ကျွန်တော်တို့ Browser တစ်ခုပေါ်မှာ www.google.com ဆိုတဲ့ Website တစ်ခုဖွင့်ကြည့်လိုက်တဲ့အခါ DNS Server က google.com ဆိုတဲ့ DNS name နောက်ကွယ်က google.com နဲ့ ဆိုင်တဲ့ IP address ကိုချိတ်ဆက်လိုက်တဲ့အတွက် www.google.com ဆိုတဲ့ webpage ကြီးတက်လာခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး တက်လာဖို့ အတွက် Webpage တိုင်းမှာ IP Address ရှိနေရပါမယ်။ ဒီတစ်ခါတော့ အဲဒီ IP Address ကိုရှာပြီးတော့ အဲဒီအိုင်ပီရဲ့ Location ကိုရှာကြည့်ကြပါမယ်။
ကျွန်တော်တို့ သုံးနေကျ Firefox မှာဆိုရင် Show ip ဆိုတဲ့ Addon လေးကို firefox မှာ Add လိုက်ရုံပါပဲ။ Show IP ကိုဒီနေရာမှာယူပါ . ပြီးရင် show ip addon လေးကို install လုပ်လိုက်ပါ။ ဒါဆိုရင် Website တစ်ခုကိုဖွင့်လိုက်တိုင်းသူနဲ့ သက်ဆိုင်တဲ့ အိုင်ပီလေးကို Firefox Browser ရဲ့ ညာဘက်အောက်ဒေါင့်မှာ ဖော်ပြပေးပါလိမ့်မယ်။ဒါဆိုစကြည့်ကြရအောင်…..
www.google.com ဆိုပြီး ခေါ်လိုက်ပါ ပထမဆုံးကိုယ့်Googleရဲ့ အိုင်ပီကိုစမ်းကြည့်ကြတာပေါ့ :D
ဒီလိုဆို ခုလိုမျိုး ( အနီရောင် ) လေးနဲ့ အိုင်ပီကိုဖော်ပြပေးတာ တွေ့ ရပါလိမ့်ပါမယ်။
ပုံမှာ အနီရောင်လေးဝိုင်းထားတဲ့နေရာလေးမှာ IP နံပါတ်ကိုပြပေးပါလိမ့်မယ်။
ဒါဆိုကျွန်တော်တို့ အိုင်ပီနံပါတ်ကိုသိပြီပေါ့။ ဒါဆို Location ကဘယ်မှာလဲ
ရှာကြည့်ကြတာပေါ့.
IP Lication ရှာတဲ့ link တွေ Online မှာ ပလူကိုပျံလို့ .. ဒီတော့ ဒီထဲက တခုယူလိုက်မယ်... Ip2location.com ကိုသွားလိုက်ပါ။ ဒါဆိုအောက်ကပုံလိုမျိုး IP Address ထည့်မယ့် Box လေးကိုတွေ့ မြင်ရပါလိမ့်မယ်။
IP Lication ရှာတဲ့ link တွေ Online မှာ ပလူကိုပျံလို့ .. ဒီတော့ ဒီထဲက တခုယူလိုက်မယ်... Ip2location.com ကိုသွားလိုက်ပါ။ ဒါဆိုအောက်ကပုံလိုမျိုး IP Address ထည့်မယ့် Box လေးကိုတွေ့ မြင်ရပါလိမ့်မယ်။
Enter IP Address ( es ) ရဲ့ အောက်က ကွင်းလေးထဲမှာ IP Address ကိုထည့်ပြီးတော့ FIND LOCATION ကိုနှိတ်လိုက်ရုံနဲ့ 
ကျွန်တော်တို့ ထည့် လိုက်တဲ့အိုင်ပီရဲ့ 
1. Country 2. Region 3. City 4. Latitude/ Longitude 5. Zip Code ,ect; ပေါ့
အသေးစိတ်သိချင်ရင် ကိုယ့်ဘာသာကိုစမ်းကြည့်ပေါ့ :P :P :P
ဒါဆိုရင်ကျွန်တော်တို့ သိချင်တဲ့ အိုင်ပီရဲ့ Location ကိုသိနိုင်ပြီပေါ့... အမှန်တကယ် ကျွန်တော်တို့ သတိမထားမိတဲ့ addon လေးနဲ့ လဲ အလုပ်ဖြစ်ပါတယ်ဗျာ.. :D

0 comments:
Post a Comment