Monday, 16 December 2013

[ Top Attacks ] Website Hacking

0x:1) – Injection
0x:2) – Broken Authentication and Session Management
0x:3) – Cross-Site Scripting (XSS)
0x:4) – Insecure Direct Object References
0x:5) – Security Misconfiguration
0x:6) – Security Misconfiguration
0x:7) – Insecure Cryptographic Storage – Merged with 0x13
0x:8) – Sensitive Data Exposure
0x:9) – Failure to Restrict URL Access – Broadened into
0x:10) – Missing Function Level Access Control
0x:11) – Cross-Site Request Forgery (CSRF)
0x:12) - Security Misconfiguration
0x:13) – Using Known Vulnerable Components
0x:14) – Unvalidated Redirects and Forwards
0x:15) – Insufficient Transport Layer Protection


Thanks To #India Forum @ Edward Maya

Sunday, 15 December 2013

Samsung Galaxy Grand (Install CWM Recovery & Root Samsung Galaxy Grand )


ဟိုနေ့ က ကျွန်တော့်အကို Samsung Grand ၀ယ်လာတယ် .. စင်္ကာပူ $ 390 ပေးရတယ် .. Android Version 4.1 , မြန်မာဖောင့် include ပါလာတော့ Bagan လေးထည့်ပြီး အဆင်ကိုပြေလို့  :D ဒါမဲ့ ၀ယ်ပြီး ၂ရက်မကြာဘူး ပျက်ရော :omg: :bp: ဘယ်လိုဖြစ်လဲဆိုတော့ App တွေအကုန်ဟမ်းပြီး Touch Screen ကိုထိလို့ မရတော့ဘူး .. .. အထဲမှာတော့ အားလုံးက အလုပ်လုပ်တယ်(ect:ဖုန်းခေါ်ရင် Misscall ၀င်လာတယ် ..)  Screen ဖွင့်ဖို့ အတွက် Switch တောင်လုပ်လို့ မရတော့ဘူး .. ဘထရီ ဖြုတ်ပြီး Power ပြန်ဖွင့်တော့ Boot တောင်မတက်တော့ဘူး .. ဆိုင်သွားမေးတော့ Android System တွေ Crash ဖြစ်ကုန်တာတဲ့  .. သူ့ ဆိုင်အတွင်းခန်းထဲယူပြီး (5မိနစ်တောင်မကြာဘူး) ပြန်ထွက်လာတယ် .. ရသွားပြီတဲ့ ... စမ်းကြည့်တော့ ဟုတ်တယ် .. ရသွားတယ် .. ဒါမဲ့ Screen က ပိတ်ပြီးပြန်ဖွင့်တော့ မရတော့ဘူး .. :blink: ဆိုင်နောက်တခေါက်ထပ်သွားတယ် .. အဲ့လိုဘဲ ဆိုင်အတွင်းခန်းထဲယူပြီး ပြန်ထွက်လာတယ် .. .. ထပ်စမ်းတော့ရသွားပြန်တယ် .. :blink: .. ဆိုင်မှာဘဲ ထိုင်စမ်းတော့ အဆင်ကိုပြေလို့  ... ... ဒါနဲ့ အိမ်ပြန်လမ်းမှာ ထပ်စမ်းတော့မရတော့ဘူး . :ohmy: :bitch: . နဲနဲတော့ ပေါက်လာတယ် .. .. :huh: ဆိုင်ကဘယ်လိုလုပ်လို့  ခဏဘဲရတာလဲပေါ့ :blink: ဒါနဲ့ အိမ်ပြန်ရောက်တော့ ကျွန်တော် လက်ထဲ စရောက်တာဘဲ :hehe: :devlish: ဟီးဟီး ..  Phone ကို ပိတ်ပြီး ပြန်ဖွင့်တော့  Boot မတက်ဘူး .. အဲ့ဒါနဲ့  Googling စလုပ်တော့ CWM Recovery အကြောင်းဖတ်မိတယ် .. .. CWM Recovery လုပ်ရင်း တခါထဲ Root မယ်ပေါ့ .. ပထမ ဦးဆုံး ကိုယ့် ဖုန်း battery ကို 60 % ရှိပါစေ .. .. ဒါဆိုရင် စလို့ ရပါပြီ .. .. လိုအပ်တဲ့ File တွေ အောက်မှာဒေါင်းပါ ။
Download :.:
Download Odin PC and install it 
Download and install Samsung Kies 
Download the Philz Advanced Touch Recovery.tar.md5 file
Download the SuperSu.zip file (for root)

