အမေရိကန်သင်္ကေတ ဘာသာရပ်အရ သင်္ကေတပေါင်း ၁ထောင်၊ အင်္ဂလိပ် စကားလုံေးပါင်း ၂ထောင်ကျော်ကို နားလည်တဲ့အတွက် ကမ္ဘာ့ဥာဏ် အကောင်းဆုံး တိရစ္ဆာန်လို့ မျောက်ဝံ Koko ကို သတ်မှတ်ထာပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး မျောက်ဝံမ ဖြစ်ပါတယ်။ ထူးခြားချက် တစ်ခုက တိရစ္ဆာငယ်တွေချစ်တတ်ပြီး ကြောင်မွေးရတာ ဝါသနာပါသူလည်း ဖြစ် ပါတယ်။ သူ့ထိန်းကျောင်း မွေးဖွားပေးတဲ့ ကြောင် ပေါင်းများစွာရှိပြီး ဓာတ်ပုံနဲ့တကွ စာအုပ်တောင် ထုတ်ခဲ့ပါသေးတယ်။ တိရစ္ဆာန်က အခြား မျိုးစိတ် တိရစ္ဆာန်ကို ပြန်မွေးတယ်ဆိုတာ တကယ့်ရှားပါးအခြေအနေ တစ်ခုပဲ ဖြစ်ပါတယ်။
သူ့ရဲ့  လူစကားနားလည်နိုင်စွမ်းဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုတိုးတက်နေပြီး လူသားနီးနီး သိတတ်နားလည်တဲ့ တိရစ္ဆာန် အဖြစ် လက်ခံလာကြပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းက တိရစ္ဆာန် ဥယျာဉ်မှာ မွေးဖွားထားပြီး ကမ္ဘာ့ဥာဏ်အကောင်းဆုံး တိရစ္ဆာန် တစ်ကောင် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
-- Wiki မှာထပ်လေ့လာချင်ရင်တော့ http://en.wikipedia.org/wiki/Koko_(gorilla) .. have fun :)
Ref:wiki
International news for myanmar
Monday, 18 February 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment