Friday, 1 March 2013

Windows 7 Repair Disc (BOOTMGR is missing)


ကျွန်တော့်လိုမျိုး ဖြစ်ဘူးတဲ့ လူတွေ ရှိလောက်မယ်ထင်တယ်..  BOOTMGR is missing ဖြစ်တဲ့ အကြောင်းလေးပါ .. ကျွန်တော် Windows ကိုနဲနဲကလိပြီး Recover ပြန်ချတဲ့နေ၇ာမှာ battery plus မတက်မိဘဲ လုပ်လိုက်တာ.. တ၀တ်မှာ ပိတ်သွားပြီး ပြဿနာ စတာဘဲ  တော်တော်လဲ စိတ်ညစ်သွားတယ်.. BOOTMGR is missing ဆိုပြီး ပေါ်လာတယ်..

 ပြီးတော့ Press Ctrl+Alt+Del to restart ဆိုတဲ့အတိုင်း လုပ်တာ မရပါဘူး.. တော်တော်လဲ ညစ်သွားတယ်..ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတာထပ် ဟိုရှာ ဒီရှာ မှာကောင်းမယ်ဆိုပြီး လိုက်ရှာတာ ကိုလင်း ရေးထားတဲ့ Windows 7 Repair Disc အကြောင်း ဖတ်လိုက်မိတယ်.. သူရေးတဲ့အတိုင်း ပြန်တင်ပေးမလို့ ဘဲ ဒါမဲ့ မတူတာတချို့ တွေ့ လို့ ပြန်ပြင်ပြီး ရေးပေးလိုက်ပါတယ်... နောက်ပြီး Download Link တွေသေနေပါတယ်.. ခု Download လင့်က forum.probz ထဲက ယူလာတာလေးပါ ..
ပထမ ဦးဆုံး ..
Win7 32 Bit Repair Discကို အောက်ကလင့်၌ Download ယူပါ
http://www.forum.probz.net/index.php?/files/file/18-windows-7-recovery-environment-iso/


Win7 64 Bit Repair Discကို အောက်ကလင့်၌ Download ယူပါ
http://www.forum.probz.net/index.php?/files/file/19-windows-7-recovery-environment-iso/

157.2 MB လောက်ဘဲ ရှိပါတယ်.. Download လုပ်ပုံတော့သိလောက်မယ် ထင်ပါတယ်.. link ကိုနိုပ်ပြီး ဘေးနားက ဒေါင်းလုပ် လုပ်လိုက်ပါ ..


အားလုံးပြီးသွားပြီဆို အဲ့ ISO ဖိုင်ကို DVD Writer တခုခုနဲ့ Burn လိုက်ပါ .ပေါ့ပေါ့ ပါးပါးလေးနဲ့ အသုံးဝင်တဲ့ Free ISO Burner နဲ့ ဒေါင်းလဲ အဆင်ပြေပါတယ်.. http://www.mediafire.com/?ituxif9l3a7d7lw .
 အားလုံးပြီးပြီဆို လုပ်ငန်း စ လို့ ရပါပြီ ,
Windows စတက်တက်ခြင်း Boot ခေါ်လိုက်ပါ .. (ကျွန်တော့် laptop က F2 ပါ) Boot တက်လာပြီဆို FirstBoot မှာ CD/DVD ပြောင်းပေးလိုက်ပါ ... ပြီးရင် ကိုယ်ခုနက Burn ထားတဲ့ အခွေ ထည့် RUN လိုက်ပါ .. ပြီးရင်အားလုံး Save exit လုပ်ပြီး Restartချလိုက်ပါ .. ပြန်တက်လာရင် “Press any key to boot from CD or DVD” ဆိုတဲ့ စာကြောင်းပေါ်လာပါလိမ့်မယ်.. ဒါဆို Key တခုခု နိုပ်ပေးလိုက်ပါ ။ သူ့ ပုံစံက Windows တင်တလိုပါဘဲ .. အားလုံးပြီးသွားပြီဆို စောစောက recoverလုပ်တလိုပေါ်လာပါလိမ့်မယ်.. ဒါဆို တခုချင်းဆီ ပေါ်လာတမျှ အားလုံး Next နဲ့ ဆက်လုပ်သွားယုံပါဘဲ ...
အားလုံးအားလုံးပြီးသွားရင်တော့ Windows ပြန်တက်လာပါလိမ့်မယ်.. (ဆိုင်က အသစ်ဝယ်ဝယ်ချင်း ပုံစံလေး ပြန်ဖြစ်သွားပါပြီ .) ကဲ့.. ကျွန်တော်လဲ ဒီကိစ္စနဲ့ တော်တော်တိုင်ပတ်ဘူးတယ်.. ငိုတောင်ငိုချင်တယ်.. ကိုယ့် laptop လေးကြွသွားပြီဆိုပြီးး xD

0 comments:

Post a Comment