွန်တော် Antivirus ကိုတော့အစုံသုံးဘူးပါတယ်..

Thursday, 11 April 2013

Malware ဆိုတာ ဘာလဲ ??


Malware ဆိုတာ ဘာလဲ ??


တကယ်တော့ ကျွန်တော် ဒီအကြောင်းအရာကို မရေးခင်တည်းက အင်တာနက်ထဲမှာ Virus အမျိုးအစားတွေ အကြောင်းကို ကိုယ်နားလည် သိရှိထားသလောက် ဝေမျှထားခဲ့ဖူးကြပြီးသား အကြောင်းအရာတွေ ရှိနေတာ ကျွန်တော် သတိထားမိပါတယ် - ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးစားပေးသွားမှာပါ။ ခုနောက်ပိုင်း အင်တာနက် ခေတ်မှာ Virus ဆိုတာ ရှိနေသေးပေမယ့် Virus ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံလာရတာ Malware ပါ။ Malicious software ဆိုတာကို အတိုချုန်းထားတဲ့ Malware ဆိုတာဟာ တစ်ခြား လူတစ်ယောက်ရဲ့ ကွန်ပြူတာ ထဲက သတင်းအချက်အလက် တွေကို လူမသိ သူမသိ ခိုးယူဖို့ - သူများ ကွန်ပြူတာကို ဒုက္ခပေးဖို့ လှလှ ပပ ပြင်ဆင်ထားတဲ့ viruses တွေ - worms တွေ spyware တွေ အားလုံးကို ယေဘုယျ အနေနဲ့ စကားလုံး တစ်လုံးတည်း အဖြစ် ကိုယ်စားပြုထားတဲ့ စာလုံးပဲ ဖြစ်ပါတယ်။

Tuesday, 9 April 2013

Deface is easy or not ?




အရင်ဦးဆုံး Deface ကလွယ်လား ? ဆိုတာလေးကို ကို Kiddo ဆိုဒ်မှာသွားဖတ်ပေးပါ .. ဒီနေရာကို နိုပ်ပါ ခု Online ကညီကိုတွေ အရမ်း Deface တင်ချင်ကျတယ်.. .. .. ဆိုဒ်တိုင်းလဲ တင်လို့ မရဘူးလေ. ။ :D
ခု ကျွန်တော် Deface is easy or not ? ဆိုတာလေး ရှင်းပါရစေ ။ အမှန်ပြောရရင် Deface လုပ်တာလွယ်ပါတယ် .. ခက်တာလဲရှိပါတယ်. . . Exploit တခုရှာ အဲ့ဒီ Exploit တခုပေါ်အခြေခံပြီး Shell တင် , တင်ပြီး Deface အုပ်ပေါ့ .. Exploit တခုထဲမှာ ဆိုဒ်ပေါင်း ထောင်ကျော်ရှိပါတယ်.. Exploit တခုထဲကိုအခြေခံပြီး ဆိုဒ်တိုင်း ဟက်လို့ ရတယ်လို့ တလို မရတဲ့ ဆိုဒ်တွေလဲရှိပါတယ်.. ရတဲ့ဆိုဒ်တွေကိုတော့ vulnerable ဆိုဒ်လို့ ခေါ်ပါတယ်.. အဲ့ဒီထဲက  SQL , LFI , RFI တွေလဲအများကြီးရှိပါတယ်. RFI - remote file inclusion ကတော့ site hole တခုကနေ shell တင်ထားတဲ့ hosting ကိုခေါ်ယူပြီး deface လုပ်တာပါ ။  LFI - L0cal file Inclusion ကတော့ LFI vulnerable ရှိတဲ့ဆိုဒ် ရဲ့  file ကိုယူပြီး .. tamper data add-on တို့ ဘာတို့ သုံးပြီး deface လုပ်တာ ပါ ။