1) အားလုံးပြီးပြီဆိုရင် စလို့ ရပါပြီ .. .. ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ . အဲ့မှာ Volume Down + Home Button + Power Key ဒီ ခလုတ် ၃ခုကို ဖိထားလိုက်ပါ .. Warning ဆိုပြီး တက်လာပါလိမ့်မယ် ... ဒါဆို Volume Up ကိုနိုပ်ပြီး Continue လုပ်လိုက်ပါ ..

ဒါဆို Phone က Downlad mode ဖြစ်နေပါပြီ . . ဒါဆိုရင် Computer နဲ့  Phone ကို cable နဲ့  Join ပြီးရင် ခုနက Install လုပ်ထားတဲ့ ODIN ကိုဖွင့်လိုက်ပါ

2) အကယ်၍ ဖုန်း Join ပြီးသွားရင် ID:COM box ဟာ ဘေးနားမှာ အပြာရောင် သို့ မဟုတ် အ၀ါရောင် ပြပါလိမ့်မယ် .. အဲ့ဒါကတော့ ကိုယ့်ရဲ့ ODIN version ပေါ်မူတည်ပါတယ်
ဒါဆိုရင် PDA tab ကို အမှန်လေးခြစ်ပြီး ခုနက Download လုပ်ထားတဲ့ Philz Advanced Touch Recovery.tar.md5 ကိုထည့်လိုက်ပါ ။

3) Ok . ဒါဆိုရင် Start ကို နိုပ်လိုက်ပါ ။ ID:COM ပေါ်မှာ "PASS" ပေါ်လာတဲ့အထိ စောင့်ပါ . . အားလုံးပြီးသွားရင် Phone Restarts ချသွားပါလိမ့်မယ် . . အဲ့မှာ ကျွန်တော့်အကိုဖုန်းက ပြန်ကောင်းသွားပါပြီ. . သို့ ပေမဲ့ Screen Off ပြီး ပြန်ဖွင့်ရင် မရတော့ပြန်ဘူး .. အဲ့ဒါနဲ့  လုပ်မဲ့လုပ် တခါထဲ Root ပါ ချလိုက်ပါတယ် ... ဒါဆိုရင်  ကိုယ့်ဖုန်းထဲကို SuperSu.zip ကို SD card ထဲထည့်လိုက်ပါဦး .. .. ထည့်ပြီးသွားရင် ဖုန်းကို Restarts ချပြီး logo တက်မလာခင်မှာ Volume Up + Home Button + Power Key ကိုနိုပ်လိုက်ပါ ။  ဒါဆိုရင် ဖုန်းဟာ recovery mode ထဲရောက်သွားပါပြီ ။

4) ဒါဆိုရင် Install Zip>Install Zip from Sdcard ကိုနိုပ်ပြီး ခုနက ကိုယ်ထည့်ထားတဲ့ SuperSu.zip ကိုရှာလိုက်ပါ .. .. တွေ့ ပြီဆိုရင် Supersu.zip ကိုနိုပ်ပြီး yes ကိုသာ ဆက်ရွေးလိုက်ပါ .. ..

5) အားလုံးပြီးသွားရင် Reboot ကိုနိုပ်ပြီး ကြည့်လိုက်ပါ .. ဖုန်း Auto တက်လာပြီး Version ကိုသွားစစ်တော့ 4.2 ဖြစ်သွားပါပြီ ။ နောက်ပြီး ကိုယ့်ဖုန်းမှာ superuser ဆိုတာလေးပေါ်လာပါလိမ့်မယ် .. ROOT ~! အဲ့မှာ ကျွန်တော့်အကိုဖုန်း ပြဿနာ ဖြေရှင်းလို့ ပြီးသွားပါပြီ . .  Thz for Reading !~

Ref : usama (techbeasts.com)