Tuesday, 5 March 2013

VMware installation with backtrack5 on Window 7


ခု  Backtrack 5 ကို Window ပေါ်မှာဘဲ သုံးချင်ကျတဲ့ ညီကိုတွေအတွက်ပါ .. မသိတဲ့ ညီကိုတွေအတွက်ပါ ..  vmware player / vmware workstation ဆိုပြီး၂မျိုးရှိပါတယ် သူက linux system မှာလိုပဲ wine နဲ့တူပါတယ် သူက OS တစ်ခုပေါ်မှာ တစ်ခြား OS တစ်ခုကို run ပေးနိုင်ပါတယ်….. သူကိုအရင်စက်ထဲ install လုပ်ရအောင် .. သူ့ မူရင်းဆိုဒ်မှာလဲ သွားဒေါင်းနိုင်ပါတယ်.. သူ့ မူရင်းဆိုဒ်ကတော့ https://www.vmware.com/ ပါ .. support and download ထဲသွားပြီး Register လုပ်ပြီး Free ဒေါင်းလုပ် ဆွဲလို့ ရပါတယ်.. ဒါမှမဟုတ် တခါထဲ ဒေါင်းချင်တယ်ဆိုရင်တော့
VMware Player 5.0.1 ကိုသွားပြီးဘေးနားက Download Latest Version ကိုနိုပ်ပြီး တခါထဲ Download လုပ်လို့ ရပါတယ်..
 ဒါကတော့ ဒေါင်းပြီးရင် စ Install လုပ်ပါပြီ.. အဆင့်ဆင့် Next နိုပ်လာပါ .. (ကြားထဲက Photo တွေအထည့်တော့ပါဘူး)
 ဒါဆို ဒီလိုပေါ်လာပြီဆိုရင် .. Yes လိုက်ပါ နောက် OK ပေါ့…..နောက်တစ်ပုံကိုကြည့်ပါ……….
 ဒီလိုပုံပေါ်လာပြီဆို အကုန်လုံးပြီးသွားပါပြီ VMware install လို့ ပြီးပါပြီ... ဒါဆို ညာဖက်အပေါ်ဆုံးက Create New Virtual Machine ကိုနှိပ်လိုက်ပါ .. အောက်ကပုံအတိုင်းကျလာပါလိမ့်မယ်..
 ဒါဆို Installer Disc image file (ios): ကိုရွေးပြီး Browse.. မှာ ကိုယ် ခုနက ဒေါင်းထားတဲ့ BT ကိုထည့်လိုက်ပါ .. ပြီးရင် Next ပေါ့ ..
 ဒါကတော့ ကိုတင်မည့် system ကိုရွေးပေးရပါမယ် .. အခုကျွန်တော်တို့က Linux system ကိုတင်မှာပါ Linux ကိုရွေးပေးပါနောက် အောက်မှာ Ubuntu ကိုရွေးပေးလိုက်ပါ ဘာလို့လဲ ဆိုတော့ Backtrack က Ubuntu Base ဖြစ်လို့ပါ…………
 Virtual machine name မှာ နာမည်ပေးလိုက်ပါ .. (ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ ရပါတယ်)
 ဒီပုံကတော့ သူ့ကိုဘယ်လောက် space ပေးမလဲပေါ့ ကိုယ်စက်ရဲ့space အနေအထားကိုလိုက်ပြီးပေးလိုက်ပါကျွန်တော်ကတော့ 20GB ပေးထားပါတယ်နောက် Split virtual disk into Multiple files ကိုရွေးပေးပြီး Next ကိုနှိပ်လိုက်ပါ ..
 ကိုယ့်စက်ကဘယ်လောက် Hardware ကိုသုံးမလဲဆိုတာသူပြပါလိမ့်မယ် ကိုယ်ကပြင်ချင်တယ်ဆိုရင် Customize Hardware ကိုနှိပ်ပြီးစိတ်ကြိုက်ပြင်နိုင်ပါတယ် (ကျွန်တော်ကတော့ မပြင်ပါဘူး)  နောက် Finish ကိုနှိပ် ပါ……… ဒါဆို Backtrack Vmware ပေါ်မှာ မောင်းသွားပါလိမ့်မယ်.. သူဟာသူ install လုပ်ပြီးတက်လာပါလိမ့်မယ်…….ပုံမှာကြည့်ပါ…….
 ဒါကတော့ BT စတက်လာပါပြီ.. ဒါဆို Enter နိုပ်ပြီး Boot တက်လာပါလိမ့်မယ်.. Boot တက်လာရင် startx လို့ command ပေးပြီးဝင်နိုင်ပါတယ် .. ( အကယ်၍ User Name တွေ Pass တွေ တောင်းလာရင်တော့  username: က root  ပါ .. password က toor ) ကျွန်တော့်ဆီမှာတော့ Install Backtrack နိုပ်ပြီး install လုပ်မှ မေးတာများပါတယ်.. user ရိုက်ပြီး Pass ၇ိုက်တဲ့အခါ Pass စကားလုံး မပေါ်တာများတယ်.. ရမ်းတန်းမှန်းပြီး toor လို့ ၇ိုက်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆို သူ့ အော်တိုတက်လာပါပြီ.. ကဲ့ .. Bt install လုပ်လို့ ပြီးပါပြီ.. ကျန်တာတော့ အထဲမှာလျှောက်မွေလို့ ရပြီပေါ့ ... :D
Have Fun # :)

P.S > ပုံတွေကတော့ hacking နည်းပညာ ဆိုဒ်တခုဖြစ်တဲ့ >  ghostarea.net ထဲက ပါ .. အဆင်မပြေတာရှိ Cbox ထဲမှာေ၇းပေးခဲ့ပါဗျာ.. :)

3 comments:

  1. အကို ကျွန်တော်စာတွေပဲ တွေ့ရတယ်.. ပုံတွေ မမြင်ရဘူးဗျ... သိလား.. ဘာလိုနေလဲ မသိဘူး.. ပြီးတော့ အကို့ဆိုဒ်ကို သူငယ်ချင်းတွေကို Share လုပ်ပေးလိုက်မယ်နော်.. အဆင်ပြေတယ်မဟုတ်လား...

    ReplyDelete
    Replies
    1. ဟုတ်တယ် bro .. ghostarea.net က ပုံတွေ ဖျက်လိုက်လို့ ပါ .. ကျွန်တော်ပြန်တင်ပေးပေါ့မယ် .. ..

      Delete
  2. အကိုရေ ကျနော်backtrack r3 run ရဘူး r2က run ရပမေယ့် နောက်တော့errorတက်လာတယ်startxရိုက်အပြီးမှာ ဘာလို့လဲသိနိုင် မလား

    ReplyDelete