Four as far as I know .
Pass = little
Download ပြီးသွားရင်တော့ Desktop ပေါ်တင်ပြီး Terminal ဖွင့်လိုက်ပါ ။ ပြီးသွားရင် sudo -s လို့ ရိုက်ထည့်ပြီး ကိုယ့် Ubuntu မှာပေးထားတဲ့ Password ရိုက်ထည့်လိုက်ပါ ။ [#sudo ဆိုတာကတော့ Security ပိုင်းဆိုင်ရာအရ Admin Account ( Linux မှာ root account! လို့ ခေါ်ပါတယ် ) ကပဲ software ကို Install လုပ်နိုင်ဖို့ လုပ်ထားတဲ့အတွက် root account! က တဆင့်သွားမယ်လို့ ဆိုထားတာပါ ဒါကြောင့် Password တောင်းပါလိမ့်မယ် ]
ဒါဆိုရင် zawgyi-keyboard-ubuntu.tar.gz ကိုဖြေဖို့ အတွက် cd Desktop လို့ ရိုက်ထည့်လိုက်ပါ ။ ပြီးသွားရင် အောက်က Command အတိုင်းဖြေချပေါ့မယ် ။
tar xzf zawgyi-keyboard-ubuntu.tar.gz 
ဒါဆိုရင် Zawgyi ဆိုတဲ့ Folder လေးတခုပေါ်လာပါလိမ့်မယ် .. ဒါဆိုရင် အဲ့ထဲကို ၀င်ဖို့ အတွက် cd zawgyi လို့ ရိုက်ထည့်လိုက်ပါ။
ပြီးသွားရင် sudo sh install.sh ရိုက်ထည့်ပြီး Install စလုပ်ပေါ့မယ် .. .. 
1 လို့ ရိုက်ထည့်ပေးလိုက်ပါ . Install complete လို့ ပေါ်လာပြီဆိုရင် ကိစ္စ ပြီးပါပြီ ။ Keyboard ဘဲ Change ပေးရုံဘဲရှိတော့တယ် .
KeyBoard ချိန်းဖို့ အတွက် System Settings ထဲဝင်လိုက်ပါ ။ 
ပြီးရင် Keyboard Layout ကိုနိုပ်လိုက်ပါ ။ 
Ok . ဒါဆိုရင် အောက်ဆုံးက အပေါင်းပုံစံလေးကို နိုပ်လိုက်ပြီး Myanmar ကို ရိုက်ထည့်လိုက်ပါ။ 
ပေါ်လာတာက Burmese အဟီးး :D Burmese ကို ရွေးပေးပြီးရင် ဘေးနားက option ကို နိုပ်ပါ။ 
အဲ့မှာ Key(s) To Change Layout ဆိုတဲ့ tab လေးကို ဖြည်ချလိုက်ပြီး Alt+Shift ဆိုတာလေး ရွေးပေးလိုက်ပါ ။ (ဒီသဘောက font ပြောင်းရင်ဘယ်ခလုတ်နဲ့ပြောင်းမလဲဆိုတာကိုပြောတာပါ။ ကြိုက်တာရွေးလို့ရပါတယ်။) ။ 
ဒါဆိုရင်  မြန်မာ လိုရေးလို့ ရပါပြီ ။ ဟုတ်မဟုတ် စမ်းရေးကြည့်ရအောင် ။ 
#Have Fun Lady :P