Friday, 7 December 2012

How hackers are hacking daily [webs hacking]

ဟက်ကာ  အများစု Deface တွေပဲ လိုက်တင်နေတဲ့သူတွေဟာ scripts kiddies သာ သာ ရှိပါတယ်.. နဲနဲ expert ဖြစ်နေပီးဆိုရင်တော့ ဒီဖေ့ ထိုးတာကို စိတ်ပျက်သွားတတ်ကျပါတယ်..(ကျနော့် အမြင် အရပေါ့နော်.. )



ခုကျနော် ဟက်ကာတွေ ဟာ ဘယ်လို ဟက်ကျတယ်.. ဘယ်လို server ထဲကိုဝင်းပီး တခြားဒိုမိန်းကို ယူကြတယ်.. ဆိုက်ရဲ့ အားနည်းချက်ကို အမြန်ဆုံး ရှာကြသလဲ ဆိုတာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်..



Sql Injection



Webs Hacking ဆိုတာနဲ့ များသောအားဖြင့် လူတွေက sql injection ဆိုအတော်လေး အကျွမ်းဝင် မယ်လို့ထင်ပါတယ်.. ဟက်ကာ အများစုဟာ sql injection ကို အဓိက လက်နက်

အဖြစ်သုံးတတ်ကျပါတယ်.. တခြား LFI, RFI, LDAP injection, RCE, XSS ဆိုတဲ့ဟာလိုမျိုး exploit တွေ အများကြီးတော့ ရှိတာပေါ့ဗျာ..



Searching for Vulnerable



ဒါကတော့ ဘယ်လို ဆိုက်တွေ ရဲ့ အားနည်းချက်ကို ရှာသလဲ ဆိုတာပါ.. ဒါကလွယ်ပါတယ်..

Dorks တွေနဲ့ ရှာတာပေါ့နော်.. Exploit Finder Tools တွေနဲ့ ရှာ ရင် တော့ ပိုပီး တော့ လွယ်ပါတယ်ပေါ့နော်.. J



I want to attack a specific website which is on the same sever (same host)



ဒါကလွယ်ပါတယ်.. ဟက်ကင်လောက မှာတော့ symlink လို့ခေါ်တာပေါ့နော်..

ဥပမာ ip က 127.0.1.111 ဆိုရင် အဲဒါကို ရှေ့မှာ ip=127.0.1.11 id=  ဒီလို Bing မှာ ရှာလိုက်ရင်sever ထဲက samhost ထဲက ဆိုက်တွေ တွေ့နိုင်တာပေါ့နော်..



Symlink hacking ဆိုတာကို ပြောရရင် attacker အနေနဲ့ server ထဲမှာရှိတဲ့ permission မပေးထားတဲ့ folder တွေကို access ရအောင်လုပ်တာပါပဲ။ ဥပမာဗျာ home ဆိုတဲ့ directory ကို root user ကပဲ access လုပ်လို့ရမယ်ဗျာ။ အဲဒါကို attacker က symlink bypass လုပ်ပြီး home directory အောက်က file တွေကို access လုပ်tတာမျိုးပါ။ ဘယ်လိုနေရာတွေမှာ တွေ့ရသလဲဆိုတော့ shared hosting တစ်ခုရှိမယ် ဆိုပါစို့။ အဲဒီမှာ multiple site တွေကို host လုပ်ထားမယ်ဗျာ။ သာမန်အားဖြင့်ဆိုရင် shared hosting မှာရှိတဲ့ individual account တွေမှာ individual cpanel တွေရှိကြပါတယ်။ အဲဒါတွေဟာလည်း ကျွန်တော်ပြောခဲ့သလို multiple account တွေအတွက် multiple directory တွေအောက်မှာရှိတာပါ။ အဲဒီအတွက် တခြား account ကနေ မိမိရဲ့ account ကသာ access လုပ်ခွင့်ရှိတဲ့ directory ကို လာပြီး access လုပ်ခွင့်မရှိပါဘူး။ သို့သော် attacker အနေနဲ့ symlink bypass လုပ်မယ်ဆိုရင်တော့ ကိုယ့် site ကို ဘယ်လိုပဲ လုံအောင်လုပ်ထားပါစေ vulnerable ဖြစ်နေတဲ့ site ကနေ ပတ်ပြီး ဝင်လာမှာပါပဲ။ အဲဒါကို symlink bypass လုပ်တယ်လို့ ခေါ်တာပါ။

