Microsoft
နဲ့ Symantec တို့လို နည်းပညာ ကုမ္ပဏီနှစ်ခုက ဆာဗာတချို့ကို ပိတ်ချပြီးတော့
Cyber Crime Ring တစ်ခု ကို အတူတကွ ဖြိုခွဲပစ် လိုက်နိုင်တယ်လို့
ဆိုပါတယ်။
Microsoft
နဲ့ Symantec တို့လို software ကုမ္ပဏီ အကြီးစား နှစ်ခုက ဆိုးသွမ်းတဲ့
cyber crime operation တွေကို ပိတ်ချဖို့ အတူတကွ ဆောင်ရွက်ကြမယ်လို့
Reuters ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ Microsoft နဲ့ Symantec ကအမှန်တကယ်လည်း
ကွန်ပြူတာပေါင်း မြောက်များစွာကို သူတို့ကို အသုံးပြုနေတဲ့ သူတွေ မသိအောင်
နောက်ကွယ်က ထိန်းချုပ်နေတဲ့ ဆာဗာတစ်ချို့ကို ပိတ်ချ လိုက်ပါတယ်။
Bamital
botnet လို့နာမည်ပေးထားတဲ့ တကယ့် အကြီးစား cyber crime operation
ကအသုံးပြုသူတွေ ရှာဖွေထားတဲ့ အချက်အလက်တွေကို အဓိက ခိုးယူပြီးတော့ click
လုပ်တဲ့ အကြိမ်ရေနဲ့ ကောက်ခံတဲ့ ကြော်ငြာ လုပ်ငန်းတွေ ဆီက မရိုးမသား
ငွေကြေး ကောက်ခံတာ မျိုးတွေကို ပြုလုပ်ခဲ့ တာပါ။ ကမ္ဘာအနှံ့အပြားက
ringleaders တွေက ၀က်ဘ်ဆိုဒ်တွေနဲ့ ဆာဗာတွေကို အမည်ဝှက်တွေ ပေးပြီး
ရယူထားပြီးတော့ အသုံးပြုသူတွေရဲ့ ရှာဖွေထားတဲ့ အချက်အလက်တွေကို click တွေက
တဆင့် သူတို့ အကျိုးအမြတ် ရနိုင်တဲ့ ၀က်ဘ်ဆိုဒ်တွေကို လမ်းကြောင်းပြောင်း
ရယူလိုက် ပါတယ်။ ကျွမ်းကျင်သူ တွေက US federal marshalls ရဲ့အကူ အညီနဲ့
data center တွေကို ၀င်သိမ်းပြီး Netherlands တောက်လျှောက်က operators
တွေကို ဆာဗာတွေကို ဖြုတ်ချဖို့ စည်းရုံးနိုင် ခဲ့ပါတယ်။ Microsoft နဲ့
Symantec တို့ရဲ့ ခန့်မှန်းချက်တွေ အရ ကွန်ပြုတာ အလုံးပေါင်း သုံးသိန်းနဲ့
ခြောက်သိန်း လောက်က Bamital botnet ကိုခေါ်ဆောင်သွားတဲ့ malware
တွေရှိနေတယ်လို့ ဆိုပါတယ်။
ဆာဗာတွေကို
ပိတ်ချတာဟာ ပြဿနာ ရှိနေတဲ့ ကွန်ပြူတာတွေကို ၀က်ဘ်ဆိုဒ်တွေကို အသုံးပြုရာက
ခဏတာ တားဆီးပေး နိုင်မှာပါ။ ပြဿနာရှိတဲ့ ကွန်ပြူတာတွေကို "ဒီဝက်ဘ်ဆိုဒ်
ထဲကို ရောက်လာတာဟာ သင့်ကွန်ပြူတာမှာ malware နဲ့ပတ်သက်တဲ့ ပြဿနာတွေ
ရှိကောင်း ရှိနေတာကြောင့် ဖြစ်ပြီး ဒီ malware ကိုမရှင်းထုတ်မချင်း ဒီ
notification ကိုလက်ခံ ရရှိနေဦးမှာပါ" ဆိုတဲ့ message တွေနဲ့ဒီ malware
တွေကို ရှင်းထုတ်ဖို့ လိုအပ်တဲ့ tools တွေကိုလည်း အခမဲ့ ပို့ပေး နေပါပြီ။
0 comments:
Post a Comment