အွန်လိုင်းမှောင်ခိုဈေးကွက်တွင် ပြန်လည် ရောင်းချနိုင်မည့်
ကုမ္ပဏီအဖွဲ့အစည်းများ၏ လျှို့ဝှက် သတင်းအချက်အလက်များကို ရယူနိုင်ရန်အတွက်
ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Apple, Facebook နှင့် Twitter တို့
ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရခြင်းမှာ အရှေ့ဥရောပမှ ဟက်ကာအုပ်စုတစ်ခု၏
လက်ချက်ဖြစ်ကြောင်း သတင်းထွက်ပေါ်သည်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုနှင့်
နီးစပ်သည့် အမည်မဖော်ပြသူနှစ်ဦးက Bloomberg သို့ ပြောကြားချက်အရ
ဟက်ကာများသည် သုတေသနဆိုင်ရာများ၊ တီထွင်ဖန်တီးမှုများနှင့် အခြား
ကိုယ်ရေးကိုယ်တာများ အပါအဝင် အွန်လိုင်းမှောင်ခိုဈေးကွက်တွင် ပြန်လည်
ရောင်းချနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်းများ၏ လျှို့ဝှက် သတင်းအချက်အလက်များကို
ရယူနိုင်ရန်အတွက် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
iPhone နှင့်ပတ်သက်သည့် developer ဝက်ဘ်ဆိုက်တစ်ခုသို့
ဝင်ရောက်ကြည့်ရှုခဲ့သော ဝန်ထမ်းအချို့၏ ကွန်ပျူတာများ hack
လုပ်ခံခဲ့ရကြောင်း Apple က အင်္ဂါနေ့တွင် အတည်ပြု ပြောကြားသည်။ အလားတူပင်
ယခုလအတွင်းက developer ဝက်ဘ်ဆိုက်တစ်ခုကို ဝင်ရောက်ကြည့်ရှုခဲ့သည့် Facebook
ဝန်ထမ်းအချို့၏ ကွန်ပျူတာများလည်း hack လုပ်ခံခဲ့ရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း Twitter ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး
အသုံးပြုသူ ၂၅၀,၀၀၀ ခန့်၏ account အချက်အလက်များ
ခိုးယူခံခဲ့ရဖွယ်ရှိကြောင်း သိရသည်။ Apple, Facebook နှင့် Twitter တို့ကို
ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အဖွဲ့သည် အခြားသော လူသိမများလိုက်သော
ဒါဇင်နှင့်ချီသည့် ဆိုက်ဘာတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း CNN
သတင်းက ပြောကြားသည်။
Credit : planet.com.mm
Source: CNN
0 comments:
Post a Comment