Tuesday, 7 May 2013

::.Strings.::


::.Strings.:: 
String ဆိုတာ စာသားတွေကိုခေါ်ဆိုရာမှာ အသုံးပြုပါတယ်.. .. သိပ်တော့အရေးမကြီးဘူးတော့ထင်ပါတယ်.. .. ဒါမဲ့ HC မှ အကျယ်တ၀န့် ရှင်းပြထားလို့ ပါ ... ကျွန်တော်တို့  Python မှာ Hello World ကို Print ထုတ်တဲ့အခါ print"Hello world" နော်.. နောက်ပိုင်း Python ကိုလေ့လာရင် String နဲ့ တော့ သိပ်မစိမ်းတော့မှာမဟုတ်ပါဘူး ...



>>> "Hello . We Are MHU"

အဲ့ဟာကို Python Shell နဲ့ ခေါ်ကြည့်လိုက်ပါ ...  “ံHello . We Are MHU” ဆိုတဲ့ စာသားကို အဖြေထုတ်လို့ ရတဲ့ စာသားပေါ်ပါလိမ့်မယ်.. အဲ့ စာသားကို String လို့ခေါ်ပါတယ် ... String ကိုဘယ်လိုပြောပြရမလဲ.. ဘယ်လိုပြော၇မလဲ "အိုအေးရှန်" :P ငိငိ နောက်တာ :D  ဒါပေမယ့် String တွေကိုရေးတဲ့အခါ ကွန်မန့် တွေက ပြသနာနဲနဲရှိပါတယ် ...
"YoyO "said" aYuu"
ဒါဆိုရင် ...

>>> "YoyO "said" aYuu"
SyntaxError: invalid syntax

 “Yoyo “said” aYuu” ဆိုတဲ့စာကြောင်းမှာ "Yoyo "said" မှာ နှစ်ထပ်ကော်မာ ဖြစ်သွားပါတယ် ၊ ဒါကြောင့် Python က Misunderstanding (နားမလည်ဘူးပေါ့ ငိငိ :D)  ... သူထင်တာက “Yoyo “said"... ဆိုပြီး "s ရဲ့ အနောက်မှာတင်စာကြောင်းဆုံးသွားပြီထင်တာပါ ၊ ဘာဖြစ်လို့ လဲဆိုတော့  စာကြောင်းက "s ရဲ့အနောက်မှာ ကော်မာတစ်ခုထပ်တွေ့လို့ပါ ၊ ဒါကို ဖြေရှင်းဖို့အတွက် "said" ကိုဝိုင်းထားတဲ့ကော်မာ နှစ်ခုကို တစ်ထပ်ကောမန့် အဖြစ်ပြောင်းလဲနိုင်ပါတယ်.. ဒါဆို ပြောင်းကြည့်ရအောင် ....

>>> "Yoyo 'said' Ayuu"
"Yoyo 'said' Ayuu"

ဒါဆိုရင် ကော်မာ ပုံစံကိုပြောင်းလိုက်ရင်တော့ အဖြေကိုထုတ်ပေးပါလိမ့်မယ်.. လွယ်တယ်နော် :D .. နောက်ထပ်လေ့လာလို့ ရတဲ့ String ရှိပါသေးတယ် .. Strings တွေကိုပေါင်းပြီး အဖြေထုတ်တာပါ ၊ စာသားတွေကိုပေါင်းပြီး ဒါမှ မဟုတ် ခွဲထားတဲ့ စာလုံးတွေကို အဖြေထုတ်တဲ့အခါမှာလဲ သုံးဝင်ပါတယ်..

>>>a = "We Are"
>>> b = "MHU. "
>>>a + b
'We Are MHU. '

ဒီအပိုဒ်ကိုဘယ်လိုရှင်းပြရမလဲ .. (မရှင်းပြတက်တော့ဘူး ငိငိ ) လုပ်ပါဦး ကိုကိုမာစတာဂိ . :D ကိုကိုနယူးဗိုက် နဲ့  ကိုဇီးတို့ ရှင်းပြပါဦး .. HC မှာတော့ သေချာရေးထားပါတယ်.. ဒါမဲ့ထပ်နားမလည်တော့လို့ ပါ .... ကျွန်တော်နားလည်တလိုပြောရင် ကိန်းရှင်တခုဖြစ်တဲ့ a တန်ဖိုးကို string ဖြစ်တဲ့ We Are နဲ့  နောက်ကိန်းရှင်တခုဖြစ်တဲ့ B တန်ဖိုး၇ဲ့  String ဖြစ်တဲ့ MHU . အဲ့တာဆိုရင် တတိယ စာကြောင်းမှာ ကိန်းရှင်နှစ်ခုဖြစ်တဲ့ a နဲ့ b ကိုပေါင်းလိုက်ပါတယ်.. .. ဒါဆိုရင် အဖြေခေါ်လိုက်ရင် We Are MHU . ဖြစ်သွားတာပေါ့နော်.. ကျွန်တော်အဲ့မှာ တခုစဉ်စားမိတယ် .. Adding (+) နေရမှာတခြား Math အက္ခ၇ာတွေ အစားထိုးကြည့်တယ် .. Error တက်လာပါတယ်.. ငိငိ ဘယ်ရမလဲ ဂဏန်း မှမဟုတ်တာ ... String လေ :D


#Have fun :)

Copyright 2013 by liT2le(mhu) @ Python Think Tank

0 comments:

Post a Comment