Sunday, 6 January 2013

Email တွင်ဗိုင်းရပ်တိုက်ခတ်မူခံရခြင်း.......

 
(၁) အကယ်၍ မိမိစာအတွင်း Attachment တွဲလျက်ပါဝင်ခဲ့ပါက ထိုစာကို မဖွင့်သေးဘဲscan@virustotal.com ဆိုတဲ့ address ဖြင့် Forward ပြန်လုပ်လိုက်ပါ။ သို့သော် ထိုစာ၏ sizeအရွယ်အစားသည် 10MB ထက်ကျော်လွန်၍ မရပါ။
 
(၂) ပြီးနောက် Forward လုပ်ထားသော စာ၏ Subject နေရာတွင် SCAN ဟု ရိုက်ထည့်ပြီး စာအတွင်းရေးထားသော အကြောင်းအရာများကိုဖြတ်လိုက်၍ ရပါသည်။ ပြီးဆုံးပါက Send ဆိုတဲ့ Icon ကိုနှိပ်ခြင်းဖြင့်ပို့လွှတ် နိုင်ပါသည်။
 
(၃) မိနစ်အနည်းငယ်ကြာသောအခါတွင် ၎င်းနှင့်သက်ဆိုင်သည့် မှတ်ချက်ကို Reply အနေဖြင့်ပြန်လည်လက်ခံ ရရှိမှာ ဖြစ်ပါသည်။
Virustotal ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ Computer အတွင်း Attachment Files များကို Downloadဆွဲရန်မလိုတော့ပါ။ အကောင်းဆုံးကတော့ ထို Virustotal အတွင်း AVG,Nod32,McAfee နှင့် F-Protအစရှိသော Antivirus ပေါင်း များစွာဖြင့် ကျွန်ုပ်တို့၏ Attachment Files များကို စစ်ဆေးပေးခြင်းကြောင့်ယုံကြည်စိတ်ချရပါသည်။ တစ်ခုသတိထားရမှာကတော့ Virustotal ဆိုတာက Virus ရှိ၊မရှိ ကိုသာ စစ်ဆေးပေးပြီး Virus ရှိသော Filesများကိုတော့ မရှင်းလင်းပေးနိုင်ပါ။ အကယ်၍ Virus ပါဝင်ခြင်းကြောင့် ထို Virus ကိုရှင်းလင်းမည်ဆိုပါက AntiVirus Software ကိုအသုံးပြုခြင်းဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်ပါသည်။
 
Source: Facebook Group ...

0 comments:

Post a Comment