Monday, 8 April 2013

How To Close Ports




ကျွန်တော်စာရေးရတာ အင်မတန် ပြင်းတာ... ဟီး ခု Online က အကိုတယောက်က သူ့ အတွက် ကျုတူ တခုလောက်ေ၇းပေးပါဆိုတာနဲ့  ဘာေ၇းလို့ ရေးရမှန်းကိုမသိတာ.. ခုတလော လိုင်းကထင်တလောက်မကောင်းဘူးလေ :'( Google ထဲလဲမရှာနိုင် >.< ဒါနဲ့  MY data ထဲမှာ နိုင်ငံခြားဖို၇မ်တခုက PDF တခုသွားတွေ့ တယ်.. .. အဲ့ဒါလေးဘာသာပြန်ပြီးရေးပေးလိုက်ပါတယ်.. :D လေနဲနဲရှည်သွားပြီ. . . ခု ပြောမဲ့ အကြောင်းအရာက Close Ports အကြောင်းပါ .. Ports တွေက တော်တော်များများက Wifi သုံးရင်ပွင့်တက်ပါတယ်.. Public Wifi ပေါ့.. လူတွေအများကြီးထဲမှာ ကောင်းတဲ့သူ သုံးတလို မကောင်းတဲ့သူတွေလဲ သုံးတာဘဲ :D အဓိက က Public Wifi သုံးရင် Ports တွေတော်တော်များများက ပေါက်နေကျတယ်. . တချို့ ကမေးတယ် Ports တွေပေါက်ရင်ဘာလုပ်လို့ ရလဲတဲ့ .. :D အကယ်၍ ကိုယ်သုံးတဲ့ Wifi က Ports တွေပေါက်ရင် ကိုယ့် ကွန်ပြူတာ System ကို ထိန်းချုပ်လို့ ရတလို ကိုယ့်ထဲက Secret Dataတွေ အကြာင်းအစ Gmail Facebook တွေကိုပါ Pass ပါပြောင်းလို့ ရပါတယ်.. .. ..

10. Power supply problems



ကွန်ပျူတာကိုထိုးရပ်သွားစေတဲ့ နောက်ဆုံးအကြောင်းရင်းကတော့ ပါဝါဆပ်ပလိုင်းပြဿနာဖြစ်ပါတယ်။ လျှပ်စစ်မီးအား မတည်ငြိမ်ပဲအတက်အကျဖြစ်တာ ဒါမှမဟုတ်ရုတ်တရက်ပျက်တောက်သွားတာ များလာတဲ့အခါ ပါဝါဆပ်ပလိုင်းကိုထိခိုက်လာစေနိုင်ပါတယ်။

9. Overheating




ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါပျက်စီးစေနိုင်တဲ့အတွက် ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။ တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို ချက်ခြင်းစစ်ဆေးသင့်ပါတယ်။
 

8. Software




ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း ကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှစနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကို ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ် Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။

7. PrintersPrinter



Printers Printerကြောင့်လည်း ကွန်ပျူတာ Crash ဖြစ်နိုင်ပါတယ်။ Document တစ်ခုခုကိုပရင့်ထုတ်တဲ့ အခါမှာ မူရင်းဖိုင်ထက်ကြီးတဲ့ Postscriptဖိုင်တစ်ခုကိုဖန်တီးရလေ့ရှိပါတယ်။ တကယ်လို့ ပရင်တာမှာ Buffer လို့ခေါ်တဲ့ကိုယ်ပိုင် Memory နည်းနေမယ်ဆိုရင် Post script ဖိုင်ကပမာဏများနေမယ်ဆိုရင် Printer ကို Over Load ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပရင့်ထုတ်တဲ့အခါ CPU ကိုလည်းသိသိသာသာအသုံးပြုတဲ့အတွက် ကွန်ပျူတာကိုနှေးသွားစေနိုင်ပါတယ် ။

6. Viruses


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများစွာထဲမှ ဖြစ်နိုင်ခြေအရှိဆုံးအရာကတော့ဗိုင်းရပ်စ်ကြောင့်ပါ။ ဗိုင်းရပ်စ်ကာကွယ်တဲ့ဆော့ဖ်ဝဲသာတင်မထားခဲ့ဘူးဆိုရင်ကွန်ပျူတာကို ပထမဦးဆုံး ဗိုင်းရပ်စ်ကူးစက်တာနဲပ ချက်ချင်းမသိနိုင်ပါဘူး။ဗိုင်းရပ်စ်ဆိုတာမျိုးက တိတ်တဆိတ်ဝင်ရောက်လာတတ်တာမျိုးပါ။ဗိုင်းရပ်စ်အကြောင်းက ကျယ်ပြန့်လွန်းလို့ ဒီနေရာမှာတော့အကျဉ်းချုပ်ပဲရေးပါရစေ။

