Thursday, 7 March 2013
What is Backtrack ?
Backtrack ဆိုတာ Security အတွက်ရည်ရွယ်ပြီးထုတ်လုပ်တဲ့ Linux မူကွဲတစ်ခုဖြစ်ပြီး အကောင်းဆုံးသော Free penetration testing applications တွေကိုတစ်စုတစ်စည်းတဲ့တစ်နေရာတည်းမှာစုံစုံလင်လင်ရယူသုံးစွဲနိုင်အောင် ပြုလုပ်ထားပါတယ် ။ Backtrack ဟာ Ubuntu ပေါ်မှာ အခြေခံပြီး Customize လုပ်ထားတာဖြစ်ပါတယ် ။ သူ့ရဲ့ Version တစ်ခုတိုင်းစီမှာ Code name တွေရှိပါတယ် အခုနောက်ဆုံးထွက်ထားတဲ့ Version ရဲ့ Code name ကတော့ Revolution နဲ့ the newest update-release ကတော့ – BackTrack 5 R3 ပဲဖြစ်ပါတယ်။
Backtrack ဟာ penetration testers တွေနဲ့ အခြားသော security professionals တွေအတွက် သီးသန့်ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပြီးတော့ အကောင်းဆုံး Security နဲ့ penetration application တွေကို free software community မှာလိုအပ်တဲ့ software တွေကို ရယူနိုင်ပါတယ်။ တစ်ခုသတိထားရမှာကသုံး Backtrack ဟာ ကျွန်တော်တို့ချင်သလို Email စစ်ဖို့နဲ့ အခြားသော Internet application တွေသုံးဖို့အတွက်ပဲဆိုရင်တော့ Backtrack ကို အသုံးပြုရန်မလိုအပ်ပါဘူး ။
Backtrack ဟာ DVD Installation အနေနဲ့ 32 bit နဲ့ 64 bit image ကို Gnome Desktop environment နဲ့ KDE Desktop environment ဆိုပြီးနှစ်မျိုးလုံးကို ကိုယ့်စိတ်ကြိုက်ဒေါင်းလုဒ်ဆွဲချနိုင်အောင်စီစဉ်ပေးထားပါတယ် ။
Backtrack က တစ်ခြားသော Linux မူကွဲတွေနဲ့မတူတာက Boot တက်ပြီးပြီးခြင်း graphical desktop environment ကိုမသွားပဲနဲ့ Boot Menu ကိုခံထားတာပါ နောက်မှာ Startx ကိုနှိပ်ပြီး enter ခေါက်မှာ graphical desktop environment ကိုရောက်သွားတာပါ နောက် သူ့ကို Live အနေမှာတင်မဟုတ်ပဲ Install လုပ်ပြီးရင်လည်း Startx ကိုနှိပ်ပြီးမှာ login ၀င်ရမှာပါ Default User Name က root ဖြစ်ပြီးတော့ Password ကတော့ toor ပဲဖြစ်ပါတယ် နောက်မှာ ကိုယ့်စိတ်ကြိုက်ပြန်ပြင်နိုင်ပါတယ်.။
Backtrack ကို Install လုပ်ရာမှာလဲ Backtrack က Ubuntu Desktop ကိုအခြေခံထားတဲ့အတွက် Install လုပ်တဲ့နေရာမှာ Ubuntu အတိုင်းပါပဲ Ubuntu ရဲ့ graphical installer ကိုသုံးထားပါတယ် ( Backtrack 5 က Ubuntu Desktop 10.04 LTS ပေါ်မှာအခြေခံထားတာပါ.) Install လုပ်နည်းအမျိုးမျိုးကိုတော့ www.backtrackmyanmar.net မှာ လေ့လာနိုင်ပါတယ် ။
Backtrack ကို Penetration လုပ်ဖို့ပဲထုတ်လုပ်တာဖြစ်တယ်ဆိုပေမယ့်တစ်ခြားနေ့စဉ်အသုံးပြုနေရတဲ့ အသုံးများတဲ့ Software တွေကိုလည်းသုံးနိုင်ပါသေးတယ်… ဥပမာ – Firefox ပေါ့ Firefox 14 latest Version ကို Installed လုပ်ပေးထားပါတယ် သူကတစ်ခြား Linux ပဲဖြစ်ဖြစ် Window မှာပဲဖြစ်ဖြစ်သုံးသလိုသုံးလို့ရပါတယ်…နောက် Add on တွေလည်းသုံးလို့ပါတယ်.. Firefox အပြင် တစ်ခြား desktop accessories နဲ့ system utilities တွေ အသုံးဝင်တဲ့ application တွေကို penetration တွေအပြင် သုံးနိုင်အောင်လည်းစီစဉ်ပေးထားပါတယ် Backtrack 5 R3 မှာ Tool အသစ်ပေါင်း ၆၀ ကျော်နဲ့ “physical exploitation” ဆိုပြီး category အသစ်တစ်ခုပါဝင်ပါတယ်…။
Credit - backtrackmyanmar.net
Subscribe to:
Post Comments (Atom)
နဲနဲတော့ နားလည်စပြုလာပါပြီ.. အကို ...
ReplyDeleteကျေးဇူးတင်ပါတယ်.. ဗျာ..