Sunday, 9 December 2012

မြို ပြလမ်းမနံရံတွေပေါ်က လူငယ်တွေရဲ့ လွတ်လပ်ခြင်းအနုပညာသို့မဟုတ် Graffiti Art

မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ် ဂီတထွန်း ကားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ရှိလာပြီ ဖြစ်သလို ဟစ်ဟော့ပ်ဂီတရဲ့ ယဉ်ကျေးမှု အစိတ်အပိုင်း တစ်ခုလို့ဆိုကြတဲ့ Graffiti Art ရဲ့ကဏ္ဍ ဟာလည်း ခုချိန်မှာ ခရီးရောက်လာပြီလို့ဆိုနိုင်ပါလိမ့်မယ်။Graffiti Art ကို ၁၉၅ဝ ဝန်းကျင်လောက်က စတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပြီး အဲဒီနောက်မှာပြီး မြို့  ပြနံရံ ပန်းချီတစ်ခု အဖြစ် သတ်မှတ်ခဲ့ကြရာ ၁၉၆ဝ၊ ၇ဝ ဝန်းကျင်မှာ ပြည်ပနိုင်ငံ အသီးသီးမှာ ကျယ်ပြန့်လာခဲ့ပြီး တစ်စတစ်စနဲ့ အာရှနိုင်ငံများဘက်ကို ရောက်ရှိ လာရာကနေ၂ဝဝဝ ပြည့်နှစ်အစောပိုင်းကာလတွေမှာတော့ ဟစ်ဟော့ပ်ဂီတနဲ့အတူ မြန်မာနိုင်ငံမှာလည်း Graffiti Art ဟာ ထွန်း ကားကျယ်ပြန့်လာခဲ့တယ်လို့လည်း မှတ်တမ်းပြုကြပါတယ်။  ဟစ်ဟော့ပ်ဂီတကို ခုံမင်ကြတဲ့ လူငယ်အများစုရှိကြသလို၊ Graffiti Art အနုပညာကိုပဲ တစိုက်မတ်မတ်နဲ့ စွဲလမ်းစွာ ဖန် တီးကြသူများလည်း ရှိပါတယ်။ သူတို့အများ စုဟာ ပရိသတ်ရှေ့ကို သိပ်မထွက်ကြဘဲ သူတို့ရဲ့ အနုပညာကိုသာ လွတ်လပ်စွာ ဖန်တီးနေကြသူများဖြစ်ပြီး နံရံဆေးရေးပန်းချီဖြစ်တာကြောင့် တချို့နေရာတွေမှာ အမြင် သဘောထား မတိုက် ဆိုင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ကြရသူတွေလည်းဖြစ်ပါတယ်။ ဒီကနေ့တိုင်းပြည်ရဲ့ ပြောင်းလဲ တိုး တက်မှုနဲ့အတူ မြို့ပြရဲ့ အနုပညာ ပြယုဂ် တစ်ခုအဖြစ်နဲ့ Graffiti လက်ရာတော်တော် များများကို တွေ့လာရပေမယ့် လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု တွေကိုလည်း အထူးဂရုပြုနေကြရပြီဖြစ်တဲ့အတွက် မြို့ပြလမ်းမတွေပေါ်က အုတ်တံတိုင်း နံရံတွေဟာ ပန်းချီအနုပညာဖန်တီးစရာ မီဒီယမ်တွေဖြစ်ခွင့်ရှိမရှိ ပြဿနာတစ်ရပ်ကိုလည်း ထင်သာမြင်သာ သိရှိနိုင် ခွင့်ရစေကြောင်း ရည်ရွယ်လို့ ဒီကဏ္ဍလေးကို တင်ဆက် လိုက်ရပါတယ်။