အဲဒီတော့ ကျွန်တော့အနေနဲ့ symlink hacking အကြောင်းမပြောခင် symlink ဆိုတာ ဘာလဲဆိုတာ နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ Symlink ဆိုတာ symbolic link ရဲ့ အတိုကောက် ဖြစ်ပြီးတော့ soft link လို့လည်း သုံးနှုန်းပါတယ်။ သူဟာ တခြား file ဒါမှမဟုတ် directory ကို refer ပြန်လုပ်တဲ့ unix file တစ်မျိုးပါ။ ဒီထက် မြင်သာအောင် ပြောရရင်တော့ windows က shortcut သဘောမျိုးပါပဲ။ ဘယ်နေရာမှာသုံးကြသလဲဆိုရင် system administrator တွေဟာ အရမ်းရှည်လျားလွန်းတဲ့ path လမ်းကြောင်းတွေထဲက file တွေကို မိမိနဲ့ နီးနီးနားနား directory ထဲကို ပြန်ခေါ်လိုက် တာပါပဲ။

ဥပမာဗျာ system administrator တစ်ယောက်က /var/www/html/site1/securedir/.htaccess ဆိုတဲ့ file တစ်ခုကို ကြည့်ချင် ပြင်ချင်တယ်ဆိုပါစို့ဗျာ။ အဲဒီအခါမှာ တစ်ခါ ပြင်ချင်တိုင်း သူ့မှာ အဲဒီ directory အထိအောင် သွားနေရမယ်။ အဲဒီတော့ သူ့ root folder မှာ အဲဒီကောင်ကို refer လုပ်ထားလိုက်ရင် သူ့အနေနဲ့ ပြင်ချင်တိုင်းမှာ ဟိုဘက် directory ကို ခဏခဏ သွားစရာမလိုတော့ဘူးပေါ့။ အဲဒီအတွက် system administrator ဟာ အောက်က .htaccess file ကို သူ့ အောက်ထဲကို အောက်ပါအတိုင်း refer လုပ်ပါမယ်။

ln -s /var/www/public_html/site1/securedir/.htaccess /home/config/.htaccess

အဲဒီအခါမှာ /home/nulledbyte/ ဆိုတဲ့ directory အောက်မှာ .htaccess ဆိုတဲ့ symlink ကို create လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အဲဒါကတော့ symlink ရဲ့အခြေခံသဘောပါ။

ဟုတ်ပြီ။ အဲဒီအခါမှာ attacker ကရော ဘယ်လို offensive purpose မှာ အသုံးချနိုင်မလဲ ဆိုတာ မေးစရာ ရှိလာပြီပေါ့။ ဥပမာဗျာ host တစ်ခုရှိမယ်။ အဲဒီ host က site တစ်ခုက vulnerable ဖြစ်နေတဲ့အတွက် attacker အနေနဲ့ shell တင်ထားမယ်ဗျာ။ သူ့အနေမနဲ့ အဲဒီ host က / ဆိုတဲ့ root directory အောက်မှာ ဘာတွေရှိမလဲ သိချင်လာပြီဆိုရင် အဲဒီမှာ သူက symlink bypass ကို သုံးတော့မယ်။

Attacker တင်ထားတဲ့ shell script ရဲ့ link က အောက်ကအတိုင်းဖြစ်မယ်ဗျာ။

http://www.website.com/shell.php

အဲဒီ site ရဲ့ directory က ဒီလိုရှိတယ် ဆိုပါစို့ဗျာ။

/home/site1/public_html/

အဲဒီမှာ attacker က shell ကတဆင့် /home/site1/public_html/ အောက်မှာ myroot ဆိုတဲ့ directory တစ်ခု ထပ်ဆောက်မယ်ဗျာ။

mkdir myroot

အဲဒီအခါမှာ /home/site1/public_html/ အောက်မှာ myroot ဆိုတဲ့ directory ရောက်သွား ပြီပေါ့ဗျာ။