5. Fatal OE exceptions and VXD errors


ဒီError အမျိုးအစားက ဗီဒီယိုကဒ်ကြောင့်ဖြစ်တတ်ပါတယ်။ ဟိုးအရင်ကဒ်အဟောင်းတွေမှာသာ အဖြစ်များပြီး အခုခေတ်ပေါ်ကဒ်များမှာတော့အဖြစ်နည်းသွားတာတွေ့ရပါတယ်။ အများအားဖြင့် Graphic Memory နည်းတဲ့ကဒ်များမှာ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းအချို့ရှိပါတယ်။ပထမဦးဆုံးနည်းလမ်းကတော့ Resolution ကိုလျော့ချခြင်းပါ။Start>Settings>Control Panel>Display>Settings tab သို့သွား၍ဖြစ်စေDesktop အလွတ်တစ်နေရာကို Mouse ထောက်ပြီး Properties ကိုခေါ်၍ဖြစ်စေ Display Properties box ကိုဖွင့်ပါ။


4. Hard disk drives



ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော့Start>Programs>Accessories>System Tools>Disk Defragmenter ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲDefragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့် ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။ နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။ Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ် ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

3. BIOS settings




Motherboard တိုင်းမှာ အသုံးပြုထားတဲ့ chipset တွေရဲ့ Setting ကိုထိန်းချုပ်ပြောင်းလဲပေးနိုင်ပါတယ်။ဒီSetting တွေကိုဝင်ဖို့အတွက် Boot up စတက်လာတဲ့အချိန်မှာF2 ဒါမှမဟုတ် Delete ကိုနှိပ်ပေးလိုက်ရပါတယ်။ဘယ်ကီးကိုနှိပ်ရမလဲဆိုတာကတော့ Montherboard အမျိုးအစားပေါ်မူတည်ပါလိမ့်မယ်။

       BIOS မှာ ပြင်တော့မယ်ဆိုရင် သတိကြီးကြီး ထားဖို့တော့ လိုအပ်ပါတယ်။အကောင်းဆုံးကတော့ မူလ setting တွေကို စာရွက်တစ်ရွက်ပေါ်မှာချရေးထားဖို့ပါပဲ။

2. Bad RamRam




ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီRam ကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။

     fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

     တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

1. Hardware conflict



Windows crashes ဖြစ်နိုင်တဲ့အကြောင်းအရာအများကြီးထဲမှာမှ အဖြစ်နိုင်ဆုံး အကြောင်းရင်းတစ်ခုက ဟာ့ဒ်ဝဲအချင်းချင်းအဆင်မပြေဖြစ်တာပါပဲ။
ဟာ့ဒ်ဝဲတစ်ခုစီအတွက်ကွန်ပျူတာကို ချိတ်ဆက်တဲ့အခါမှာ ဘယ်လမ်းကြောင်းကနေချိတ်ဆက်မလဲဆိုတဲ့Interrupt Request Channel (IRQ) တွေ သတ်မှတ် ထားတာရှိပါတယ်။

Wednesday, 3 April 2013

ကွန်ပျူတာ Crash ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ၁၀ ချက်

ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း တစ်ခါမဟုတ်တစ်ခါတော့ fatal error ဆိုတာကိုမြင်ဖူးကြုံဖူးကြမှာပါ။

          Fatal error တက်လာတဲ့အခါမှာ ထွက်လာတဲ့စာသားက
"Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications." ပါတဲ့။Microsoft Windows 98 မှာ အများဆုံးတွေ့တတ်ပါတယ်။

        Ctrl+Alt+Delete ကိုနှစ်ခါဆက်တိုက်နှိပ်လိုက်မိတဲ့အချိန်မှာ အထက်ကစာသားမျိုးထွက်လာပါလိမ့်မယ်။Enterကိုနှိပ်ရင် Windows ကိုရောက်သွားမယ်၊ Ctrl+Alt+Deleteကိုထပ်နှိပ်မယ်ဆိုရင်တော့ Computer က Restart ဖြစ်သွားပါလိမ့်မယ်။ Restartဖြစ်သွားမယ်ဆိုရင် လည်းလက်ရှိလုပ်နေတဲ့အလုပ်တွေ save လုပ်မထားရင်တော့အကုန်ပျက်ကုန်မှာပေါ့။Windows XP မှာတော့ အဲဒီလိုမျိုးဖြစ်ခဲပါတယ်။

      Ctrl+Alt+Delete နှစ်ခါနှိပ်လည်း Task Manager ပဲထွက်လာမှာပါ။ ဒါပေမယ့်ဘယ်ဝင်းဒိုးမှာပဲဖြစ်ဖြစ် ကြုံတွေ့နိုင်တဲ့ အဆိုးဝါးဆုံး error ကတော့ BlueScreen of Death လို့ခေါ်တဲ့ အပြာပြင်နောက်ခံနဲ့စာသားတွေတက်လာပြီးချက်ချင်းထိုးရပ်သွားတတ်တာပါပဲ။ ဒီလိုဖြစ်ပြီဆိုရင်တော့Restart လုပ်ရုံမှတပါး အခြားမရှိတော့ပါဘူး။ Saveမလုပ်ထားသမျှတော့သဲထဲရေသွန်ဖြစ်ပြီပေါ့ဗျာ။ဒီလိုအဖြစ်မျိုးမကြုံရအောင်ကြိုတင်ကာကွယ်ဖို့ဆိုရင် ဘာကြောင့်ဒီလိုဖြစ်တတ်တယ်ဆိုတာသိထားရင်….အကောင်းဆုံးပါပဲ။

          computer crash ဖြစ်နိုင်တဲ့အဓိက အကြောင်းရင်း (၁၀) ခု ရှိတယ်ဗျ။အဲဒီ (၁၀) ချက်ကဘာတွေလဲဆိုတော့ ...
 
1. Hardware conflict
2. Bad Ram
3. BIOS settings
4. Hard disk drives
5. Fatal OE exceptions and VXD errors
6. Viruses
7. Printers
8. Software
9. Overheating
10. Power supply problems


1 ခုချင်းဆီ Post တင်ပေးပေါ့မယ် .. .. ..
Credit : đęЩюΉų№të® (MMCyber)

အခန်း ၂ [Trojan Horse (လျှို့ဝှက်ဝင်လာသော ရန်သူ့လက်ပါးစေ)]

အခန်း ၂ (Trojan Horse (လျှို့ဝှက်ဝင်လာသော ရန်သူ့လက်ပါးစေ)

ကျွှန်တော် Trojan Horse ရဲ့ ကွန်ပျုတာနှင့်မသက်ဆိုင်သော သမိုင်းဇာတ်လမ်းလေးကို အစကမပြောမလို့ပဲ။ လူတိုင်းသိတယ်ထင်လို့ပါ။ ဒါပေမဲ့ မသိတဲ့လူတွေရှိရင် ဒါလေးသိရင် ပိုပြီးနားလည်မယ်ထင်လို့ ထည့်ရေးလိုက်တာပါ။

ဒါက Trojan War လို့ခေါ်တဲ့ Greek နှင့် Troy ၁၀ နှစ်ကြာ စစ်ပွဲမှာ Troy တွေရဲ့ ၁၀ နှစ်ကြာအဝိုင်းခံနေရတဲ့ Greek ကသူ့မြို့ကို စွန့်ခွါသွားတဲ့ ပုံစံနှင့် ဟန်ဆောင်ပြီး ဂရိစစ်သည်အချို့ကို ကြီးမားတဲ့ မြင်းရုပ်ကြီးထဲထည့်ပြီး ထားခဲ့ပါတယ်။ Troy တွေက စစ်အောင်တဲ့ အထိမ်းအမှတ်နဲ့ မြင်းရုပ်ကြီး သူတို့မြို့ကြီးထဲ သွင်းခဲ့တယ်။ ညကျတော့မှ စစ်သည်တွေဟာ ထွက်လာပြီး ဂရိမြို့တံခါးကိုဖွင့်ပြီး တိတ်တဆိတ်ပြန်လာတဲ့ ဂရိစစ်တပ်အတွက် တံခါးဖွင့်ပေးခဲ့ပါတယ်။ ထို့နောက် Troy တွေရဲ့ ဝိုင်းခံထားရတဲ့ ဂရိတွေဟာ စစ်ပွဲကို ပြီးဆုံးယုံတာမက Troy တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီမှာ လှည့်စားမှုက မြင်းရုပ်ပါ။ ဒီ Trojan Horse ရုပ်ထုကိုတာ Troy တွေသူတို့မြို့ထဲ မသွင်းခဲ့ရင် Troy တွေအနိုင်ရနိုင်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့ အားနည်းမှုကို သူတို့ဘာသာဖွင့်ပေးအောင် ထောင်ချောက်ဆင်ခဲ့နိုင်ပါတယ်။ ဘယ်လောက်လှပတဲ့ လုံခြုံရေးအားနည်းချက်ကို မိမိကိုယ်တိုင်ဝင်ခွင့်ပေးအောင်လုပ်တဲ့ လှည့်စားမှုဆိုတာ လူတိုင်းခံစားမိမှာပါ။
ဒီလိုပါပဲ။ ကွန်ပျုတာစနစ်တော်တော်များများကို ချိုးဖောက်ပေးဖို့ကူညီတာက ဒီ Trojan Horse Program လေးတွေပါ။ Trojans တွေဟာ တစ်ပတ်မှာရာနဲ့ချီပြီး ထွက်ရှိနေတာပါ။ ထက်ထွက်လာတဲ့ program တွေကလဲ အရင်ထက် ပိုပြီးကောင်းအောင် ဖန်တီးထားနိုင်ပါတယ်။ Trojans တော်တော်များက Windows based PCs တွေကို တိုက်ခိုက်ဖို့ ဦးစားပေးရေးထားကြတာပါ။