တောင်ခြစ်၊မြောက်ခြစ်တွေမျိုး မဟုတ်တော့ ဘူး။ ပန်းချီလည်း တအားဆန်လာတယ်…ရန်ရန်ချန်း
“Graffiti က ဒီနှစ်ပိုင်းလောက် ဆိုရင် တော်တော် အရှိန်ကောင်းလာပြီလို့ ကျွန်တော်မြင်တယ်။ တောင်ခြစ်၊မြောက် ခြစ်တွေမျိုးမဟုတ်တော့ဘူး။ ပန်းချီလည်း တအားဆန်လာတယ်။ တော်တော်ကောင်း လာတယ်။ အရင်တုန်းကဆိုရင် ကျွန်တော့် အိမ်အောက်မှာ ကားအပျက်တွေရပ် ထား တာရှိတယ်။ အဲဒီကား တွေအကုန်လုံးကို ဂရပ်ဖစ်တီဆွဲခဲ့ကြတယ်။ ကျွန်တော်က အုတ်နံရံတွေမှာတော့ သိပ်မဆွဲဘူး။ စာအုပ်တွေထဲမှာ ဆွဲဖြစ်တယ်။ ကျွန် တော်ဆွဲတာက လည်း တအား လက်ရာမြောက် ကြီးတွေတော့ မဟုတ်ပါဘူး။ လှအောင်တော့ ဆွဲ တယ်။ အရင်တုန်းက အမြဲဆွဲဖြစ်တာက သူငယ်ချင်းတွေရဲ့ဦးထုပ်တွေမှာ ဆွဲပေး ဖူးတယ်။ ဂရပ်ဖစ်တီဆွဲဖို့အတွက် သီးသန့် နေရာပေးမယ်ဆိုရင်လည်း ပေးတာပဲ ရှိမယ်။ ဒါပေမဲ့သူတို့ Feel ကိုက Public တွေမှာ လိုက်ဆွဲရတာ သူတို့သဘောကျ တယ်။ ဒါကြောင့် ဂရပ်ဖစ်တီသမားတွေ ဘက်ကလည်း နည်းနည်းလေးတော့ စောင့်ထိန်းပါ။”ကိုယ်လုပ်ချင်တာ လုပ်လို့ရအောင် ဘောင်လေးတစ်ခုတည်းကနေသွားကြပါ။ ကြုံ သလိုကြီးသူများရဲ့ အလှမျက်နှာစာတွေ၊ ကိုး ရို့ကားယားနေရာတွေမှာတော့ သွားမလုပ် စေချင်ဘူး။ မြို့တစ်မြို့ရဲ့လှမယ့်နေရာမျိုး တွေမှာတော့ မလုပ်စေချင်ဘူး။ ဘာကြောင့် လဲဆိုတော့ တခြားဂရပ်ဖစ်တီသမားတွေကို လည်း ထိခိုက်မှုရှိမှာစိုးတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာဆိုရင်လည်း လူတွေကို အနှောင့် အယှက်သိပ်မဖြစ်မယ့် နေရာမျိုးတွေမှာ သူတို့ ရေးတယ်။ အသုံးမပြုတော့မယ့် တိုက် တွေမှာရေးတယ်။ အဲဒီတော့ သူတို့ဆွဲတာက သူများလည်း စိတ်အနှောက်အယှက်မဖြစ်ဘူး။ လူတွေလည်း အများကြီးမြင်ရတယ်။ အဲလိုမျိုး လေးဆွဲစေချင်တယ်”
 လူငယ်တွေအတွက် Hand Out လုပ်လို့ရမယ့် နေရာလေးတစ်နေရာကို ဖန်တီးပေးထားရမှာပါ . . .အနဂ္ဂ
“ဂရပ်ဖစ်တီက အနုပညာတစ်မျိုးပါ။ ဂရပ်ဖစ်တီကို လူတွေဘာကြောင့်မုန်းလဲ ဆိုတော့ ညစ်ညစ်ပတ်ပတ်တွေရေးတယ်။ တချို့ကလည်း နံရံအကောင်းတွေ ဖျက်ဆီး ကြတယ်ပေါ့။ အနုပညာကို အလကားပေး တဲ့အချိန်မှာ လူတွေက ဖျက်ဆီးတယ်လို့ ပြောကြတယ်။ ဒါက လမ်းပေါ်မှာရှိနေတဲ့ အနုပညာကို အလကားပေးတာပါ။ ပြတိုက်ထဲဝင်ကြည့်စရာ မလိုဘူး။ ပြတိုက်ထဲ ဝင်ကြည့်ရင် ပိုက်ဆံပေးနေရဦးမှာလေ။ ဂရပ်ဖစ်တီက သူပေးလိုက်တဲ့ လက်ရာ တစ်ခုကို ဒီအတိုင်းပဲပေးလိုက်တာ။ ဘယ် သူ့ကိုမှ ဒုက္ခမပေးဘူး။ အခု ဆိုရင် မြန်မာ နိုင်ငံမှာလည်း ဂရပ်ဖစ်တီက တော်တော်တိုး တက်လာပါပြီ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆိုရင် 3D Art တောင်ဆွဲနေပြီ။ ဒါတွေလည်း တဖြည်း ဖြည်းရောက်လာ တော့မှာ။ ဂရပ်ဖစ်တီကို ခေတ်ဦးကတည်းက လုပ်လာခဲ့ကြတဲ့လူတွေ ကလည်း လက်ဆင့် ကမ်းခဲ့ရမှာပါ။ ကမ်းတဲ့အခါမှာလည်း နောက်ကတက်လာတဲ့ Generation က ဆက်ပြီးလုပ်ရမယ်။အမေရိက စီးပွားရေး ကြော်ငြာတွေ ပေါ့။ တချို့ကြော်ငြာတွေဆိုရင် သူတို့ဆီက ဘေဘုတ်အကြီးကြီးတွေမှာ ဂရပ် ဖစ်တီပညာရှင်တွေကိုခေါ်ပြီးတော့ သူတို့ရဲ့ Product တွေကို ခေါ်ပြီးကြော်ငြာခိုင်းတာ တွေ့ရ တယ်။ တချို့တွေကျတော့လည်း Main Stair Culture တွေထဲကို သူတို့မဝင်ဘူး။ ကြော်ငြာဆွဲတာတွေမလုပ်ဘူး။ သူတို့က လုံးဝှStreet  Arty အပ ပဲ။ လမ်းမပေါ်မှာဒီအတိုင်း မက်ဆေ့ခ်ျပေးတဲ့ပုံစံမျိုးပဲ နေကြတဲ့သူတွေ လည်းရှိတယ်။ တကယ်တော့ တိုင်းပြည်တစ် ပြည်မှာ လူငယ်တွေအတွက်ံHand Out လုပ်လို့ရမယ့်နေရာလေးတစ်နေရာကို ဖန်တီး ပေးထားရမှာပါ”
ရေးချင်တာရေးမှာထက် စာရင် ယဉ်ကျေးမှုကိုနည်းနည်းတော့ ထည့်စဉ်းစားသင့်ပါတယ် သုမြတ်
“ကျွန်တော်တို့စဆွဲတုန်းကတော့ သိပ်မ သိဘူး။ ကျွန်တော်လည်း စစချင်းတော့ စာလုံးတွေ ဆွဲတာများတယ်။ ကျွန်တော်က လမ်းနံရံတွေပေါ်မှာဆွဲတာနည်းတယ်။ ပြပွဲ တွေ၊ နေရာသီးသန့်တွေမှာပဲ ဆွဲဖြစ်တယ်။  ဂရပ်ဖစ်တီကတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ရှိ သင့်တယ်လို့ထင်တယ်။ မြို့ပြအင်္ဂါရပ်အနေနဲ့ လည်း အဆင်တန်ဆာ တစ်ခုဖြစ်လာနိုင်ပါ တယ်။ ဥပမာ မီးပျက် သွားတဲ့အချိန်တွေမှာ Plug in City တို့ ဘာတို့ဆွဲတယ်။ အဲဒီ လိုမျိုးကဟုတ်နေတာပါပဲ။ ဒါပေမဲ့ တစ်ခု ရှိတာက မြန်မာ့ယဉ်ကျေးမှုကိုတော့ တစ်ချက် ထည့်စဉ်းစားရမယ်။ တချို့ကြမ်းကြမ်းတမ်း တမ်းဆွဲမယ့်ဟာမျိုးတွေ တခြားနိုင်ငံမှာ ပြဿနာမရှိပေမယ့် ကျွန်တော်တို့ဆီမှာ ပြဿနာရှိတယ်။ နှစ်ဖက်မျှပြီး စဉ်းစား သင့်တာပေါ့။ ဥပမာ စာသင်ကျောင်းလို နေရာမျိုးဆို ကျွန်တော်တို့ သွားမရေးဘူး။ ကျောင်းကကလေးတွေရဲ့ ခေါင်းထဲကို တစ် ခုခုဝင်သွားမှာကြောက်တယ်။ အဲဒါကြောင့် ရေးချင်တာရေးမှာထက်စာရင် ယဉ်ကျေးမှု ကိုနည်းနည်းတော့ထည့်စဉ်းစားသင့်ပါတယ်”
 လက်ကိုစပြီး သွေးနေတဲ့ အရွယ်ဆိုရင်တော့  Graffiti ကို နံရံမှာ သွားဆွဲရင်တော့ . . .စိုးဝေထွန်း
” Graffiti  ဆိုတာက Art ဆိုတဲ့ အနုပညာပဲပေါ့။ Graffiti ကို နည်းမှန်လမ်း မှန်လေးနဲ့လုပ်ရင်တော့ ပိုကောင်းမှာပေါ့။ စပြီးတော့ Graffiti ကိုဆွဲမယ်။ ဥပမာ လက်ကိုစပြီး သွေးနေတဲ့ အရွယ်ဆိုရင်တော့  Graffiti ကို နံရံမှာ သွားဆွဲရင်တော့ သိပ် ရုပ်ဆိုးသွားမယ်။ အဲဒီတော့ Graffiti သမားတွေက လမ်းတွေကိုဖျက်ဆီးတယ်။ နံရံ တွေကို ဖျက်ဆီးတယ်ဆိုပြီးတော့ ပြောလာ နိုင်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် တော့ သူ့နေရာလေးနဲ့သူ Graffiti  ဆွဲမယ့် နေရာလေးသတ်မှတ်ပေးထားမယ်။ ဒါမှ မဟုတ်ညစ်ပတ်နေတဲ့နေရာမှာ Graffiti  ဆွဲဖို့ လုပ်ပေးထားမယ်။ ဒီမှာပဲ လာဆွဲကြလို့ ပြောလိုက်မယ်ဆိုရင်တော့ Graffiti သမား တွေအတွက် သိပ်အဆင်ပြေသွားမယ်။ အဲဒီ လိုဆိုရင် လူငယ်တွေကလည်း လမ်း၊နံရံ ပေါ်တွေမှာ လိုက်ဆွဲပြီး ညစ်ပတ်အောင်လုပ် မှာ မဟုတ်တော့ဘူး။ သူတို့ပေးထားတဲ့ သီး သန့်နေရာတစ်ခုမှာပဲ သွားဆွဲကြမယ်။ ကျွန် တော်ထင်တာကတော့ အဲဒီလိုလေးဖြစ်လာ ရင် သိပ်ကောင်းမယ်”
Credit to ပေါ်ပြူလာအဖွဲ့

0 comments:

Post a Comment