/home/site1/public_html/myroot

အဲဒီမှာ attacker အနေနဲ့ server က php file တွေကို ဖတ်ဖို့နဲ့ symlink ကို allow လုပ်ဖို့အတွက် .htaccess file တစ်ခုကို myroot ဆိုတဲ့ directory အောက်မှာ create လုပ်ပါမယ်။

?
1

2

3

4
    Options Indexes FollowSymLinks

DirectoryIndex ssssss.htm

AddType txt .php

AddHandler txt .php

အဲဒီနောက်မှာ attacker ဟာ အောက်ပါ ln command ကို ရိုက်ပြီးတော့ / ဆိုတဲ့ root directory အောက်က file တွေကို /home/site1/public_html/myroot ဆိုတဲ့ directory အောက်ကို symlink လုပ်သွားပါလိမ့်မယ်။

ln -s / myroot

အဲဒီနောက်တော့ attacker ဟာ http://www.website.com/myroot ကို ဝင်ကြည့်ခြင်းအားဖြင့် host ထဲက / အောက်က file တွေကို တွေ့ရမှာပါ။ အဲဒါကတော့ symlink attack ရဲ့ အခြေခံသဘောတရားပါ။

Credit to infofreakz



p.s  ဒါတွေက ခုတလော GUI ဆန်ဆန် tools တွေ ထွက်လာတာ များလာပါပီ.. အလွယ်တကူ လုပ်နိုင်ကျပါပီ…



I’ve got the admin access, now what I’m gonna do ?



ဒါဆိုရင်တော့ shell တင်လိုက်ရမှာပေါ့နော်.. (shell ဆိုတာက scripts တခုဖြစ်ပီး Web site ကို ကြိုက်သလို Control လုပ်လို့ရတဲ့ဟာပေါ့နော်. )

admin access ရပီပဲ.. shell ဆိုတဲ့ဟာကြီးက လိုသေးလို့လား.. ??



အဲလို စဉ်းစားလဲ မှားတော့ မမှားဖူးပေါ့နော်.. ဒါပေမဲ့.. admin access ဆိုတာလေး က post တင်ဖို့ သာသာ ပဲ ရတော့ အဲ့ဆိုက်ထဲမှာ directory တွေ သွားလဲ မရဖူး.. codes တွေ လဲ ကြည့်လို့မရဖူးဆိုတော့ shell ဆိုတဲ့ဟာလေးကို တင်ပီး လုပ်ရတာပေါ့နော်..



I’ve got the shell on that site, now what i’m gonna do ?



Shell access ရပီဆိုရင် index.php တွေ ကို သွားပီး deface လုပ် ဒါမှ မဟုတ်

Rooting  လုပ်မယ်ပေါ့.. rooting ?



Rooting? What is Rooting ?



Rooting ဆိုတာက sever owning ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်..

Back-connect တွေလုပ်ပီး ဒါမှ မဟုတ်ဟုတ် Port တွေကို Bind မှာဖြစ်ပါတယ်..

(ဒါတွေ ကျနော် နောက်မှ Tuto: နဲ့ ပိုစ့်ရေးပေးပါ့မယ်..  ဒီလို သပ်သပ် ရှင်းတာ သိပ် အဆင်မပြေလို့ ပါ.. )



နောက်တခုက



Pwning the Kernel  ပါ

Rooting ထဲက တခုပေါ့နော်.. သူက Kernel Version ကို ကြည့်ပီး exploit တွေ ကို ရှာတာပါ.. ကိုယ့်ဖာသာ လဲ လုပ်လို့ရတာပေါ့နော်.. ဒါပေမဲ့ ကိုယ်တွေက အဆင်မပြေသေးလို့ :D



ခုနောက်ပိုင်း shell တွေ ကနေ Kernel version တွေကို အေးဆေး ကြည့်လို့ရသွားပါပီ



http://www.exploit-db.com/local/

ဒီဆိုက်ကတော့ exploit တွေ ထုတ်ဝေ ပေးနေတဲ့ ဆိုက်ဖြစ်တယ်.. ပီးတော့ ကျနော်ပေးတဲ့လင်ခ့်ကနေ Kernel exploit တွေ ကြည့်လို့ ရတယ်.. ရှိလဲ ရှိပါတယ်.. အားလုံးတော့ မရှိဖူးပေါ့နော်.. :P

Credit > It4burma (admin , #config )

0 comments:

Post a Comment