Sunday, 26 May 2013

Facebook Acc Lock (or) Report [ Update 2013 ]


Facebook Acc Lock (or) Report ဖြစ်သူတွေအတွက် ~

ခုတလော User အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အလွယ်တကူ ပြန်ရနိုင်ပါတယ် ... အရင်ဦးဆုံး ဘာလို့ lock ကျလဲဆိုတဲ့အကြောင်းအရင်ရှင်းပြပေါ့မယ် ..

Facebook မှာ Acc lock ကျတယ်ဆိုတာ Hack ခံ၇လို့ ဘဲဖြစ်ဖြစ် IP မတူဘဲ ၀င်ရောက်လာလို့ ဘဲဖြစ်ဖြစ် Facebook က Lock ကျလိုက်ပါတယ်.. တချို့ က အစုလိုက်အပြုံလိုက် Report လုပ်လို့  Account Lock ဖြစ်တာပါ ။ အဲ့လောက်ဆိုဘာကြောင့် Lock ဖြစ်တယ်ဆိုတာသိလောက်ပါပြီ. . .

Lock ကျတဲ့ Acc ပြန်ယူနည်းက လွယ်ပါတယ်.. Lock ကျတဲ့ Acc ကို ၁ပတ် တိတိ ဒီတိုင်းထားပါ .. (ကျွန်တော်စမ်းတလောက်တော့ ၃ပတ်လောက်အချိန်ယူမှ ပြန်ရပါတယ်) သိပ်မကြာပါဘူး ၃ပတ်ဆိုတဲ့အချိန်က :) ဒီကြားထဲ Lock ကျတဲ့ Acc ကိုမကလိဖို့ ဘဲလိုက်ပါတယ်.. အကယ်၍ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက်ပိုကြာသွားနိုင်ပါတယ် ... ဒါမဲ့ တချို့ Acc တွေက အချိန်စောင့်စရာမလိုဘဲ Verification step အတိုင်းဘဲ ပေါ်လာပါတယ်.. အဲ့ထဲက  ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတဲ့ Step ကိုဘဲရွေးပေးလိုက်ပါ .. ဒါဆို ကိုယ့်Firend list ထဲမှာရှိတဲ့ Firend တွေ၇ဲ့ ဓာတ်ပုံနဲ့ ယှဉ်ပြီးရွေးခိုင်းမှာပါ ။ အဲ့မှာသတိထား၇မှာက ကိုယ်မသိတဲ့ ပုံနဲ့ နာမည်ပေါ်လာရင်  Skip လုပ်လိုက်ပါ .. 5ခုလောက်တွဲခိုင်းပါလိမ့်မယ်.. ကျွန်တော်စမ်းတလောက် Skip ကို ၃ကြိမ် အထိလုပ်ခွင့်ရှိပါတယ်.. Skip မနိုပ်ဘဲ အမှားများသွားရင် အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ပါ .. သူထပ်မေးပါလိမ့်မယ်..  အကယ်၍ သေချာတယ်ဆိုရင် Submit လုပ်စေချင်ပါတယ် ... အဲ့ဆို မှန်ရင်တော့ ချက်ချင်း lock ပြန်ဖွင့်လာပြီး မှားရင်တော့ ပြန် Lock ကျသွားပါလိမ့်မယ် :D



အကယ်၍ Verification step မပေါ်ဘူးဆိုရင် ID Photo တင်ခိုင်းပါလိမ့်မယ်.. တင်လိုက်ပါ .. ID Photo ဘာလဲ ?? သွားဖတ်ပါ ..  ID Photo တင်တဲ့အခါ သတိထားရမှာက ကိုယ့် ID ပုံက government-issued တခုခုပါထားရပါမယ်.. ကား License သို့ မဟုတ် Passport ဒါမှမဟုတ် မှတ်ပုံတင်လဲရပါတယ် .. ကျန်တော်ကတော့ Passport နဲ့  ID တင်လိုက်ပါတယ်... ဘာအန္တရယ်မှမရှိပါဘူး .. (ကျန်တော်အာမခံတယ် :P ) အရေးကြီးတာက Color နဲ့ ဖြစ်ရမယ် government-issued တခုခုဖြစ်ရမယ် . ပြီးတော့ your name, picture and birthday တွေကိုရှင်းလင်းပျက်သားရပါမယ် .... ID Photo အကြောင်းဆက်သိချင်ရင်တော့ www.facebook.com/help/159096464162185 မှာဆက်လေ့လာဖို့ တိုက်တွန်းပါတယ် . ID Photo ကတော့အကောင်းဆုံးပါဘဲ .. :) အဆင်ပြေချင်ရင် ခုချက်ချင်းပြန်တောင်ရတယ် :D ဒါမှ မတင်ချင်ဘူးဆိုရင်တော့ ၃ပတ် တိတိ အချိန်ယူပြီးစောင့်ပေးပါ .. .. အဲ့လိုဆိုရင် ကိုယ်ပြန်ဝင်တဲ့အခါ ဘာကြောင့် ဘယ်လို ဘယ်သူ ဘာလုပ် လို့ ဘာဖြစ်တယ်ပေါ့ :P မေးပါလိမ့်မယ် ဒါဆိုရင် Email တွေ Pass တွေချိန်းခိုင်းပြီး တချို့ Page တွေ App တွေကိုဖျက်ခိုင်းပါလိမ့်မယ်.. ဒါဆိုရင် ပြန် OK သွားပါလိမ့်မယ် ...  တချို့ က Account ကို ဖုန်းနံမှတ်ထည့်ထားတာတွေရှိပါတယ်.. ဒါဆိုအရမ်းလွယ်ပါတယ်.. ဖုန်းရှိရင်ချက်ချင်းကို ချက်ချင်းပြန်ရပါတယ်.. ဖုန်းနံမှတ် Auto ဖြည့်ပြီး Code ပို့ ပါလိမ့်မယ် အဲ့ code ကို သူသတ်မှတ်ထားတဲ့ box လေးထဲ ထည့်ပေးလိုက်ရင် ok သွားပါပြီ.. အဓိကပြောချင်တာ ID Photo ကိုတင်ပေးလိုက်ပါ .. အဲ့ဒါအကောင်းဆုံးပါဘဲ :D

အားလုံးပြန်ရပြီဆိုရင်တော့ ...
ကိုယ်မသိတဲ့ App တွေ ကိုယ်စိတ်မရှင်းတဲ့ App တွေကိုဖျက်ထားပြီး ပိတ်ထားပစ်ပါ .. ဒုတိယက ဖုန်းနံမှတ်ထည့်ပါ .အရေးကြီးပါတယ် . Anon လုပ်ချင်ရင်လဲ ဖုန်းနံမှတ်ကို Only Me နဲ့ ထည့်ထားလိုက်ပါ. တတိယ ကတော့ ကိုယ့် Facebook ကိုဝင်တဲ့အခါမှ Ip တူပါစေ. (မတူလဲ check box ထဲမှာ ကိုယ့် ဒီဗိုက် ထည့်ပေးလိုက်ရင် အဆင်ပြေပါတယ်)

အဆင်မပြေတာရှိရင် liT2le.mhu@gmail.com ကိုဆက်သွယ်နိုင်ပါတယ် ... :) HAVE FUN :)

COPYRIGHT@2013 lit2le.blogspot.com

0 comments:

Post a Comment