Tuneup Utilities 2013 (Serial Keys)

Tuneup Utilities 2013 (key) တွေပါ . . Tuneup-Utilities-2013-full-version Post မှာ Key တွေနဲ့ အဆင်မပြေတဲ့သူတွေအတွက်ပါ .. .. .. ..

Serial Keys : -

V3FVHT-E5C07N-P8N937-6BMVR9-MQ1TM5-DCCAB5

70F1WN-63H489-XP84MP-H4JDH3-JW22XQ-EPEVCB

TD7QPK-PX1VPT-4CAT0N-V6HTNN-AACXWX-NBXQ97

1PBM0X-DV6JYB-XCPMH0-NA6QF9-H70R6A-B3CHTB

KHEHD5-1AQDQ4-EW50M6-7FWAH7-PY--PB61-RYDTH5

Tuesday, 2 April 2013

အကောင်းဆုံး လုံခြုံရေးဆိုင်ရာ Firefox addons ဆယ့်တစ်မျိုး။

ဒီနေ့ခေတ်မှာ အွန်လိုင်းသုံးသူတိုင်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် သတိထားရမဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် အောက်မှာ အကောင်းဆုံး လုံခြုံရေးဆိုင်ရာ Firefox addons ဆယ့်တစ်မျိုး
မျိုး ကိုဖော်ပြလိုက်ပါတယ်။ 


Skynet သုံးသူများအတွက် cgi login page ဖွင့်နည်း

ဒီပိုစ့်လေးမှာ ကျနော် skynet သုံးသူများအတွက် cgi page ကြည့်နည်းကိုမျှဝေပေးပါ့မယ်။ အဲ့ဒီ cgi page ကိုကြည့်ခြင်းအားဖြင့် မိမိရဲ့ ကွန်နက်ရှင်ဘယ်လောက်ရှိလဲ  signal ဘယ်လောက်မိလဲဆိုတာကို သိရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ page ကိုဖွင့်လိုက်တိုင်း 502 cgi page error ဆိုတာတက်နေပါတယ်။အဲ့ဒါရုံးကိုဖုန်းဆက်ကြည့်တော့သူတို့လည်း မသိကြောင်း၊ နောက်မှသိရသည်မှာ ISP မှ cgi login page ကိုပိတ်ထားကြောင်းသိရပါတယ်။အဲ့ဒီတော့ ကွန်နက်ရှင် ဘယ်လောက်ရှိလို့ရှိမှန်းမသိ လိုင်းပြုတ်လားမပြုတ်လားမသိဖြစ်နေပြီး ဒီလိုလေးဘဲ အင်တာနက်ကိုသုံးနေရတာပေါ့။ အခု အဲ့ဒီ page ကိုဘယ်လိုဖွင့်မလဲဆိုတာ ပြသွားပါ့မယ်။ ရုံးကလူတွေသိရင်တော့  :1 :1 အဲ့လိုဖြစ်မှာ သေချာတယ်။ ဒါကတော့ အရင်ပုံပါ။ cgi page login ၀င်နည်းကတော့ internet explorer မှာ