မြန်မာပြည်မြေပုံကို Offline မှာ ကြည့်လို့ရသလို ရန်ကုန်၊မန္တလေး စသော မြို့ကြီးတွေရဲ့ ဆိုင်လိပ်စာတွေ တည်နေရာတွေကို အလွယ်ရှာလို့ရပါတယ် ။
အွန်လိုင်းမှာဆိုရင် http://www.myanmarexplore.com/ မှာ register လုပ်ပြီး ဒေါင်းရတာပါ ။
ရန်ကုန်မှာဆိုရင်တော့ Free ပေးတယ်လို့တော့ ကြားမိပါတယ် ။
Software Installer CD အရောင်းဆိုင်တွေမှာလည်း ဝယ်လို့ရအောင် ဖြန့်ထားတယ်လို့တော့ ကြားမိပါတယ် ။
ကျွန်တော်အွန်လိုင်းက ဒေါင်းပြီးသုံးကြည့်တော့ အတော်ကိုကောင်းပါတယ် ။
ရန်ကုန်၊မန္တလေး မြို့တွေအတွက်ဆို Google Earth မှာလိုမြင်နိုင်တဲ့ ကောင်းကင်ဓါတ်ပုံတွေကိုလည်း ဒေါင်းပြီးကြည့်နိုင်ပါတယ်။
တနိုင်ငံလုံးက မြေပုံကို ကြည့်ချင်ရင် မြေပုံဖိုင်ကို ဒေါင်းပြီး ကြည့်လို့ရတာတွေ့မိပါတယ် ။
Software File Size ကတော့ 100 MB ကျော်ကျော်ရှိပြီး မြန်မာလမ်းပြမြေပုံကတော့ 200 MB ကျော် ရှိပါတယ် ။
အသုံးပြုရတာတော့ သိပ်မခက်ပါဘူး မြန်မာလိုတွေပဲရေးထားတာမို့ပါ ။
နောက် ဆိုဒ်မှာလည်း Software အသုံးပြုပုံ ဘာတွေကို Install လုပ်ရင်ဘာရလာမယ် အစရှိသလို ရေးထားပါတယ်။ ဆိုဒ်မှာဘဲ သွားလေ့လာလိုက်ပါ .. :) have fun ~!
0 comments:
Post a Comment